Showing posts with label မှတ်စုမှတ်ရာ. Show all posts
Showing posts with label မှတ်စုမှတ်ရာ. Show all posts
Saturday, January 5, 2013
ကြည့်ခြင်းကြီး ၈-ပါး
(၁) ကာလံ ၀ိလောကေတိ=တက်ကပ် ဆုတ်ကပ်ကာလနှစ်ပါးတို့တွင် 
                                   သက်တမ်းဆုတ်ကပ်ကာလကိုကြည့်ခြင်း၊
(၂) ဒီပံ ၀ိလောကေတိ =ကျွန်းလေးကျွန်းအနက် တောင်ကျွန်းကိုကြည့်တော်မူခြင်း၊
(၃) ဒေသံ ၀ိလောကေတိ= တောင်ကျွန်း၏အလယ်ဗဟိုအချက်အချာ
                                   ဗောဓိပင်ပေါက်ရာ အရပ်ကို ကြည့်တော်မူခြင်း၊
(၄) ကုလံ ၀ိလောကေတိ=အမျိုးလေးပါးတို့တွင် ဗြာဟ္မဏမျိုးနှင့် မင်းမျိုးကိုသာကြည့်တော်မူခြင်း၊ 
(၅) ဇနေတ္တိံ ၀ိလောကေတိ- မိခင်အသက်အပိုင်းကိုကြည့်၏၊
(၇) မာသံ ၀ိလောကေတိ- သန္ဓေယူမည့်လကိုကြည့်၏၊
(၈) နေက္ခမံ ၀ိလောကေတိ- တောထွက်အံ့ကို ကြည့်၏။ (သရုပ်ပြအဘိဓာန်မှ)
♣♣ မိလိန္ဒပဉှာ ၁၉၂-မှာလည်း ရှုနိုင်ပါသည်။
Friday, June 15, 2012
သပြေကန်ဆရာတော် သြ၀ါဒ
တရားမသိသူ၌
ဂါရ၀မှုကို အောက်ကျသည်ဟု
အထင်အမြင်မှားသော်လည်း
ဂါရ၀သည် အလွန်မွန်မြတ်သော တရားတစ်ခုဖြစ်၏။
တရားပိုသိလေ ဂါရ၀တရား ပိုရှိလေလေ ဖြစ်သည်။ (သပြေကန်ဆရာတော်)
ယခုဘ၀အထက်တန်းကျကျ နေရခြင်းသည်
ရှေးဘ၀ ဂါရ၀၏ ကျေးဇူးပင် ဖြစ်သည်။
******************************************************
အချို့က ဒါနကို သံသရာရှည်စေတတ်သော တရားဟု
ကြောက်လန့်ဖွယ်အဖြစ် ဆိုကြ၏။
တဏှာသည်သာ သံသရာရှည်ကြောင်း ဖြစ်၏။
နည်းမှန်လမ်းမှန် ပြုသော ဒါနမှာ
တဏှာကို ပယ်နိုင်ကြောင်း ဖြစ်၏။ (သပြေကန်ဆရာတော်)
ကြိုးစားမှု
ဘုရားဖြစ်အောင်
၁။ သဗ္ဗသမ္ဘာရဘာဝနာ = ပါရမီ(၁၀)ပါးလုံး အပြည့်အစုံ ဖြည့်ကျင့်ရတယ်။
၂။ နိရန္တရဘာဝနာ = အခြားမရှိဘဲ ဘ၀တိုင်းဖြည့်ကျင့်ရတယ်။
၃။ စိရကာလဘာဝနာ = လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလကြာအောင် ဖြည့်ကျင့်ရတယ်။
၎။ သက္ကစ္စဘာဝနာ = ရိုရိုသေသေ၊ မြတ်မြတ်နိုးနိုး လေးလေးစားစား ဖြည့်ကျင့်ရတယ်။ (စရိယာ.ဌ၊ ၁၅၉)
***အချိန်***
ငွေကို တန်ဖိုးထားတဲ့ ပုဂ္ဂိုလ်အတွက် အချိန်ဟာ ငွေ။
ရွှေကို တန်ဖိုးထားတဲ့ ပုဂ္ဂိုလ်အတွက် အချိန်ဟာ ရွှေ။
ပညာကို တန်ဖိုးထားတဲ့ ပုဂ္ဂိုလ်အတွက် အချိန်ဟာ ပညာ။
တရားကို တန်ဖိုးထားတဲ့ ပုဂ္ဂိုလ်အတွက် အချိန်ဟာ တရား။
ဘ၀ကို တန်ဖိုးထားတဲ့ ပုဂ္ဂိုလ်အတွက် အချိန်ဟာ ဘ၀ပဲနော်...။ (ဘုံကျော်အရှင်ဓမ္မ၀ိလာသ)
ထူးခြားချင်ရင်
