Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
Thursday, January 1, 2015
Monday, November 10, 2014
အနာဂတ်သာသနာရေး အပိုင်း(၁၄၈) နိဂုံးချုပ်လင်္ကာ
နိဂုံးချုပ်လင်္ကာ
ကျမ်းပြီးမှတ်ထုံး,
ကမ္ပတ်ဖုံး၍, နိဂုံးအခန်း, လက်ရုံးတန်းပိမ့်၊
…ခေတ်ဆန်းခုနှောင်း, လူအပေါင်းကား, မကောင်းကိုးကွယ်, ကောင်းကိုးကွယ်ဟု, ညာဘယ်မခြား,
မပြုငြားဘဲ, စဉ်းစား ဝေဖန်, ကျိုးရှိတန်မှ, လျော်ကန်ရုံမျှ, ကိုးကွယ်ကြလိမ့်။
ဗုဒ္ဓမြတ်စွာ,
သာသနာကို, ကောင်းစွာကြိုတင်, မပြုပြင်သော်, အမြင်မှိန်မှေး, အထင်သေး၍, ယဉ်ကျေးဖွယ်ရာ,
အဖြာဖြာနှင့်, ဘာသာဝါဒ, ဟူသမျှတို့, စစကုန်သုဉ်း, ပြုတ်ပြုတ်ပြုန်းလိမ့်။
ထွတ်ဘုန်းသာသနာ,
မှိန်သောခါဝယ်, ထွေရာကောင်းနိုး, ၀ါဒမျိုးဖြင့်, အကျိုးမတည့်, ဖြစ်ပြန်ခဲ့မူ, တကဲ့
တိုင်းကြီး, ပြည်အနီး၌, တိုင်းသီး ပြည်နယ်, မျက်နှာငယ်လိမ့်။
သို့နှယ်ကြောင်းရာ,
စုပေါင်းကာဖြင့်, ကောင်းစွာမြော်ညှိ, ဆင်ခြင်မိ၍, တို့၏နယ်မြေ, တို့အမွေနှင့်, တို့မေဘာသာ,
သာသနာကို, တို့သာ ကြံ့ကြံ့, စောင့်ရှောက်အံ့ဟု, ခံ့ခံ့မားမတ်, စိတ်ထား မြတ်ဖြင့်,
နာဂတ်သာသနာ, ရေးအရာကို, တွေးကာသိုက်မြိုက်, ရေးသားလိုက်၏။
သိထိုက်သိရာ,
သိပြီးခါဝယ်, စဉ်လာထင်မြင်, ပြင်ကာဆင်လျက်, စည်ပင်သာယာ, သာသနာနှင့်, မြန်မာပြည်ထောင်,
တိုးတက်အောင်လျှင်, ခေါင်းဆောင်ရှေ့သွား, ရှင်လူများတို့, ခွဲခြား မေတ္တာ, မထားပါဘဲ,
များစွာခိုသင်း, ငုံးခပင်းတို့, မကြင်းကိုယ်စီ, ပိုက်ကိုချီသို့, ညီညီကြိုးကုတ်, အားသွန်ထုတ်က,
ဗုဒ္ဓသာသနာ, ပြည်မြန်မာသည်, ကမ္ဘာထုတ်ချင်း ထွင်းလိမ့်သောဝ်။ ။
အနာဂတ်သာသနာရေးပြီးပြီ။
Labels:
ကဗျာ,
အနာဂတ်သာသနာရေး
Wednesday, October 1, 2014
အနာဂတ်သာသနာရေး အပိုင်း(၁၄၆) အော်နေရုံနှင့်မပြီး
အော်နေရုံနှင့်မပြီး
မြန်မာပြည်
လွတ်လပ်ရေးအောင်ပွဲနေ့က “ဒါ တို့ပြည် ဒါ တို့မြေ” ဟု ကြွေးကြော်ခဲ့ကြ၏၊ ကြက်သီးထဖွယ်
အားရဖွယ်ပေ၊ သို့ရာတွင် အော်နေသော ထိုအမျိုးသား အမျိုးသမီးများသည် မိမိတို့ ပိုက်ဆံအိတ်ကို
နှိုက်ကြည့်စေလို၏၊ “ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ” တဲ့၊ ဘာနဲ့ ကာကွယ်ကြမှာလဲ
ဟရို့၊ လက်နဲ့ကာလို့ လုံမှာမဟုတ်ဘူးနော်၊ ကုန်းတပ် ရေတပ် လေတပ်တွေနဲ့ ကာကွယ်ရမည် မဟုတ်လား၊
ယခု အခြေအနေအရ အမျိုးသားတို့ရဲ့ ဘဏ္ဍာအိတ်ထောင့်ထဲမှာ သေနတ် သင်္ဘော ၀ယ်စရာ လေယာဉ်ပျံ ၀ယ်စရာ
ပိုက်ဆံ ဘယ်နှပြား စုမိပြီလဲ၊ အမျိုးသား အမျိုးသမီးတွေက အော်အော်ပြီးတော့ သိပ်အသုံးပက်စက်ကြတာကိုး၊
ဘာပိုက်ဆံ စုမိမှာလဲ၊ တန်ခူးလ အခါတွင်း သင်္ကြန်ဆိုလျှင် ဘယ်လောက် အသုံးအစွဲ ပြိုင်ကြသလဲ၊
မော်လမြိုင် ရန်ကုန် မန္တလေးဆိုတဲ့ မြို့ကြီးတွေဟာ သိပ်ကဲတာပဲ၊ ကဆုန်လ ညောင်ရေသွန်းပွဲမှာလည်း
မနည်းသေးဘူး၊ နယုန်လ ၀ါဆိုလက စပြီးလျှင် တပေါင်းလ ပွဲတော်ကြီးတွေအထိ ကုန်လိုက်တာ မပြောနဲ့တော့၊
ထိုကုန်သမျှ ငွေတွေ မြန်မာနိုင်ငံမှာ လည်နေ တာ မဟုတ်ပါဘူး၊ သင်္ဘော လေယာဉ်ပျံတွေနဲ့ နိုင်ငံခြား
ရောက်ကုန်တာတွေသာ များတယ်။
Labels:
ကဗျာ,
အနာဂတ်သာသနာရေး
Sunday, September 28, 2014
အနာဂတ်သာသနာရေး အပိုင်း(၁၄၄) ဂိုဏ်း ပါတီစိတ် မထားသင့်
ဂိုဏ်း ပါတီစိတ် မထားသင့်
တစ်နိုင်ငံလုံး တစ်သာသနာလုံး
တစ်နယ် တစ်မြို့ တစ်ရွာလုံးစသော အများအကျိုး ဆောင်သူတို့သည်… အများနှင့် ဆိုင်သော
အလုပ်၌ ဂိုဏ်းစိတ် ပါတီစိတ်စသော သံယောဇဉ် ခင်တွယ်စိတ်များ မထားသင့်ပါ၊ ရှင်းပြပါဦးမည်၊
သံဃာတော်ပိုင်း၌ ဂိုဏ်းချင်း, တိုက်တာချင်း, ကျောင်းချင်း ခွဲခြား၍ စိတ်ထားမှု, လူဝတ်ကြောင်ပိုင်း၌
ပါတီခွဲခြား၍ စိတ်ထားမှုသည် အလွန်ကျဉ်းမြောင်းသောစိတ်, မေတ္တာကရုဏာ ပျံ့နှံ့ဖို့ရာ နယ်ကျဉ်းသော,
