တတိယတန်း
ဗုဒ္ဓရတနာ ဖတ်စာ
ဆရာ။ ။ ကလေးများ…ဆရာတို့ရော ကလေးများပါး
ကိုးကွယ်ရာဖြစ်တော်မူသော ဗုဒ္ဓမြတ်စွာ အဖြစ်တော်စဉ် အကျဉ်းချုပ်ကို
သူငယ်တန်းတုန်းကပင် ပြောပြခဲ့ပြီ၊
ခပ်ကျယ်ကျယ် အဖြစ်တော်စဉ်ကို စတုတ္ထတန်းကျမှ ပြဦးမည်၊ ယခုအခါ ထိုဗုဒ္ဓမြတ်စွာ၏
ဂုဏ်တော်များကို ဖတ်စာလုပ်ပြီးဖတ်ကြရအောင်၊ အရကျက်ထားတဲ့ အရဟံ ဂုဏ်တော်အနက်ကို
ရွတ်ကြစမ်းကွဲ့။
တပည့်များ။ ။ သံပြိုင် ညီညီ, ဘုရားဘက်သို့ လက်အုပ်ချီ၍
ခပ်ဖြည်းဖြည်းရွတ်။
ဆရာ။ ။ ကိုင်း, အဲဒီဂုဏ်တော်အနက်ကို တစ်ခါတည်း
နားလည်းအောင် ဖတ်စာဖတ်ကြကွဲ့၊ [အသံပြတ်သားသော ကလေးများကို တစ်လှည့်စီ အဖတ်ခိုင်း၊
အများက စာအုပ်ကြည့်ပြီးလိုက်နေပါစေ၊ အရဟံဂုဏ်တော်အနက်ကို ကျက်သောနေ့၌
အရဟံဂုဏ်တော်ဖတ်စာကို ဖတ်စေခြင်းသည် သဘာဝကျ၏]
(၁)
အရဟံဂုဏ်တော်
(က)
များစွာသော လူတို့်၏ စိတ်သည် မစင်ကြယ်ပါ၊ ဖြူစင်သောပုဝါကလေး၌ အမည်းကွက်၊ အပြာကွက်၊
အစိမ်းကွက်၊ အနီကွက်များ ထင်နေသကဲ့သို့ လူတို့၏ စိတ်မှာလည်း မစင်ကြယ်သော
အကွက်ကလေးတွေ အမျိုးမျိုးထင်နေတတ်ပါသည်။