နာစိန္တယန္တော ပုရိသော၊ ၀ိသေသမဓိဂစ္ဆတိ။
ဝိသေသ ပဋိလာဘာယ၊ စိန္တယ တွံ ပရမ္ပရာ။
ကြံစည်တွေးတောမှု မရှိတဲ့သူ၊
ရည်ရွယ်ချက်၊ ဦးတည်ချက် မရှိတဲ့သူဟာ
ထူးထူးခြားခြား အောင်မြင်မှုမရနိုင်ဘူး။
ထူးထူးခြားခြား အောင်မြင်မှု ရချင်ရင်
အခါခါ အထပ်ထပ် ကြံစည်ရမယ်
ရည်ရွယ်ချက် ဦးတည်ချက် ထားရမယ်။
ပါရမီဆယ်ပါး ဘုရားဟော မဟော
“သမ္မာသမ္ဗောဓိဆုပန်သော ပုဂ္ဂိုလ်သည် ဗုဒ္ဓဖြစ်ရန် ဘ၀ပေါင်းများစွာ ပါရမီဆည်းပူးရ၏။ ပါရမီဟူသော ပုဒ်ကို နိကာယ်လေးကျမ်း၌ အလျဉ်းမတွေ့ရချေ။ ဗုဒ္ဓတရားများကို ဂဏန်း အရေအတွက်နှင့် ခွဲခြား၍ စုံလင်စွာပြသော ဒီဃနိကာယ် ဒသုတ္တရသုတ်နှင့် သင်္ဂီတိသုတ်များ၌ပင် လုံးဝ ပြမထားချေ။ ဇာတကဂါထာ၌လည်း မတွေ့ရဘဲ ပိဋကတ်ထဲ၌ အလွန်နောက်ကျမှ ၀င်လာသော ဇာတကအဋ္ဌကထာ ဗုဒ္ဓ၀ံသနှင့် စရိယာပိဋကတ်ကျမ်းများ၌သာ တွေ့ရ၏။
သို့ဖြစ်၍ ပါရမီတရားသည် ဗုဒ္ဓဟောသောတရား မဟုတ်ဘဲ ဗုဒ္ဓကို အရိယာပုဂ္ဂိုလ်များနှင့် ခွဲခြားရန် နောက်မှ ပိဋကတ်ထဲသို့ ၀င်လာသော တရားဖြစ်တန်ရာ၏။
ရှေးသက္ကဋပိဋကတ်၌ ဒါန၊ သီလ၊ ခန္တီ၊ ၀ီရိယ၊ ပညာ၊ ဈာန-ဟူ၍ ပါရမီအပြား ၆ ပါးလာ၏။ ထေရ၀ါဒီတို့ကမူ ဈာနပါရမီကို ဖြုတ်၍ နိက္ခမ၊ သစ္စာ၊ အဓိဋ္ဌာန၊ မေတ္တာနှင့် ဥပေက္ခာကို ဖြည့်စွက်ကာ ပါရမီ ၁၀-ပါး ပြုလုပ်ထားလေ၏။”
အထက်ပါကောက်နှုတ်ချက်သည် ဦးအေးမောင် (စာပေဗိမာန်) ၏ “ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ” ကျမ်းစာအုပ်မှ ဖြစ်၏။ ပါရမီ-ဟူသော ဝေါဟာရနှင့် ရင်းနှီးကျွမ်းဝင်နေကြပြီးဖြစ်ကုန်သော ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အဖို့ကား အထက်ပါမှတ်ချက်သည် အံ့သြစရာ ထိတ်လန့်စရာကြီးဖြစ်၏။
“ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ” ကျမ်းပြုဆရာက ပါရမီ-ဟူသောပုဒ် ပါရှိသော ပါဠိတော်စာရင်းကို စရိယာပိဋကနှင့် ဗုဒ္ဓ၀ံသ-ဟု နှစ်ကျမ်းသာ ထုတ်ပြ၏။ ထိုကျမ်းများသည် ပိဋကတ်ထဲ နောက်ကျမှ ရောက်လာသော ကျမ်းများဖြစ်သောကြောင့် ပါရမီတရားသည် မူလက ဗုဒ္ဓဟောကြားသော တရား မဖြစ်နိုင်ဘဲ နောက်ကျမှ ဗုဒ္ဓကို ကျန်အရိယာပုဂ္ဂိုလ်များနှင့် ခွဲခြားရန် ပိဋကတ်ထဲသို့ ၀င်လာသော တရားများဖြစ်ရမည်-ဟု ကောက်ချက်ချထား၏။
Friday, June 8, 2012
အဋ္ဌကထာအကြောင်းသိကောင်းစရာများ
                အကြောင်းတိုက်ဆိုင်၍ ဘာသာရေးအကြောင်းပြောကြရာတွင် " အဋ္ဌကထာ "
က ဒီလိုဖွင့်ပြတယ် ၊ " အဋ္ဌကထာ " က ဒီလိုဆိုတယ် စသည်အားဖြင့် ရှင်းပြ ပြောဆိုမိတဲ့အခါမှာ လူငယ်