ဣဿာ မစ္ဆရိယ တိုးပွားစေသောစိတ်သာ ဖြစ်၏၊ ထိုစိတ်မျိုး ရှိနေသူသည် “အများကြီးပွားအောင်
ဆောင်ရွက်ပါသည်”ဟု နှုတ်က ပြောသော်လည်း အလုပ် သဘောမှာမူ မိမိဆိုင်ရာ ကြီးပွားမှုကိုသာ
ပြုလျက်ရှိတတ်၏၊ ထိုသူ့သန္တာန်မှာ အခြား ဂိုဏ်းပါတီ၏ ကြီးပွားမှုကို ၀န်တိုသော မစ္ဆရိယနှင့်
တကယ်ကြီးပွားပြန်လျှင် မနာလိုသော ဣဿလည်း ဖြစ်တော့မည်သာ။
Labels:
ကဗျာ,
အနာဂတ်သာသနာရေး
အနာဂတ်သာသနာရေး အပိုင်း(၁၄၅) ဗုဒ္ဓ၀ါဒသည် ကြီးပွားရေးကို နှောင့်နှေးစေသလော
ပါရမီဖြစ်ဆောင်ရွက်ပါ
တိုက်တာကို
အုပ်ချုပ်နေသော ဆရာတော်များ, အထက်တန်းရာထူးရှင်များ, အလုပ်အကိုင်ကြီးမားသော ပွဲစား,
ကုန်သည်, စက်ပိုင်များနှင့် လယ်ပိုင်ရှင်, ငွေတိုးပေး လူကြီးသူမတို့သည် မိမိကိုယ်ကို
ဗုဒ္ဓသာဝက (ဗုဒ္ဓတရားတော်ကို လိုက်နာသော ဗုဒ္ဓဘာသာဝင် လူကြီးသူမများ)ဟု အမြဲ သတိထားသင့်၏၊
ဗုဒ္ဓတရားတော်၌ အလုပ်လုပ်မှုကံသည် အလွန်တာသွား၏၊ စိတ်နေစိတ်ထား မြင့်မြင့်မြတ်မြတ်နှင့်
ပြုလုပ် သမျှကံသည် (နိဗ္ဗာန်မရခင်) ချမ်းသာခွင့်ရအောင် စီမံ၍ နိဗ္ဗာန်ကိုလည်း ရစေနိုင်၏၊
ယခုဘ၀၌ အနည်းငယ်ခြိုးခြံ၍ လက်အောက် ငယ်သား ဆင်းရဲသူအများအား ညှာတာခြင်းဖြင့် နောက်သံသရာဝယ်
… မကြံသာအောင် ကြီးကျယ်သော စည်းစိမ်ကို အလွယ်တကူ ရစေနိုင်၏၊ နောက်ဘ၀ကို ထားဦး၊ ယခုဘ၀မှာပင်
ထိုလူကြီးသူမတို့၏ ဂုဏ်သတင်းသည် ထုံသင်းလှိုင်ပျံ့ ရပ်တိုင်းနှံ့လျက် စီးပွား တိုးတက်သည်ကိုလည်း
တွေ့နိုင်ပါသည်၊ ယခုခေတ်နှင့်စာသော် ယုံတမ်းစကားဟု မှတ်ထင်ရလောက်သော ရှေးလူကြီးတစ်ယောက်
၏ အကြောင်းကို ပြပါဦးမည်။
Labels:
ကဗျာ,
အနာဂတ်သာသနာရေး
အနာဂတ်သာသနာရေး အပိုင်း(၁၄၃) ကျမ်းစာပြုပြင်ရိုက်နှိပ်ရေး
ကျမ်းစာပြုပြင်ရိုက်နှိပ်ရေး
ယခုအခါ
မြန်မာနိုင်ငံ၌ ကျမ်းစာပုံနှိပ်ပုံသည် ရှေးခေတ်က ပေစာတို့ကို ကူး၍ ရိုက်နှိပ်ခဲ့ရသောကြောင့်
အဖြတ် အခွဲ အချဲ အခြားမရှိ၊ ပြတ်သိပ်လျက် ရှိနေ၏၊ စာအုပ်ချုပ်ပုံ ဖုံးပုံမှစ၍ ပြုပြင်ဖွယ်လည်းများစွာ
ရှိနေ၏၊ အနာဂတ်ကာလ၀ယ် ပထမတန်းကျောင်းတိုက်နှင့် တက္ကသိုလ်တိုက် ဆရာတော်များသည် ထိုကျမ်းစာပြုပြင်ရိုက်နှိပ်ရာ၌
အားလုံးလိုပင် အကူအညီရကြပေလိမ့်မည်၊ ထို့ပြင် မရိုက်နှိပ် ရသေးသော အဋ္ဌကထာ ဋီကာများကိုလည်း
ရိုက်နှိပ်ရပေဦးမည်၊ အနာဂတ်ကာလ၌ စာသင်တိုက်တိုင်းဝယ် ပိဋကတိုက်လည်း တည်ရှိ ရတော့မည်
ဖြစ်၍ နည်းသစ်ဖြင့် ရိုက်နှိပ်အပ်သမျှ ပါဠိတော်, အဋ္ဌကထာ, ဋီကာများကို ထိုပိဋကတိုက်၌
ထားရန် ဆိုင်ရာဂေါပကအဖွဲ့က တာဝန်ယူနိုင်ကြလိမ့်မည်၊ ရိုက်နှိပ်သည့်အခါ၌မူ အစိုးရ စရိတ်ဖြင့်
ရိုက်နှိပ်၍ အရင်းကျသမျှကိုသာ လက်မှတ်ထိုးယူကြရန် အစိုးရကပင် စီမံသင့်သည်။
မှတ်ချက်။ ။ ဆဋ္ဌသင်္ဂါယနာတင်စဉ်က တာဝန်ခံဆရာတော်များသည်
နိုင်ငံအရပ်ရပ်မှ ကျမ်းစာရိုက်နှိပ်ပုံကို ကြည့်ကာ မိမိတို့ ကျမ်းစာကိုလည်း ခေတ်မီအောင်
ပြင်ဆင်ရိုက်နှိပ်စေပြီး ဖြစ်သည်။
ဆဋ္ဌသင်္ဂါယနာတင်
ဤအလုပ်ကို
အစိုးရကိုယ်တိုင် သဘောကျပါမူ … (မင်းတုန်း
မင်းတရားကြီး၏ ကျောက်ပြားပေါ်တွင် အက္ခရာတင်ကာ ပဉ္စမသင်္ဂါယနာတင်အမည် ခံသကဲ့သို့) ထို့အတူ
နိုင်ငံတစ်ဝန်းလုံးမှ အရေးပါ အရာရောက်မည့် ဆရာတော်များကို ကြီးကြပ်ပြင်ဆင်စေကာ ဆဋ္ဌသင်္ဂါယနာတင်
ဖြစ်စေရန် စီမံဖွယ်များကိုလည်း စဉ်းစားထားသင့်ကြ၏၊ ဤသို့ စသည်ဖြင့် နှိုးဆော်လိုက်သောကြောင့်
ဆဋ္ဌသင်္ဂါယနာတင်ကိစ္စကား ပြီးစီးသွားပေပြီ၊ သို့သော် မိမိကျေနပ်လောက်အောင် မဖြစ်ခဲ့ပါ။
Labels:
ကဗျာ,
အနာဂတ်သာသနာရေး
Saturday, September 27, 2014
အနာဂတ်သာသနာရေး အပိုင်း(၁၄၂) လောကနိဗ္ဗာန် ရွာကလေး၊ တောရောမြို့ပါ ပြုပြင်ရေး
လောကနိဗ္ဗာန် ရွာကလေး
အနာဂတ်သာသနာရေး တစ်ကျမ်းလုံး
ပြီးဆုံးခါနီးဝယ် ပညာရေးဝန်ကြီးစောစံဘိုးသင်ပြောသော စကား၌ ကပ္ပလီရွာကလေးသည် မြန်မာပြည်
