ပုဂ္ဂိုလ်လေးမျိုး
သာသနာပြုမည့် ဆရာဒကာတို့ မုချသိသင့်သော ပုဂ္ဂိုလ်လေးမျိုး
ရှိသေး၏၊ (၁)ပေးသာ ပေးကောင်း မတောင်းကောင်း,
(၂)တောင်းသာ
တောင်ကောင်း မပေးကောင်း,
(၃)ပေးလည်းပေးကောင်း
တောင်းလည်းတောင်းကောင်း,
(၄)ပေးလည်းမပေးကောင်း
တောင်းလည်းမတောင်းကောင်း
ဤသို့
ဆရာ ဒကာ နှစ်ဖက်လုံး သတိထားရမည့် ဒကာ ဒကာမအမျိုးအစား လေးမျိုးရှိသည်၊ ထိုလေးမျိုးတွင်...
ပေးသာပေးကောင်း အတောင်းကောင်း
ရဟန်းများက ထမင်း ဆေး စသည်ကို ပေးသာပေးကောင်း၍, သူတို့ အထံမတောင်းကောင်းသော ဒကာ ဒကာမတစ်မျိုးရှိ၏၊
ထိုသူ မျိုးကား-ဖုန်းတောင်း ယာစကာ အဖြစ်ဖြင့် တောင်းရမ်းလာသူ, ရှင်လောင်း, မိမိအခိုင်းအစေ
ကျောင်းသား , ဧည့်သည် အာဂန္တုအဖြစ်ဖြင့် စားနပ်ရိက္ခာမပါဘဲ ကျောင်းသို့ ခေတ္တရောက်လာသူ,
ဓားပြ သူပုန်နှင့် အစိုးရတို့တည်း၊ သူတို့အား ကျောင်းရောက်လာသောအခါ မိမိပိုင် ဆွမ်း
စသည်ကို ပေးကောင်း၏၊ မကျန်းမာလျှင် ဆေးပေးကောင်း၏၊ သူပုန် ဓားပြတို့မှာ ဘေးအန္တရာယ်
ပြုတတ်သောကြောင့် သံဃာပိုင် ပစ္စည်းကိုပင် ပေးကောင်း၏၊
ထိုသို့ပေးရာ၌ “ငါကပေးလျှင် သူကပစ္စည်း လှူလိမ့်မည်”
ဟူသော မျှော်လင့်ချက်ကား မရှိစေရ၊ ထိုသူတို့ထံ၌ သူတို့ ပိုင်ပစ္စည်းကို (အယုတ်သဖြင့်
ရေကိုမျှ) မတောင်းကောင်းပါ၊ ဤစကားကို ကြည့်၍ အရပ်ထဲမှ ခေတ္တမျှ ကျောင်းလာသူအား ဆွမ်းစသည်ကို
မပေးကောင်း၊ လူတစ်ချို့က ကျောင်းမှာရှိသော သစ်သီး ပန်း စသည်ကို လာ၍ တောင်းတတ်၏၊ လူမမာအတွက်
ဓာတ်စာဖြစ်လျှင်သာ အနည်းငယ် ပေးကောင်း၏၊ ဓာတ်စာမဟုတ်လျှင် မပေးကောင်း၊ မပေးလျှင် ကျောင်းကို
ရန်ရှာမည့်သူကိုကား ခိုးသား ဓားပြလို သဘောထား ၍ ပေးရပေလိမ့်မည်။ [တတိယပါရာဇိကနှင့် ကုလဒူသန သိက္ခာပုဒ် များ၏
အဋ္ဌကထာကို မှီ၍ ရေးသားသည်။]