အများစုမှာ " အဋ္ဌကထာ " ဆိုတာ ဘာကိုပြောမှန်း သိနားလည်ကြခြင်း မရှိကြသည်ကို တွေ့ရှိရပါသည် ။
ထို့ကြောင့် " အဋ္ဌကထာ " ဆိုသည်မှာ အဘယ်နည်းဟု သိချင်သူများအတွက်ဤနေရာမှ ဖော်ပြလိုက်ရပါ
သည် ။
             မြတ်စွာဘုရား ဟောကြားတော်မူသော ပါဠိတော်တွင် အရိပ်အမြွက်မျှ ဖော်ပြထားသဖြင့် အနက်
အဓိပ္ပာယ် အသိခက် ကွယ်ဝှက် တိမ်မြုပ်နေသည်ကို သိလွယ်မြင်လွယ်ရန် အနက်အဓိပ္ပာယ်ပေါ်လွင်အောင်
ဖော်ပြသော စကားကို " အဋ္ဌကထာ " ဟု ခေါ်သည် ။
        ပဋ္ဌာန်းပါဠိတော်တွင် " ယံ ရူပံ နိဿယ မနောဓာတု စ မနောဝိညာဏဓာတု စ ၀တ္တန္တိ " တွင် " ယံ ရူပံ "
ဟု သာမန်မျှသာ ဖော်ပြထားသည်ကို အဋ္ဌကထာဆရာက " အကြင် ဟဒယ ၀တ္ထုရုပ် " ဟု ဖွင့်ပြသည် ။
             ပါဠိတော်လာ လောက၀ိဒူဂုဏ်တော်တွင် ပါဝင်သော လောကကို အဋ္ဌကထာဆရာက သတ္တလောက
သြကာသလောက ၊ သင်္ခါရလောက ဟူ၍ သုံးမျိုးစလုံးကို ယူရမည်ဟု ဖွင့်ပြသည် ။ ဤသို့ လောကသုံးပါးကို
ယူရမည်ဟု ဖွင့်ပြသော အဋ္ဌကထာဆရာသည် သတ္တလောကဖြစ်သော သက်ရှိသတ္တ၀ါတို့၏ နေထိုင်ရာ
သြကာသလောကဆိုင်ရာ ကမ္ဘာကြီးနှင့်တကွ ၄င်းကမ္ဘာကြီး ဖြစ်ပုံ ၊ ပျက်ပုံ ၊ တည်ပုံ ၊ ရာသီဥတု ၊ နေ , လ ၊
နက္ခတ် ဆိုင်ရာများကိုလည်း ဆက်လက် ဖွင့်ပြရပြန်သည် ။
               မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ဟောကြားတော်မူသော ဓမ္မပဒ ကို ပါဠိတော် ဟုခေါ်သည် ။
ဂါထာသက်သက်ဖြင့် ဟောကြားထားတော်မူခဲ့ခြင်း ဖြစ်သည် ။ ယင်း ဓမ္မပဒပါဠိတော် ဂါထာတစ်ပုဒ်ကို ယူ
ပြီး အဋ္ဌကထာဆရာက " ဇောတိကမထေရ် " စသဖြင့် ၀တ္ထုများကို ရေးသားတော် မူခဲ့ခြင်း ဖြစ်သည် ။
ဤသို့ ရေးသားရာတွင် " ဇောတိကမထေရ် " ၏ ပစ္စုပ္ပန်အကြောင်းအရာ အတ္ထုပတ္တိကိုရော ၊အတိတ်
အကြောင်းအရာ အတ္ထုပတ္တိ ကိုပါ ဖော်ပြ ရေးသားခဲ့ရသည် ။
                    အဋ္ဌကထာ ကား အိန္ဒိယတွင် သင်္ဂါယနာသုံးတန်တင်ခဲ့သော အဋ္ဌကထာ သာသနာသက္ကရာဇ်
( ၂၃၅ )  တတိယသင်္ဂါယနာတင်ပြီးနောက် ကိုးတိုင်း ၊ ကိုးဌာနသို့ သာသနာပြုရဟန်းတော်များကို စေလွှတ်
၍ သီဟိုဠ်သို့ သာသနာရောက်ရှိပြီးနောက်ပိုင်း တွင် ဖြစ်ပေါ်လာသော သီဟိုဠ်အဋ္ဌကထာ နှင့် သာသနာ
သက္ကရာဇ် ( ၉၀၀ ) နှင့် ( ၁၀၀၀ ) အတွင်း ရှင်မဟာဗုဒ္ဓဃောသ စသော မထေရ်မြတ်တို့ ပြုစုခဲ့သော
အဋ္ဌကထာသစ်များ ဟူ၍ ရှိသည် ။
                တတိယသင်္ဂါယနာ တင်ချိန်တွင် ထေရ၀ါဒ ဗုဒ္ဓသာသနာကို အမြစ်ပါလှန်ရန် ပူးသတ်နေကြသော
အယူဝါဒအများအပြား ပေါ်နေပြီဖြစ်သည် ။ နောက်ပိုင်းတွင် ထေရ၀ါဒသာသနာ အိန္ဒိယမှ ပျောက်ကွယ်ခဲ့ရ