တစ်ပြည်လုံးက အတုယူထိုက်သော ရွာကလေး ဖြစ်ပါတယ်၊ ထို ရွာမှာ ခိုးသား ဓားပြ မရှိပါ၊ အိမ်တံခါးဖွင့်ပြီး
အိပ်နိုင်ပါတယ်၊ ရွာသားအချင်းချင်း ဆက်ဆံပေါင်းသင်းမှု အထူးရှိတယ်၊ ဈေးဆိုင်မှာ ရောင်းသူမရှိတဲ့အခါ
အ၀ယ်လာလျှင် ၀ယ်သူက ချိန်တွယ်ပြီး ကျသင့်သော ပိုက်ဆံကို ထားခဲ့ပါတယ်။
ထိုရွာကလေးသည် ၁၉၂၈-ခု (ခရစ်သက္ကရာဇ်)နှစ်က ““ဘီရှော့”” မည်သော
အင်္ဂလိပ်ခရစ်ယာန်ဘုန်းကြီး နေထိုင်သွား၍ ထိုဘုန်းကြီးကပင် ပြုပြင်ပေးသွားပါတယ်၊ တစ်ယောက်နှင့် တစ်ယောက်…ငြူစူခြင်း စောင်းမြောင်းခြင်း
(ပါဠိလို ဣဿာ) မရှိကြပါ၊ ယခုအခါ ထိုရွာသူရွာသားတို့ သမ၀ါယမနည်းကို ထွင်လိုက်ကြပြန်ပြီ၊
သုံးအိမ် ထောင်စုပေါင်း၍ ထမင်းတစ်အိုးတည်း ချက်ကြပါတယ်၊
Labels:
ကဗျာ,
အနာဂတ်သာသနာရေး
အနာဂတ်သာသနာရေး အပိုင်း(၁၄၁) ကျေးရွာပြုပြင်ရေး
ကျေးရွာပြုပြင်ရေး
ရွာတိုင်း
ရွာတိုင်း၌ ကျောင်းထိုင်ပုဂ္ဂိုလ်နှင့် ရွာသူကြီးကောင်းများ ရရှိလျှင် ထိုပုဂ္ဂိုလ် နှစ်ဦးလုံးပင်
တစ်ရွာလုံး၏ မိဘလည်းဟုတ်, ဆရာလည်းဟုတ်သော အခြေအနေ၌ တည်ရှိစေ၍ ရွာသူရွာသားတို့၏ စီးပွားရေး
ကျန်းမာ ရေး လိမ္မာရေး တတ်သိနားလည်ရေးများအတွက် တာဝန်ခံများ ဖြစ်စေသင့်၏၊ [ရွာသူကြီးသည်
သူ့အတွက် စီးပွားရေးလုံလောက်သူ ဖြစ်သင့်၏၊]
ကျေးရွာပြုပြင်ရမည့်ကိစ္စများကား…
၁။
အိမ်ဆောက်ပုံ, လူသွားလမ်း, လှည်းသွားလမ်း ထားပုံမှ စ၍ ရွာကို ဖုန်မထူစေဘဲ လှပသောရွာ
ဖြစ်စေရန်၊
၂။
ရေတွင်းရေကန်များ၌ တစ်နှစ်ပေါက်အောင် လုံလောက်စွာ ရေရရှိစေရန်၊ [အ၀ီစိတွင်းရှိလျှင်
ကောင်း၏၊]
၃။
အစားအသောက် အနေအထိုင်မှစ၍ အများကျန်းမာရေးနှင့် ဆန့်ကျင်သောအရာများကို တားဆီးပေးရန်၊
၎။
ရဟန်းတော်ကျောင်း အပြင် မူလတန်း တစ်ကျောင်း … လူဝတ်ကြောင်ဆရာများ အုပ်ချုပ်၍ တည်ရှိစေရန်၊
[ ရွာငယ် လျှင် နှစ်ရွာ သုံးရွာ ပေါင်းနိုင်၏၊ တစ်နည်းသော်-ယောက်ျား ကလေးများကို ဘုန်းကြီးကျောင်း၌
နေစေ၍ မိန်းကလေး သက်သက် စာရေး စာဖတ်နှင့် အတွက်တတ်ရုံမျှ ရှေးလူကြီး သူမတို့က သင်ပြသင့်၏၊]
Labels:
ကဗျာ,
အနာဂတ်သာသနာရေး
အနာဂတ်သာသနာရေး အပိုင်း(၁၄၀) ဥပုသ်စောင့်၊ လက်ထပ်မင်္ဂလာ
ဥပုသ်စောင့်
ဘာသာရေးကိစ္စများကို
ပြုပြင်ရာ၌ ယခုခေတ် ဥပုသ်စောင့်ပုံများကိုလည်း စဉ်းစားထိုက်၏၊ ကျေးရွာများ၌
ဥပုသ်စောင့်ဖို့ ကျောင်းသို့ လာပြီးနောက် သီလ မယူသေးမီ ရောက်တတ်ရာရာ စကားကိုသာ ပြောကြ၏၊
သီလ ယူပြီးသောအခါ အိမ်ပြန်ထမင်းစားပြီးလျှင် လူကြီးများ ကျောင်း ဘုရား ဇရပ်သို့ ပြန်လာကြ၍
အိပ်သူ အိပ်, ထွေရာလေးပါး စကား စမြည် ပြောသူက ပြောကြသည်၊ တရားစကားပြောသူ, တရားစစ် တရားမှန်ကို
နာခံဆွေးနွေးမေးမြန်းသူကား ရာခိုင်နှုန်း ဆယ်ယောက် ထက် များမည် မဟုတ်ချေ၊ မြို့ကြီး
ပြကြီး၌ကား သာ၍ ဆိုးရွား လှသော အချက်ရှိ၏၊ ၀ါတွင်းကာလများ၌ ဥပုသ်နေ့များမှာ သက်သတ်လွတ်
ဆားဟင်းလောက်ကိုသာ စားသောက်၍ ဥပုသ် စောင့်ထိုက်ပါလျက် ယခုအခါ၌မူ အဖိတ်နေ့၌ နွား, ၀က်,
ကြက်တွေ ပို၍ သေကြရရှာလေသည်။
ထိုအသားများကို ၀ယ်ယူချက်ပြုတ်ကြပြီးလျှင် ဥပုသ်နေ့၌ အသိုက်အ၀န်းကောင်းနှင့်
မိမိတို့ နီးစပ်ရာ ကျောင်း, ဇရပ်, ဘုရားသို့ တပျော်တပါး သွားရောက်၍ စားသောက်ကြလေတော့၏၊
ထိုကဲ့သို့ ဥပုသ်စောင့်ပုံမှာ ပျော်ပွဲစားထွက်ခြင်း တစ်မျိုးတည်း၊ “အချို့သော အမျိုးသမီးကလေးများလက်၌
လောကီဝတ္ထုစာအုပ်များပင် အဆင်သင့် ပါလာတတ်ကြသော”ဟူ၏၊
Labels:
ကဗျာ,
အနာဂတ်သာသနာရေး
Saturday, July 26, 2014
အနာဂတ်သာသနာရေး အပိုင်း(၁၃၉) ပွဲလမ်းသဘင်နှင့်ကစားပွဲ
ပွဲလမ်းသဘင်နှင့်ကစားပွဲ
တန်ခိုးကြီးဘုရားဟု
ထင်ရှားသော ဘုရားပွဲတိုင်းလိုပင် ဇာတ်ပွဲသဘင်များနှင့် အလောင်းအစား ကစားပွဲများ တွဲဖက်ပါဝင်နေသည်မှာ