သည်အထိ ဖြစ်ခဲ့ရသည် ။ အထူးသဖြင့် ဗြဟ္မဏ နှင့် မဟာယာန တို့၏ သက္ကတစာပေသာ နောက်ပိုင်းတွင်
ပြန့်ပွားထွန်းကားလျက် ရှိကြသည် ။ ဗြဟ္မဏ နှင့် မဟာယာန တို့၏ သက္ကတစာပေလာ အဆိုများမှာ အမွှမ်း
တင်မှု လွန်ကဲသော အကြောင်းအရာ အများအပြားပါဝင်သော စာပေ ဖြစ်သည် ။ သီဟိုဠ်ကျွန်းသို့ သာသနာ
ရောက်ပြီးနောက် ထေရ၀ါဒ နှင့်အပြိုင် မဟာယာနဂိုဏ်းများလည်း အစုအဖွဲ့ကြီးမားစွာ ရှိခဲ့သည်ကို
အားလုံး အသိပင် ဖြစ်သည် ။ ထို့ကြောင့် သီဟိုဠ်ကျွန်းဖြစ် အဋ္ဌကထာများတွင် ယင်း မဟာယာန တို့၏ လွန်
ကဲသော အဆိုအမိန့်များ အရိပ်အငွေ့ကင်းနိုင်မည် မဟုတ်ဟု ယူဆနိုင်သည် ။
                သာသနာသက္ကရာဇ် ၉၀၀ - ၁၀၀၀ အကြား အေဒီ - ၅ - ရာစုအတွင်း သီဟိုဠ်ကျွန်းသို့ ရောက်ရှိလာ
သော ရှင်မဟာဗုဒ္ဓဃောသ ၊ ရှင်ဗုဒ္ဓတ္ထ စသော အဋ္ဌကထာသစ်ကျမ်းပြု အရှင်မြတ်များသည် သီဟိုဠ်တွင်
ရှိရင်း အဋ္ဌကထာများကိုပင် အခြေခံ၍ အဋ္ဌကထာသစ်များကို ပြုစုတော်မူခဲ့ရသဖြင့် ယင်းအဋ္ဌကထာသစ်
များတွင် ယင်းမဟာယာန တို့၏ လွန်ကဲသော အမွှမ်းတင် အဆိုအမိန့် အရိပ်အငွေ့များလည်း ပါဝင်လာရ
ခြင်း ဖြစ်သည် ဟု ယူဆနိုင်ပြန်သည် ။ ယနေ့ ရဟန်းတော်များ ၊ ဗုဒ္ဓဘာသာဝင်များ အသုံးပြု ကိုးကား နေ
ကြသော အဋ္ဌကထာများမှာ အဋ္ဌကထာသစ်များသာ ဖြစ်ပါသည် ။ ဋီကာ များကား အလွန်နောက်ကျမှ
ပေါ်လာသော ကျမ်းများ ဖြစ်ကြသည် ။
အဋ္ဌကထာသစ်များ
သီဟိုဠ်ကျွန်းတွင်  --
၁ ။ မဟာဝိဟာရ၀ါသီ        ( ထေရ၀ါဒ )
၂ ။ အဘယဂီရိဝါသီ           ( မဟာယာန )
၃ ။ ဇေတ၀န၀ါသီ               ( ဟီနယာန )      ဟူ၍ ဂိုဏ်းကြီးသုံးဂိုဏ်း ကွဲပြားတည်ရှိနေချိန်တွင် သာသနာနှစ်
၉၇၆ ၊ အေဒီ - ၄၄၂ တွင် သီဟိုဠ်သို့ ရောက်ရှိလာသော တရုတ်ရဟန်းတော်အရှင်ဖာဟိယန် သည်
အဘယဂီရိဝါသီဂိုဏ်းသို့ကြွ၍ မဟာယာန စာပေများကို ကူးယူပြီး တရုတ်ပြည်သို့ သယ်ဆောင်သွားသကဲ့သို့
သာသနာသက္ကရာဇ် - ၉၆၅ - အေဒီ - ၄၂၁ တရုတ်ရဟန်းတော်ဖာဟိယန် ထက် ( ၁၁ ) နှစ် စော၍ သီဟိုဠ်သို့
ရောက်ရှိတော်မူလာသော အရှင်မဟာဗုဒ္ဓဃောသ မထေရ်မြတ်သည် မဟာဝိဟာရ၀ါသီဂိုဏ်းသို့ ကြွ၍
ထေရ၀ါဒဗုဒ္ဓစာပေများကို ကူးယူပြီး မြန်မာနိုင်ငံသို့ သယ်ဆောင်တော်မူခဲ့သည် ။
              ရှင်မဟာဗုဒ္ဓဃောသမထေရ်မြတ်သည် သီဟိုဠ်သို့ ရောက်ရှိတော်မူပြီးနောက် ရှေးဦးစွာ သီဟိုဠ်
ဘာသာကို သင်ယူတော်မူခဲ့သည် ။ ၄င်းနောက် သီဟိုဠ်ဘာသာဖြင့် ရှိနေသော ပိဋကစာပေများကို မာဂဓ