ဗုဒ္ဓအလိုတော်နှင့် လုံးဝ ဆန့်ကျင်နေသော စနစ်သာတည်း။
အကယ်၍ ဗုဒ္ဓရှင်တော် သက်တော်ထင်ရှား ရှိနေပါမူ ဇေတ၀န် ကျောင်းတော်အတွင်း၌
ဤကဲ့သို့ ပွဲကျင်းပကာ ဗုဒ္ဓရှေ့တော်ဝယ် မင်းသား မင်းသမီး ဆိုသူတွေ သီဆိုကြ, လူပြက်တွေ
ပြက်လုံးထုတ် ကြနှင့် ပူဇော်ခွင့် ရကြပါမည်လော၊ ဘုရားပွဲဟူသည်မှာ ဘုရားကို ရည်မှန်း၍
လှူဒါန်းပူဇော်ရမည့်ပွဲတည်း၊ သို့ပါလျက် ဘုရားကို သတိ မရကြဘဲ ဘုရားကို အနားထား၍ ပျော်ရွှင်ကြခြင်း,
ပွဲကြည့်ရာမှ ကစားဝိုင်းမှ ရန်ပွဲဖြစ်ကြသဖြင့် သေကျေကြ, ရုံရောက်၍ ငွေကုန် လူပန်း ဖြစ်ကြခြင်းကား
ရိုင်းစိုင်းသော လူမျိုးဖြစ်ကြောင်းကို ၀န်ခံရာ ကျလှ၏။
အိန္ဒိယ
ဟိန္ဒူလူမျိုးတို့၏ ၀တ်တက်ပွဲ ဘုရားပွဲများ၌ မဟတ္တမ ဂန္ဒီကြီးက ငြိမ်းချမ်းသာယာမှု တရားရေအေး
တိုက်ကျွေးကြောင်းကို (သတင်းစာ၌) ဖတ်လိုက်ရသောအခါ ဘုန်းကြီးတို့ ဘုရားပွဲတွေကို ကြည့်၍
ဝမ်းနည်းမိပါတော့သည်၊ ထို့ကြောင့် အနာဂတ်ကာလ၌ ဘုရားပွဲကို အစိုးရနှင့်တကွ ရဟန်းတော်
အရှင်မြတ်တို့ ပြုပြင်ပေးရန် လေးနက်စွာ တောင်းပန်ပါသည်။
Labels:
ကဗျာ,
အနာဂတ်သာသနာရေး
အနာဂတ်သာသနာရေး အပိုင်း(၁၃၈) ဆွမ်းတော်ကြီးတင်
ဆွမ်းတော်ကြီးတင်
ဗုဒ္ဓရှင်တော်လက်ထက်၌
ကောသလမဟာရာဇာက တစ်ဖက်, မြို့သူ မြို့သားများက တစ်ဖက် အပြိုင်အဆိုင် ဆွမ်းကျွေးပွဲ လုပ်ခဲ့ကြဖူး၏၊
နောက်ဆုံး၌ ကောသလမဟာရာဇာသည် မလိ’ကာမိဖုရား၏ အကြံပေးချက်အရ သံဃာတော်များ နေထိုင်ဖို့ရာ
နေရာထိုင်ခုံ ငါးရာ၏ နောက်၌ ဆင်တစ်စီးစီ ထီးဖြူဆောင်းစေလျက် ရဟန်းတော်များ၏အကြား၌ နန်းတော်သူများကို
နံ့သာကြိတ်စေ၍ ထိုနံ့သာတို့ဖြင့် မွမ်းမံခြယ် လှယ်ကာ မည်သူမျှ မတုပနိုင်သော အသဒိသ ဆွမ်းဒါနကြီးကို
ပြုဖူးလေသည်။
ယခုခေတ် ဆွမ်းတော်ကြီးပွဲ ပြင်ဆင်ပုံကား ထိုအလှူမျိုးနှင့်လည်း
မတူချေ၊ ထိုအသဒိသဒါနသည် သံဃာတော်များ ဘုဉ်းပေးရသောဒါန ဖြစ်၏၊ ဤဆွမ်းတော်ကြီးများကိုကား
သံဃာများ မဘုဉ်းပေးရပါ၊ များစွာသော ဆွမ်းတော်ကြီးများကို ကြည့်လိုက်သော အခါ မုန့်မျိုးစုံတို့၏
အကြား၌ ပန်းကန်ပြားအပြည့် ထည့်အပ်သော ၀က်သားတုံးကြီး, ကြက်ကောင်လုံးကျော် အများအပြားတွေ့ရပေသည်။
ကပ်လှူပြီးစွန့်ပစ်
ထိုလှူဖွယ်များကို ညဥ့်ဦးက
ရှေ့တော်မှာ ပြင်ဆင်ထား၍ နံနက်စောစော၌ ဆွမ်းတော် ကပ်ကြ၏၊ မိုးလင်းသောအခါ ထိုဆွမ်းတော်ပွဲများကို
ကျေးရွာများ၌ (စားချင်သူ စား သဘောထား၍) စွန့်ပစ်ကြ၏၊ မြို့များ၌ကား တချို့ကို စွန့်ပစ်၍
တချို့ကိုကား ပြန်၍ ရောင်းစားကြသည်ဟု ကြားရ၏၊ ထိုဆွမ်းတော်ကြီး၌ မုန့်မျိုးစုံ သီးမျိုးစုံ
ပြင်ဆင်ထားသည်မှာ ကြည့်ရှုဖွယ် ကောင်းပါပေ၏။
ကြက်ကောင်လုံးနှင့် ၀က်သားတုံးကြီးတွေကား (ဗုဒ္ဓသက်တော် ထင်ရှားရှိပါမူ)
မည်သည့်နည်းနှင့်မျှ ခွင့်ပြုတော်မူမည် မထင်၊ တချို့လူများ နတ်တင်ပုံနှင့်လည်း ထွေးရောယှက်တင်
ရှိလှ၏၊ မြန်မာလူမျိုးတို့ ဗုဒ္ဓကို မကိုးကွယ်ခင်က နတ်တင်နည်းကိုပင် ဗုဒ္ဓကို ကိုးကွယ်သောအခါ
နေရာပြောင်းလဲလိုက်ခြင်းမျှသာ ဖြစ်လေရော့ သလားဟုလည်း အဓိပ္ပာယ်ထင်မိ၏။
ထို့ပြင်
“မုန့်မျိုးစုံ သီးမျိုးစုံကို သံဃာတော်များ မသုံးစွဲရုံမက လူကြီး လူကောင်းများပင်
မစားနိုင်ဘူး”ဟူသော ၀ါဒမှာလည်း နတ်တင်ရာမှ စွဲလမ်းလာသောဝါဒပင် ဖြစ်မည်ထင်၏၊ ဘုန်းကြီး
ခြောက်နှစ်သား အရွယ်လောက်က ဆွမ်းတော်ကြီး စွန့်နေရာတွင် ၀င်၍ ကောက်ယူနေသည်ကို ဘိုးဖြစ်သူက
ကြိမ်းမောင်းမာန်မဲကာ (လက်ဖြင့် မထိကောင်းသလို) ကပျာကယာ အပစ်ခိုင်းလေသည်။
Labels:
ကဗျာ,
အနာဂတ်သာသနာရေး
အနာဂတ်သာသနာရေး အပိုင်း(၁၃၇) ဘုရားတည်မှု
ဘုရားတည်မှု
ဘုရားစေတီတည်ထားရာ၌
ကုသိုလ်ရသည်ကား မှန်ပါ၏၊ သို့သော် အကျိုးရသင့်သမျှ အပြည့်အစုံ ရဖို့ စဉ်းစဉ်းစားစား
တည်ထားသင့်ကြသည်၊ မဟာဝဂ္ဂသံယုတ် ၀ိဟာရ၀ဂ္ဂအဋ္ဌကထာ၌ သမ္မာဒိဋ္ဌိ ဖြစ်ပုံကို ပြရာဝယ် “အပ္ပတိဋ္ဌိတေ
ဒိသာဘာဂေ စေတိယ ပတိဋ္ဌာပနံ=စေတီ မတည်ရသေးသောအရပ် (မြို့, ရွာ) တို့၌ စေတီတည်ထားခြင်းကို
သမ္မာဒိဋ္ဌိ=အယူမှန်ခြင်း”ဟု ဆို၏၊ စေတီရှိပြီး
နေရာ၌ ထပ်၍ တည်ခြင်းကို အဋ္ဌကထာ မလိုလားကြောင်းမှာလည်း ဉာဏ၀ိဘင်္ဂအဋ္ဌကထာ၌… “ဧကသ္မိံ ၀ိဟာရေ
ဒွိနံ္န စေတိယာနံပိ လာဘသက္ကာရော ဥဠာရော န ဟောတိ-တစ်ကျောင်း တစ်တိုက်ဝယ် စေတီတော် နှစ်ဆူရှိရာ၌
လာဘ် ပူဇော်မှု မများ (မကောင်း) နိုင်”ဟူသော စကားဖြင့် သိသာ၏။
ထိုအဋ္ဌကထာစကားကို လက်ရှိအခြေအနေကလည်း ထောက်ခံလျက်ရှိ၏၊ စေတီတော်
များပြားသည့်အတွက် မည်သည့်စေတီ တော်မျှ အစောင့်အရှောက် ကျကျနနနှင့် သားနားသပ္ပာယ်အောင်,
စေတီတော်ရောက်သွားလျှင် စိတ်ကြည်နူးအောင် ကိုးကွယ်ထား သည်ကို မတွေ့ရ၊ မဟာမြတ်မုနိ,
ရွှေတိဂုံ စေတီတော်များ၏ ရင်ပြင်တော်၌သော်မှလည်း လူများ၏ ခြေရာတွေနှင့် ခွေးမစင်, ပန်းအမှိုက်စသည်များကို
တွေ့ရပါသေးသည်။
ဖြစ်ချင်တိုင်းဖြစ်နေပုံ
တချို့စေတီတော်ဝင်းအတွင်း၌
စေတီအငယ်, ဆင်းတုတော် အငယ်တွေ အများအပြား ရှိကြ၏၊
တစ်ဖက်ကို လှည့်၍ ဦးချနေခိုက် များစွာသော စေတီဆင်းတုတော်များကို ကျောပေးထားရာ ရောက်တော့၏၊
နာမည်ကြီးသော ဆင်းတုတော်မှာ ပန်းတွေ ပြည့်နေသော်လည်း ထိုဆင်းတုတော် စေတီတော် အငယ်များ၌
ပန်းတစ်ပွင့်မျှ မရှိကြပေ၊ ကျေးရွာများ၌ ဘိုးဘွား အစဉ်အဆက်က တည်ထားပြင်ဆင်လာသော စေတီတော်များ
ရှိတတ်သေး၏။
Labels:
ကဗျာ,
အနာဂတ်သာသနာရေး
အနာဂတ်သာသနာရေး အပိုင်း(၁၃၆) သရဏဂုံတင်
သရဏဂုံတင်
လူတစ်ယောက်၏ နောက်ဆုံး စုတေစိတ်နှင့် ဘ၀သစ် ပဋိသန္ဓေစိတ်သည် လက်ဖျောက်
တစ်ချက်တီးချိန်ကို ကုဋေတစ်သိန်းလောက် စိတ်လျှင် တစ်စိတ် လောက်သာ အချိန် ကြာ၏၊
“ဘ၀ဟောင်းက စုတေသည်နှင့် တစ်ပြိုင်နက်
ဘ၀သစ်မှာ ဖြစ်ရတော့၏”ဟု ဆိုလိုသည်၊ အိမ် အနီးအပါး၌ တစ္ဆေ ပြိတ္တာ ဖြစ်နေရသူများသည် ထိုတစ္ဆေဘ၀မှာပင်
အသစ် ဖြစ်ရ၏၊ နတ်ပြည်နှင့် ငရဲပြည်သို့ ရောက်မည့်သူလည်း ထိုခဏအတွင်းမှာပင် ထိုဘ၀သစ်၌
ဖြစ်ပြီးလေ၏။
ထို့ကြောင့် အလောင်းကောင်ကို သင်္ချိုင်းမှာ ဖြစ်စေ, အိမ်မှာ ဖြစ်စေ
သရဏဂုံတင်ကြောင်းကို သေလွန်သူ သိဖို့အရေးမှာ အလှမ်း ဝေးလှချေ၏၊ သိမည်ဆိုလျှင် အိမ်အနီး၌
(သုသာန်၌) တစ္ဆေ ပြိတ္တာ ဖြစ်နေသူလောက်သာ သိခွင့်ရှိသည်။
ယခုအခါ “သရဏဂုံတင် ဆိုသည်မှာလည်း အထူးအဆန်း မဟုတ်၊ ရိုးရိုးတန်းတန်း
သီလပေးခြင်း, လှူဖွယ်ပစ္စည်းကို ရေစက် ချ၍ သေသောသူအား အမျှပေးခြင်းပင်တည်း၊ ထိုတွင်
လှူဖွယ် ပစ္စည်းများကို လှူဒါန်း၍ အမျှပေးခြင်းကို ကောင်းသောနည်းလမ်း ဟုပင် ဆိုသင့်ပါ၏၊
ထိုအမျှပေးဝေမှုကို လူ့ပြည် နတ်ပြည် ငရဲနှင့် တောကြီးထဲမှာ ပြိတ္တာဖြစ်နေသူတို့ မသိကြ၊
ဝမ်းမမြောက်နိုင်ကြ၍ ကုသိုလ်အဖို့ကို မရကြသော်လည်း အနီးအပါး၌ ပြိတ္တာ တစ္ဆေ ဖြစ်နေသူမှာ
သိနိုင်, ၀မ်းမြောက်စွာ သာဓုခေါ်နိုင်လျှင် ကုသိုလ်အဖို့ ရဖွယ်ရှိပါပေ၏၊ သို့သော် ငိုကြွေးမြည်တမ်းလျက် သောက
ပရိဒေ၀ အကုသိုလ်ခြံရံကာ သုသာန်မှာ လှူဒါန်း အမျှဝေခြင်းကား အလှူ့ရှင် များမှာလည်း ကုသိုလ်
အရနည်း၏၊ တစ္ဆေ ပြိတ္တာ ဖြစ်နေသူလည်း ထိုငိုနေပုံကို မြင်ရသဖြင့် ၀မ်းမြောက်လှမည် မဟုတ်ပါ။
အသုဘပြုပြင်ရေး
“အားလုံးလူတွေ
တစ်နေ့လျှင် ဧကန်သေကြရမည်”ဟူသော ထုံးစံတရားကို မည်သူမဆို နားလည်ပြီး ဖြစ်၏၊ ထို့ကြောင့်
ဘယ်နည်းနှင့် သေသေ မထူးဆန်း လှချေ၊ သို့ရာတွင် သေလောက် ကျေလောက် ရောဂါရောက်နေသူ ကို
ဆွေမျိုးရင်းများက လူအား ငွေအားဖြင့် တတ်နိုင်သမျှ ကုသ သင့်၏၊ ထိုသို့ ကုသကြပါလျက်
သေသွားသူကို “ငါတို့ ၀တ္တရားတော့ အကျေသားပဲ, သူ့ကံက ဒီလိုဖြစ်ဖို့ စီမံလာတော့ ငါတို့တာဝန်
မဟုတ်, သူ့ကံပဲ”ဟု ဖြေသိမ့်ကာ ၀မ်းနည်းပူဆွေးမှုတွေကို သက်သာ နိုင်သမျှ သက်သာနိုင်ပါစေ။
Labels:
ကဗျာ,
အနာဂတ်သာသနာရေး
Friday, July 25, 2014
အနာဂတ်သာသနာရေး အပိုင်း(၁၃၅) လူအသုဘ
လူအသုဘ
ဤ
မြန်မာပြည်၌ လူသေ အလောင်းကောင်ကို အမွှန်းတင်ကာ
ငွေကုန်လူပန်း စီစဉ်ကြသည်မှာ စိတ်ပျက်ဖွယ်ရာ ကောင်းလှလေ၏၊ တချို့မှာ ဆေးဖိုးဓာတ်စာ
ငါးကျပ် တစ်ဆယ်မျှ အကုန်မခံနိုင်ကြသဖြင့် မသေတန်ဘဲနှင့် သေရပြီးနောက် အလောင်းကောင်ဘ၀ရောက်မှ
ကျန်ရစ်သူတို့က မရှိမဲ့ရှိမဲ့ ကြံဆောင်၍ တစ်ဆယ် နှစ်ဆယ်မက အကုန်အကျခံပြီး သင်္ဂြိုဟ်ကြရ၏၊
ထိုအလောင်းကို သုံးရက်ထက်မနည်း အိမ်မှာ ထားလိုကြသေး၏၊ [ထိုသို့ ထားရာ၌ ဘိုးဖြစ်သူထံမှ
အကြောင်း ပြချက်ကို ကြားသိရဖူးသည်မှာ “သေသေချင်းတော့ ဆွေမျိုးများက မပစ်ရက်ကြသေးဘူး,
သုံးရက်လောက်ကြာ၍ ပုပ်နံလာသောအခါ ကျမှ ပစ်နိုင်ကြတယ်၊ ဒါကြောင့် ကျန်ရစ်သူများ ပစ်ခွာနိုင်အောင်
သုံးရက် ငါးရက် စသည် ထားကြတယ်” ဟူ၏။]
ထိုသို့ ထားရုံတွင် မပြီးသေး၊ ဆွေမျိုး မိတ်ဆွေတွေ လာသမျှ အတွက်
ကွမ်း ဆေး လက်ဖက်စသော စားသောက်ဖွယ်ရာများကိုပါ အသုဘအိမ်၌ စီစဉ်ထားရ၏၊ ချမည့်နေ့၌ကား
မင်္ဂလာပွဲပမာ အချို့က ဖြီးလိမ်းဝတ်ဆင်၍ လာကြသေး၏၊ တတ်နိုင်သလောက် ကျွေးကြရ, လက်ဖက်ရည်တိုက်ရသည်မှာလည်း
အလှူဒါနပွဲကလေး တစ်မျိုး ဖြစ်နေ၏၊ ပုပ်နေသော အလောင်းကို မနံအောင် သေတ္တာထဲမှာ လှောင်၍
အနီးအပါး၌ ပျော်ပျော်ရွှင်ရွှင် စားသောက် ရယ်မောနေကြသော လူလယ်ကောင်ဝယ် အလောင်းရှင်များက
လည်း အသံကုန်ဟစ်ကာ ငိုကြရှာ၏၊ ““စားသောက်ရယ်မောနေသူများက ငိုသူများကို အားမနာလို့လား,
ငိုသူများက ရယ်ကာမောကာ စားကြသောက်ကြတာကို မသဒ္ဓါလို့လား”” စဉ်းစားစရာ ဖြစ်တော့၏၊ မည်သို့ပင်
ဖြစ်စေ ထိုဖြစ်နေပုံကို လောကမျက်စိဖြင့် ကြည့်ကြည့်, ဘာသာရေးမျက်စိဖြင့် ကြည့်ကြည့်
ယဉ်ကျေးမှု မရှိပါ။
သွားလေသူသဘောကျ မဟုတ်နိုင်
ဘုန်းကြီးပျံ
အသုဘကို ရက်ကြာကြာ ထားရာ၌ အခြားအကျိုးမရှိစေကာမူ သွားလေသူက သဘောကျမည် ဆို လျှင် တော်ပါသေး၏၊
ယခုသော် သွားလေသူကလည်း ထိုကဲ့သို့ ကြာကြာထားသည့်အတွက် နှစ်သက်လှမည် မဟုတ်ချေ၊ ထင်ရှား
စေအံ့-မိမိ၏ လက် ခြေစသော ကိုယ်အင်္ဂါတစ်ခုခု၌ အနာပေါက်၍ နံနေလျှင် ထိုအနာကို လူစိမ်း
မမြင်စေလိုဘဲ တတ်နိုင်သမျှ ဖုံးကြရ၏၊ “အသုဘ”ဟူသော စကားသည် မတင့်မတယ် ရွံစဖွယ်ဟူသော
အဓိပ္ပာယ်ကို ပြ၏၊ သို့ဖြစ်လျှင် တစ်ကိုယ်လုံး မတင့်မတယ် ရွံစဖွယ် တုံးကြီး ဖြစ်နေပါလျက်
ရက်ကြာကြာ အပုပ်ခံ၍ လူတွေအား ပြနေ ခြင်းကို အဘယ် သွားလေသူ ကျေနပ်နိုင်အံ့နည်း။
Labels:
ကဗျာ,
အနာဂတ်သာသနာရေး
အနာဂတ်သာသနာရေး အပိုင်း(၁၃၄) ဘုန်းကြီးပျံ ကြာရှည်ထားပြစ်
ဘုန်းကြီးပျံ ကြာရှည်ထားပြစ်
ယခုကာလ၌
ဘုန်းကြီးပျံကို ကြာရှည်ထား လေ့ရှိခြင်း, ကြာရှည်ထားလေ့ မရှိခြင်းဟု နှစ်မျိုးရှိ၏၊
ကြာရှည်ထားခြင်း၌ ရည်ရွယ် ချက်ကား ရပ်ဝေးတပည့်များ လာရောက်မီအောင် စောင့်ဆိုင်း လိုခြင်း,
ဒကာ ဒကာမများ၏ ဘုန်းကြီးပျံ၌ ကုန်ကျဖို့ရန် ငွေရှိချိန် ကို စောင့်လိုခြင်းများ ဖြစ်၏၊
ထိုတွင် အဝေးတပည့်များ လာရောက် ၍မှ သင်္ဂြိုဟ်ခြင်းလည်း တစ်နည်းအားဖြင့် ထိုမှရမည့် အကူအညီ
တို့ကို မျှော်လင့်ခြင်းပင် ဖြစ်၏၊ ထိုသို့ မဟုတ်ဘဲ “အဝေးတပည့် များ နောက်ဆုံး ကန်တော့ခြင်းဖြင့်
ကန်တော့စေလိုသောကြောင့် ထားရပါသည်”ဟု ဆိုလျှင် အလောင်းကို မမီလိုက်ဘဲ ဂုဏ်ကို မှန်း၍
ကန်တော့လျှင်လည်း ပြီးနိုင်ပြီဖြစ်၍ ထိုအကြောင်းလည်း မလုံ လောက်သေးချေ၊ အမှန်မှာ “ပွဲနှင့်လမ်းနှင့်
စည်စည်ကားကား ဖြစ်စေလိုသောကြောင့် ကြာရှည် ထားကြသည်”ဟု ထင်စရာ အကြောင်းရှိ၏၊ ထိုသို့
ကြာရှည်ထား၍ စည်စည်ကားကား ကျင်းပ ခြင်း၌ အောက်ပါ အပြစ်များကို တွေ့ရလေသည်။
၁။ အလောင်းကို စောင့်ရှောက်ရမှုကြောင့် ပရိယတ်ကျောင်းတိုက်
ဖြစ်လျှင် စာသင်စာချ ပျက်ခြင်း, ပဋိပတ်ကျောင်းတိုက်၌ ပဋိပတ်အကျင့် လစ်ဟင်းခြင်း၊