ဘာသာဖြင့် ပြန်ဆို ကူးရေးတော်မူသည် ။ သီဟိုဠ်သို့ သာသနာပြု ရှင်မဟိန္ဒမထေရ်မြတ်တို့ သယ်ဆောင်၍
သင်ကြားပို့ချခဲ့သော ပိဋကတ်တော်များ ၊  စတုတ္ထသင်္ဂါယနာတင်ခဲ့သော ပိဋကတ်တော်များ သည် မာဂဓ
ဘာသာဖြင့် မှတ်တမ်းပြုစုတည်ရှိခဲ့သော်လည်း နောက်ပိုင်း ဓမ္မကထိကရဟန်းတစ်ပါးက သီဟိုဠ်ဘာသာသို့
ပြောင်းလဲပြန်ဆိုခဲ့သဖြင့် ရှင်မဟာဗုဒ္ဓဃောသသီဟိုဠ်ရောက်ချိန်တွင်ပိဋကတ်တော်များမှာ သီဟိုဠ်ဘာသာ
ဖြင့် ရှိနေခဲ့သည် ။
               ထို့ကြောင့် ရှင်မဟာဗုဒ္ဓဃောသ သည် ရှေးဦးစွာ သီဟိုဠ်ဘာသာကို သင်ယူပြီး ပါဠိတော်နည်းဖြင့်
ပြန်လည်ကူးရေးတော်မူခဲ့သည် ။ ပါဠိတော်နည်း ဟူသည် မာဂဓဘာသာ ဖြစ်ကြောင်း သာရတ္ထကျမ်းတွင်
ဖော်ပြထားသည် ။ သီဟိုဠ်အဋ္ဌကထာကြီးများကို အခြေခံ၍ အဋ္ဌကထာသစ်များကိုလည်း ရေးသားတော်မူ
ခဲ့သည် ။
ရှင်မဟာဗုဒ္ဓဃောသ ရေးသားတော်မူသော အဋ္ဌကထာသစ်များတွင် သီဟိုဠ်အဋ္ဌကထာပါ အဆို
အမိန့်များ အကျုံးဝင်ပြီးဖြစ်၍ သီဟိုဠ်အဋ္ဌကထာများကို ပြန်လည်ကြည့်ရှုရန် မလိုတော့သဖြင့်
ရှင်မဟာဗုဒ္ဓ
ဃောသ ၏ အဋ္ဌကထာသစ်များဖြင့် ပါဠိတော်အဖွင့်များ ပြီးပြည့်စုံပြီး ဖြစ်သည် ။
ရှင်မဟာဗုဒ္ဓဃောသ အဋ္ဌကထာသစ်များမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်သည် ။ -
ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ                     =  နိကာယ်လေးရပ် သုတ္တန္တပိဋက အဖွင့်
သမန္တပါသာဒိကာ အဋ္ဌကထာ      = ၀ိနည်း ငါးကျမ်းအဖွင့်
သုမင်္ဂလ၀ိလာသိနီ အဋ္ဌကထာ     = ဒီဃနိကာယ် ပါဠိတော် သုံးကျမ်းအဖွင့်
ပပဉ္စသူဒနီ အဋ္ဌကထာ                  = မဇ္ဈိမနိကာယ် ပါဠိတော် သုံးကျမ်းအဖွင့် သာရတ္ထပကာသနီ အဋ္ဌကထာ      = သံယုတ္တနိကာယ် ပါဠိတော် ငါးကျမ်းအဖွင့် မနောရထပူရဏီ အဋ္ဌကထာ        = အင်္ဂုတ္တရနိကာယ် ပါဠိတော် ( ၁၁ ) ကျမ်း အဖွင့် အဌသာလိနီ အဋ္ဌကထာ                = အဘိဓမ္မာ ဓမ္မသင်္ဂဏီ ပါဠိတော် အဖွင့် သမ္မောဟ၀ိနောဒနီ အဋ္ဌကထာ     = အဘိဓမ္မာဝိဘင်း ပါဠိတော် အဖွင့် ပဉ္စပကာရဏ အဋ္ဌကထာ            = ကျန်အဘိဓမ္မာ ငါးကျမ်း အဖွင့် ၁၀ ကင်္ခါဝိတရဏီ အဋ္ဌကထာ            = ၀ိနယ ပိဋက ဒွေမာတိကာ အဖွင့် ၁၁ ဓမ္မပဒ အဋ္ဌကထာ                        = ခုဒ္ဒကနိကာယ် ဓမ္မပဒပါဠိတော် အဖွင့် ၁၂ ပရမတ္ထဇောတိကာ အဋ္ဌကထာ   = ခုဒ္ဒကပါဌ နှင့် သုတ္တနိပါတ် ပါဠိတော် အဖွင့်
၁၃
ဇာတက အဋ္ဌကထာ                     = ငါးရာငါးဆယ် ဇာတ်နိပါတ် အဖွင့်