၂။ ဒကာ ဒကာမတို့ အလုပ်အကိုင် ပျက်၍ အကုန်အကျများခြင်း,
ထိုကုန်ကျရာ၌ တချို့ ဒကာ ဒကာမများကား မရှိမဲ့ရှိမဲ့နှင့် သူများနည်းတူဖြစ်အောင် ကြံစည်၍
ထည့်ရခြင်း, တချို့လည်း စိတ်မပါဘဲ ရပ်ရွာနှင့် မဆန့်ကျင်အောင် ထည့်ရခြင်း၊ [
ထို့ကြောင့် “ဘုန်းကြီးသေ ရွာကြေ”ဟု ဆိုကြသည်။]
၃။ ပွဲလမ်းသဘင်တွေ များ၍ ကြည့်ရှုသူတို့မှာ ကျန်းမာရေး
ချွတ်ယွင်းတတ်ခြင်း၊
၎။ တာဝန်ဆောင်ပုဂ္ဂိုလ်များဝယ် အလုပ်များသော ရဟန်းငယ်
ရှင်ငယ်တို့မှာ အပြင်းအထန် ကျန်းမာရေး ချွတ်ယွင်းတတ်ခြင်း၊ [“နာမည်ကြီးဆရာတော်တစ်ပါး
ပျံလွန်တော်မူရာ၌ နောက်ပါ နှစ်ပါး သုံးပါး ခေါ်သွားတတ်သည်” ဟု ပြောစမှတ် ရှိ၏၊ ဆိုလိုရင်းကား…
ဆရာတော်ပျံ၌ လုပ်ကိုင်ရသောကြောင့် မကျန်းမာ၍ နှစ်ပါး သုံးပါး ပျံတော်မူတတ်သည်ဟု ဆိုလိုသည်၊၊]
Labels:
ကဗျာ,
အနာဂတ်သာသနာရေး
Saturday, July 19, 2014
အနာဂတ်သာသနာရေး အပိုင်း(၁၃၃) ဘုန်းကြီးပျံ, သတိပြုဖွယ်တွေ
ဘုန်းကြီးပျံ
ရွာဦး
ရွာထိပ်၌ ကြည်ညို ကိုးကွယ်ထားသော ဘုန်းတော်ကြီးတစ်ပါး
ပျံလွန်တ်ာမူရာဝယ် ရပ်သူ ရွာသားတို့ လွမ်းဆွတ်မှု ပြေပျောက်အောင် သူ့ထက်ငါ အားကျ၍ နောက်ဆုံးပူဇော်ကြခြင်းကို
အပြစ်မဆိုလိုပါ၊ သို့ရာဝယ် အသည်းအသန် မမာတုန်းက ပျံလွန်မည့်ပုဂ္ဂိုလ် စိတ်ကျေနပ်အောင်
ဆရာကောင်း ဆေးကောင်း ဓာတ်စာကောင်းတို့ဖြင့် မကုသ, မပြုစုကြဘဲ ပျံလွန်ခါမှ ရာပေါင်း
ထောင်ပေါင်း သောင်းပေါင်းများစွာ အကုန် အကျခံ၍ ပူဇော်ခြင်း၌ အကျိုးရှာမရသည့်အပြင် ၀မ်းနည်းဖွယ်ကို
သာ မြင်နေရပါတော့သည်။
ထင်ရှားစေပါဦးမည်…ဤစာကို ရေးရာနှစ်ကို ထောက်၍ လွန်ခဲ့သော ကိုးနှစ်လောက်က
နာမည်ကျော် ဆရာတော်ကြီးတစ်ပါး အတော် စိုးရိမ်ရလောက်အောင် မကျန်းမမာ ဖြစ်၏၊ ဟိုက သည်က ဆေးအတွက် လှူကြသည်မှာ (၄၀)ကျော်တန်မျှသာ
ရှိ၏၊ သို့ရာဝယ် ကံကောင်းလှ၍ ပျံတော်မမူသေးပါ၊ အကယ်၍ ပျံတော်မူပါလျှင် ထိုဒကာ ဒကာမ
တပည့်တပန်းတို့ လေးရာမက လေးထောင်ကျော် အောင် အကုန်အကျခံ၍ ဘုန်းကြီးပျံပွဲ ဆင်နွှဲကြပေလိမ့်မည်။
ထိုကဲ့သို့ အကုန်အကျခံကြရာ၌ ဆရာသမား၏ဂုဏ်ကို ရည်စူး ကြခြင်းထက်
ဂုဏ်ပကာသနနှင့် ရပ်သူရွာသားတို့၏ အပျော်အပါး အတွက်သာ ပဓာနဖြစ်သည်ဟုဆိုလျှင် အရမ်းစွပ်စွဲရာ
ရောက်မည် မထင်။
ဘုန်းကြီးငယ်စဉ်က မြောက်ကျောင်းမှာ သက်တော်ကြီး ဘုန်းကြီးနှစ်ပါး
ဆက်၍ ပျံလွန်တော်မူ၏၊ ထိုအခါ ဘုန်းကြီးတို့ ကျောင်းက ကျောင်းသားတွေ စာအံရင်း ပျင်းပျင်းရှိတာနှင့်
ပြောကြသည်မှာ…သူများကျောင်းက ဘုန်းကြီးတွေတော့ ခဏခဏ ပျံတော်မူကြတယ်၊ ငါတို့ကျောင်းက
ဘုန်းကြီးများတော့ တစ်ပါးမှ ပျံတော် မူဖော်မရဘူး၊ ခုနှယ် တစ်ပါးလောက် ပျံတော်မူလျှင်
ဘယ်လောက် ကောင်းမလဲ” ဤသို့ ကျောင်းသားတွေ ပြောနေသံကို ဘုန်းတော်ကြီး ကြား၍ များစွာ
ကြိမ်းမောင်းတော်မူသည်။
Labels:
ကဗျာ,
အနာဂတ်သာသနာရေး
အနာဂတ်သာသနာရေး အပိုင်း(၁၃၂) ရှင်လောင်းကို စိစစ်ပါ
ရှင်လောင်းကို စိစစ်ပါ
ရှင်သာမဏေပြုလုပ်မည့်
အလောင်းအလျာကို “ရှင်လောင်း”ဟု ခေါ်၏၊ ထိုရှင်လောင်းဆိုသူတို့တွင်
တချို့သည် စကားမျှ မပီသေး၊ တချို့ ကား အတော်အတန် ကြီးပါသော်လည်း ရှင်သာမဏေများ ကျင့်ရမည့်
ကျင့်ဝတ်ကို နားမလည်၊ တချို့ရှင်ကလေးများမှာ မဏ္ဍပ် အတွင်း၌ သင်္ကန်းချည်၍ မဏ္ဍပ်က ထွက်လျှင်
ထွက်ချင်း လူဝတ် လဲရတော့၏၊ မလဲလို့လည်း မဖြစ်ကြတော့, ရှင်သာမဏေပြုရာ၌ ““ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ”” စသော သရဏဂုံပါဠိ ဆရာဘုန်းကြီးနှင့် ရှင်လောင်း နှစ်ဦးလုံးပင် ပီပီသသ
(ဌာန် ကရိုဏ်းကျကျ) ရွတ်ဆို တတ်မှ ရှင်သာမဏေအစစ် ဖြစ်သည်ဟု ကျမ်းစာ၌ ဆိုထား၏၊ ယခုခေတ်
မြန်မာလူမျိုးတို့ကား အင်မတန် ကြိုးစားမှ စာလာပေလာ အတိုင်း ပီနိုင်၏၊ ထိုသို့ မပီစေကာမူ