               ကျမ်းအရေအတွက်အားဖြင့် ( ၆၇ ) ကျမ်းရှိပြီး ဆဋ္ဌသင်္ဂါယနာတင်မူ စာအုပ်အရေအတွက်အား
ဖြင့် ( ၃၇ ) အုပ် ရှိကြသည် ။ အခြားအဆိုတစ်ရပ်မှာ ပိဋကတ်သမိုင်းလာ အဋ္ဌကထာ ( ၈၅ ) ကျမ်း ရှိသည့်
အနက် --
               ဒီဃနိကာယ် အဋ္ဌကထာ ( ၃ ) ၊ မဇ္ဈိမနိကာယ် အဋ္ဌကထာ ( ၃ ) ၊ သံယုတ္တနိကာယ် အဋ္ဌကထာ ( ၅ ) ၊
အင်္ဂုတ္တရနိကာယ် အဋ္ဌကထာ ( ၁၁ ) ၊ ခုဒ္ဒကနိကာယ် အပါအ၀င် ဇာတ် အဋ္ဌကထာ ( ၃၁ ) ၊ အဘိဓမ္မ အဋ္ဌက-
ထာ ( ၇ ) ၊ ၀ိနည်း အဋ္ဌကထာ ( ၅ ) ကျမ်းနှင့် ခုဒ္ဒကပါဋ္ဌ ၊ ဓမ္မပဒ ၊ သုတ္တနိပါတ် ၊ ကင်္ခါဝိတရဏီ ၊ ၀ိသုဒ္ဓီမဂ်
အဋ္ဌကထာ ဟူ၍ အဋ္ဌကထာကျမ်းပေါင်း ( ၇၁ ) ကျမ်းကို ရှင်မဟာဗုဒ္ဓဃောသ စီရင်တော်မူခဲ့သည်ဟုဆို
သည် ။
             ထိုအချိန်က အဋ္ဌကထာကျမ်းသစ်များကို စီရင်တော်မူသော အရှင်မြတ်များမှာ ရှင်မဟာဗုဒ္ဓဃောသ
တစ်ပါးတည်း မဟုတ်ချေ ။ရှင်မဟာဗုဒ္ဓဃောသနှင့်ခေတ်ပြိုင် ရှင်ဗုဒ္ဓတ္ထမထေရ်မြတ်လည်း အဋ္ဌကထာကျမ်း
သစ် အနည်းအကျဉ်းကို စီရင်တော်မူခဲ့ပါသေးသည် ။ ရှင်ဗုဒ္ဓတ္ထ စီရင်တော်မူခဲ့သော အဋ္ဌကထာကျမ်းများ
မှာ အောက်ပါအတိုင်း ဖြစ်သည် ။ --
မဓုရတ္ထ၀ိလာသိနီ အဋ္ဌကထာ            = ဗုဒ္ဓ၀င် ပါဠိတော် အဖွင့် ၀ိနယ၀ိနိစ္ဆယ အဋ္ဌကထာ                   = ၀ိနည်းဆိုင်ရာ အဆုံးအဖြတ် အဖွင့် ဥတ္တရ၀ိနိစ္ဆယ အဋ္ဌကထာ                  = ၀ိနည်းဆိုင်ရာ အဆုံးအဖြတ် အဖွင့် အဘိဓမ္မာဝတာရ အဋ္ဌကထာ             = အဘိဓမ္မာ ခုနှစ်ကျမ်း အကျဉ်း
ရူပါရူပ၀ိဘာဂ အဋ္ဌကထာ                 = ရုပ်နာမ်နှစ်ပါးကို ဝေဖန်ပြသောကျမ်း
              ကျမ်းအားဖြင့် ( ၁ ) ကျမ်း ၊ အုပ်ရေ ( ၁ ) အုပ် ဖြစ်သည် ။ အခြားအဆိုတစ်ရပ်ကမူ ဤအရှင်သည်
ခုဒ္ဒကနိကာယ် အပါအ၀င် ဗုဒ္ဓ၀င်အဋ္ဌကထာ နှင့် သာရတ္ထသင်္ဂဟအဋ္ဌကထာ တို့ကို စီရင်တော်မူခဲ့သည်ဟု
ဆိုသည် ။
               အဋ္ဌကထာသစ်ကျမ်းပြု ခေတ်ပြိုင်သော အရှင်နှစ်ပါး အပြင် ၄င်း အရှင်များနောက်မှ ပေါ်ပေါက်
လာသောအဋ္ဌကထာသစ်ကျမ်းပြုအရှင်မှာ ရှင်ဓမ္မပါလမထေရ်မြတ် ဖြစ်သည် ။ ဤအရှင်ပြုစုတော်မူခဲ့သော
အဋ္ဌကထာသစ်မှာ --
၁ ။ ဥဒါန
၂ ။ က္ကတိဝုတ္တံက
၃ ။ ၀ိမာန၀တ္ထု
၎ ။ ပေတ၀တ္ထု
၅ ။ ထေရဂါထာ
၆ ။ ထေရီဂါထာ
၇ ။ စရိယာပိဋက
၈ ။ နေတ္တိပါဠိတော်      အဖွင့် အဋ္ဌကထာများ ဖြစ်သည် ။
အုပ် ရှိသည် ။
            အခြားအရှင်မြတ်များ ပြုစုတော်မူခဲ့သော အခြား အဋ္ဌကထာသစ်များလည်း ရှိသေးသည် ။ ၄င်းတို့
မှာ အောက်ပါအတိုင်း ဖြစ်သည် ။
သဒ္ဓမ္မပကာသနီ အဋ္ဌကထာ  = ပဋိသမ္ဘိဒါမဂ်ပါဠိတော် အဖွင့် ။ အရှင်မဟာနာမ ခေါ် အရှင်မဟာဘိဓာန
                                                   စီရင်တော်မူသည် ။ ကျမ်း ( ၁ ) ၊ အုပ်ရေ ( ၂ ) အုပ် ဖြစ်သည် ။
သဒ္ဓမ္မပဇ္ဇောတ အဋ္ဌကထာ      = စူဠနိဒ္ဒေသ မဟာနိဒ္ဒေသ ပါဠိတော် အဖွင့် ။ အရှင်ဥပသေန ပြုစု စီရင်
                                                     တော်မူသည် ။ ကျမ်း ( ၂ ) ၊ အုပ်ရေ ( ၁ ) မပြည့် ။
ဝိသုဒ္ဒဇန၀ိလာသိနီ အဋ္ဌကထာ  = အပါဒါန် ပါဠိတော် အဖွင့် ။ ကျမ်းပြုအရှင် မထင်ရှား ၊ အချို့က
                                                        အဘိဓမ္မာ မူလဋီကာ ကျမ်းပြု အရှင်အာနန္ဒာမထေရ် ၏ တပည့် ပြုစု
                                                        စီရင်တော်မူသည်ဟု ဆိုသည် ။ ကျမ်း ( ၁ ) ၊ အုပ်ရေ ( ၂ ) အုပ် ဖြစ်
                                                        သည် ။
              စုစုပေါင်း အဋ္ဌကထာကျမ်း အရေအတွက် ( ၈၀ ) ဖြစ်ပြီး ဆဋ္ဌမူ အုပ်ရေ ( ၅၁ ) အုပ် ရှိသည် ။
သာသနာနှစ် ၁၅ - ရာစုတွင် သီဟိုဠ်တုမူလသောမကျောင်းတွင် သီတင်းသုံးသော အရှင်အနုရုဒ္ဓါမထေရ်
မြတ်က အဘိဓမ္မာ ခုနှစ်ကျမ်း အကျဉ်း ရေးသားတော်မူခဲ့သော အဘိဓမ္မတ္ထသင်္ဂဟ ( သင်္ဂြိုဟ် ) ကျမ်းကို
လည်း အဋ္ဌကထာကျမ်း အဖြစ် ရေတွက်ထားသည် ။ သေးငယ်သော ကျမ်းဖြစ်သောကြောင့် " လက်သန်း
အဋ္ဌကထာ " ဟုလည်း ခေါ်ဝေါ်လျက်ရှိကြသည် ။
                 အဋ္ဌကထာ ဆိုသည် အဘယ်နည်းဟု ဖော်ပြရှင်းလင်းပြီးတဲ့အခါ " ဋီကာ " ကျမ်းများကိုလည်း
ချန်ထားခဲ့၍ မရပါ ။ သို့ဖြစ်၍ " ဋီကာ " ဟူသည် အဘယ်နည်းဟု ဆိုသော် --
              အဋ္ဌကထာတွင် ဖော်ပြထားသော အနက်အဓိပ္ပာယ်ခက်ဆစ်များကို ထပ်ဆင့်၍ ဖွင့်ပြသောကျမ်းကို
" ဋီကာ " ဟုခေါ်သည် ။ မူလဋီကာ ဖွင့်ပြ ရှင်းလင်းထုတ်ဖော်မှု မပြည့်စုံသေးသဖြင့် ထပ်မံ ဖွင့်ပြသောကျမ်း
ကို " အနုဋီကာ " ဟုခေါ်သည် ။ အချို့ကို " မဓုဋီကာ " ဟု ခေါ်သည် ။ အချို့ကို ဂဏ္ဌိ ၊ အချို့ကို ယောဇနာ
ဟု ခေါ်သည် ။ ဤဋီကာကျမ်းများကား အဋ္ဌကထာ နောက် အချိန်ကာလ များစွာကြာမှ ပေါ်ပေါက်လာခြင်း
ဖြစ်သည် ။ မြန်မာပြည်ထွက် ဋီကာကျမ်းများလည်း ရှိသည် ။
ကျမ်းကိုး  ---
မာမက ( သုတေသီ ) မြင်းမိုရ်တောင် ဆိုသည်မှာ 
မှတ်ချက်။   ။ ဤပို့စ်ကို facebook. မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
Wednesday, June 6, 2012
ကံဟူသည်
ကံဟူသည်မှာ ....
ကံဆိုသည်မှာ ပါဠိဘာသာ ကမ္မမှ ဆင်းသက်လာသော မြန်မာဝေါဟာရဖြစ်သည်။ ပြုလုပ်ခြင်း-ဟု အဓိပ္ပါယ်ရသည်။ ထိုပြုလုပ်ခြင်းဟူသော ကံသည်
(က) ကာယကံ-ကိုယ်ဖြင့်ပြုလုပ်ခြင်း။
(ခ) ၀စီကံ-နှုတ်ဖြင့်ပြောဆိုခြင်း။
(ဂ) မနောကံ-စိတ်ဖြင့်ကြံစည်ခြင်း-ဟူ၍ သုံးမျိုးရှိသည်။
ထိုသုံးမျိုးသည် စေတနာအရင်းခံ၍ ဖြစ်ပေါ်လာရသောကြောင့် စေတနာကို ကံ-ဟု ခေါ်သည်။
လောက၌ အလုံးစုံသော သတ္တ၀ါဟူသမျှတို့ကို အယုတ်, အလတ်, အမြတ် စသည် ထူးခြားကွဲပြားအောင် ကံကပင် စီမံဖန်တီးပေးသည်။ ကံ၏အကျိုးတရားကြောင့်ပင် တဦးနှင့်တဦး မတူကွဲပြား ခြားနားကြသည်။ အချို့က အမြင့်သို့ ရောက်သည်။ အချို့ အနိမ့်သို့ရောက်သည်။
အချို့က ကြွယ်ဝချမ်းသာသည်။ အချို့က ဆင်းရဲချို့တဲ့သည်။
အချို့က အသက်ရှည်သည်။ အချို့က အသက်တိုသည်။
အချို့က လှပတင့်တယ်သည်။ အချို့က လှပတင့်တယ်ခြင်းမရှိ။
အချို့က ပညာဉာဏ်ကြီးသည်။ အချို့က ပညာဉာဏ် နည်းသည်။
ဤသို့လျှင် တဦးနှင့်တဦး မတူကွဲပြား ခြားနားသည်မှာ ကံ၏အကျိုးပေးအရ ဖြစ်သည်။
ကံနှင့်ပတ်သက်၍ ဗုဒ္ဓဘုရားရှင်က ကောင်းမှုလုပ်သူ ကောင်းကျိုးရ၏။ မကောင်းမှုလုပ်သူ မကောင်းကျိုးရ၏။ အကြင်မျိုးစေ့ကို စိုက်ပျိုး၏။ ထိုအသီးကို သုံးဆောင်ရ၏-ဟူ၍ ဆုံးမတော်မူခဲ့ပေသည်။
ထို့ကြောင့် အကျွန်ုပ်တို့သည် ကောင်းသောအကျိုးကျေးဇူးကို ခံစားရရှိနိုင်ရန် ကောင်းသောအမှုကို ပြုကြရပေမည်။ မကောင်းသောအကျိုးမှ လွဲဖယ်စေရန် မကောင်းသောအမှုကို ရှောင်ရှားကြရပေမည်။
ကံတွင် အတိတ်ကံ၊ ပစ္စုပ္ပန်ကံဟူ၍ နှစ်မျိုးရှိသည်။ ထိုကံနှစ်မျိုးလုံးပင် အရေးကြီးသည်။ သာသနာတွင် နေလိုလလို ထင်ရှားသော ဆရာတော်မထေရ်ကြီးများတွင် တပါးအပါအ၀င်ဖြစ်သည့် စစ်ကိုင်းတောင် အနောက်ပရက္ကမဆရာတော်ဘုရားကြီးက-
ကံကလဲ အတိတ်ကံ၊ ပစ္စုပ္ပန်ကံ နှစ်မျိုးရှိတယ်ကွဲ့။ နှစ်မျိုးစလုံး အရေးကြီးသော်လည်း ပစ္စုပ္ပန်ကံကိုက ပိုအရေးကြီးတယ်ကွဲ့။ ဘာကြောင့်လဲဆိုတော့ အတိတ်ကံက အတိတ်ဘ၀က ပြုလုပ်ပြီးသားမို့ အကျိုးပေးချင်နေတာ။ အကျိုးပေးဖို့ အခွင့်အခါကို စောင့်နေတာ။ ပစ္စုပ္ပန်ကံကို ပြုလုပ်ဖို့လိုတယ်။ ပစ္စုပ္ပန်ကံကို ကောင်းမွန်စွာ ပြုလုပ်လိုက်လျှင် အတိတ်ကံက အကျိုးပေးလိုက်မှာပဲ။ အတိတ်ကံကတော့ လူတိုင်းမှာ ရှိကြပြီးသား။ ပစ္စုပ္ပန်ကံက နည်းနေကြလို့သာ အကျိုးမပေးကြသေးတာ။
လောကီလောကုတ် နှစ်ပါးမှာ မကြီးပွားသူ၊ အကျိုးမပေးသူ မှန်သမျှ ပစ္စုပ္ပန်ကံ နည်းကြလို့သာ မှတ်ပေတော့။
ဥပမာ-နွားခြံကြီးတခု ဆိုပါတော့။ အတိတ်ကံက နွားခြံကြီးအတွင်းရှိတဲ့ နွားတွေနဲ့ တူတယ်ကွဲ့။ ပစ္စုပ္ပန်ကံကတော့ ခြံတံခါးနဲ့ တူတယ်ကွဲ့။ ခြံအတွင်းက နွားတွေဟာ ခြံတံခါးပိတ်ထားလို့သာကွဲ့။ ခြံတံခါး ဖွင့်လျှင်ဖွင့်ချင်း ထွက်ဖို့ အဆင်သင့်ပဲကွဲ့။ အဲဒါကြောင့် လောကုတ် လောကီ နှစ်လီလုံး အကျိုးပေးချင်သူ ကြီးပွားချင်သူ မှန်သမျှ ပစ္စပ္ပန်တံခါးကို ပိတ်မထားနဲ့ကွဲ့။ ပစ္စုပ္ပန်တံခါးဖွင့်ရန် လုံ့လ၀ီရိယ ထက်သန်စွာ ကြိုးစားရမယ်ကွဲ့-ဟူ၍ သြ၀ါဒပေးတော်မူခဲ့သည်။ မှတ်သားလိုက်နာဖွယ် ဖြစ်ပေသည်။
အရှင်ဝိစက္ခဏ(ဇယရံသီ)
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