ရှင်သာမဏေဟု ၀န်ခံ၍ ဆိုင်ရာကျင့်ဝတ်များကို ကျင့်တတ်လျှင် အပြစ်ကင်းဖွယ် ကုသိုလ် ရဖွယ်
ရှိပါသေး၏၊ ယခုသော် များသောအားဖြင့် ရှင်ကျင့်ဝတ်ကို နားလည်သူများ နည်းပါး, ကျင့်သူက
သာ၍ ရှားတော့၏၊ ဤကိစ္စကို တိုင်းသူပြည်သားတို့ နားလည်အောင် စီမံပြီးလျှင် မူလတန်းပညာ
လောက်ကို (အနည်းငယ်) သင်ပြီး၍ ကောင်းစွာနေထိုင်တတ်မှသာ ရှင်သာမဏေပြုစေသင့်ကြပါသည်။
ကြီးကျယ်သော ရှင်ပြုနည်း
ယခုအခါ
ခေတ်စားနေသော ရှင်ပြုနည်းကိုပြင်များ၌ ငွေပိုငွေလျှံရှိသူတို့အတွက် မထောင်း သာသော်လည်း ရှိသမျှပစ္စည်းကလေးနှင့် အားခဲရသူ, ကြွေးယူ၍ သားကြီးရှင်ဖြစ်
ပြုရသူတို့အတွက် အလွန်နစ်နာလှပေ၏၊ သံသရာကျိုးလည်း နေ့စဉ် ဆွမ်းလောင်း မိဘပြုစု စသော
ဒါနမှုလောက် အားမကိုးရ၊ ပြခဲ့သော နွားသတ် ၀က်သတ် ခိုင်း၍ ငွေကူကို မျှော်ရသော အလှူနှင့်
ဂုဏ်ပကာသနကို ပဓာနထားသော အလှူတို့မှာ ငွေကုန် အပြစ်ဖြစ် နှစ်မျိုးလုံး နစ်နာ၏၊ ထိုအလှူမင်္ဂလာဝယ်
သားငယ်ကို မင်းမြောက်တန်ဆာ ဆင်၍ အဘိသိက်သွန်းလိုက်သော်လည်း မည်သူကမျှ အထင်မကြီးကြ၊
ထိုအဘိသိက်သွန်းလောင်းမှုကြောင့် ဘာမင်္ဂလာမှလည်း မတိုးတက်ပါ။
Labels:
ကဗျာ,
အနာဂတ်သာသနာရေး
အနာဂတ်သာသနာရေး အပိုင်း(၁၃၁) သားရှင်ပြု လှူဒါန်းကြပုံ
သားရှင်ပြု လှူဒါန်းကြပုံ
ဘုန်းကြီးဝါဒမှာ
“နေ့စဉ်စိတ်ကောင်း ထား၍ နေ့စဉ် ဒါန၀တ်နှင့်ကိုယ်ကျင့် သီလ ကောင်းခြင်းကိုသာ အရာရာဝယ်
သာယာအေးမြလျက် နောက်ဘ၀၌ မုချဂတိကောင်းကြောင်း အလုပ်ဖြစ်၏”ဟု ယူဆပါသည်၊ တစ်ရံတစ်ခါ ပကာသနများစွာဖြင့်
ဒါနအကြီးအကျယ်ပြုမှုများကို အနှစ်အသားဟု မမှတ်ထင်သည့်အပြင် လူအများ၏ ကိုယ်ကျင့် ပျက်ကြောင်း,
ရဟန်းတော်များ အလုပ် ပျက်ကြောင်း ဟုသာ ထင်ပါသည်။
ရှင်းပြဦးအံ့… သားရှင်ပြုကိစ္စ၌ ဂုဏ်အသရေရှိ လူကြီး လူကောင်းတို့ကား
ထိုကဲ့သို့သော အစာကို စားနေကျ ဖြစ်၏၊ သူက ဖိတ်လို့သာ အားနာ၍ (မသွားမကောင်းသဖြင့်) သွားရသည်၊
အိမ်မှာ အလုပ်ကိစ္စ တန်းလန်းနှင့် မအားကြ၊ ကျွေးမွေးရာ၌ ကုန်သောငွေလည်း မနည်းလှ၊ စားရသူတို့ကလည်း
အားနာပါးနာ နှင့် မလွှဲသာ၍ လာကြရာဝယ် အဘယ်မှာ ကုသိုလ်ထုပ်ကြီး ရနိုင်ပါ မည်နည်း၊ ထိုအပေါ်မှာ
ဂုဏ်ဖော်ချင်သော စိတ်ကောက်ကလေးက (ပကာသန, အကုသိုလ် လောဘစိတ်ကလေးက) ပါလိုက်ချေ သေး၏။
ဘုန်းကြီးပင့်ရာမှာလည်း ပင့်ရိုးအတိုင်း မပါမကောင်းသော ဘုန်းကြီးပေါင်းများစွာကို
ပင့်ရပြန်၏၊ ထိုဘုန်းကြီးများသည် တစ်နေ ကုန် တစ်နေခန်း ပရိယတ် ပဋိပတ် အလုပ်ဖျက်ကာ အလှူရှိရာ
ကျောင်းသို့ သွား၍ နေကြရ၏၊ နောက်ပါ ကျောင်းသားတို့လည်း စာသင်ပျက်ကြ၏၊ သို့ဖြစ်လျှင်
ရာပေါင်းထောင်ပေါင်းများစွာ အကုန်အကျခံ ပြုကြသော သားရှင်ပြု သမီးနားသ အလှူ ဒါနကြီးသည်
သာသနာကြီးပွားရေးကို အဘယ်နည်းဖြင့် အားပေးရာ ရောက်တော့မည်နည်း။
ထိပ်ကွက်ကလေးကိုသာ စီရင်လိုက်ပါတော့
သားရှင်ပြု
တစ်ခု၌ ကြားရဖူးသည်ကား အလှူ့ဒကာသည်
ထိုနယ်၌ နာမည်ကြီးသူတည်း၊ အလှူမှာ အမဲသား
(နွားသား) ကျွေး၏၊ ပရိသတ်တွေ လာကြသည်မှာ ကျွေး၍ မလောက်အောင်ပင်၊ အတော်ကြာလျှင် ၀ယ်ထားသော
အသားတွေ ကုန်လုပြီ၊ အလှူ့ဒကာသည် ပရိက္ခရာရှစ်ပါးကို လွယ်ကာ အတော် ကြည်နူးစွာဖြင့် ရှင်လောင်းလှည့်ရာတွင်
ပါဝင်နေ၏၊ ထမင်းကျွေး သူများလည်း အမဲသားလောက်ပုံမရ၍ ဗျာများနေကြပြီ၊ နောက်ဆုံး၌ မကြံတတ်တော့သဖြင့်
အလှူ့ရှင်ထံ ပြေးလာကြ၍ ဟင်းလောက်ပုံ မရကြောင်း ပြောကြလေသည်၊ အလှူ့ ဒကာလည်း အတော် စိတ်
မောသွားဟန်တူ၏၊ တောင်ကြံ မြောက်ကြံနှင့် ကြံရှာပါသော်လည်း အကြံ မရတော့ပြီ၊ အတော်ကြာကြာ
တွေးပြီးမှ “အင်း… အိမ်က ထိပ်ကွက်ကလေးကိုသာ စီမံလိုက်ကြပါတော့”ဟု ရှုံ့မဲ့သောမျက်နှာ
ဖြင့် ညွှန်ပြလိုက်ရှာသတဲ့။
Labels:
ကဗျာ,
အနာဂတ်သာသနာရေး
Wednesday, July 9, 2014
အနာဂတ်သာသနာရေး အပိုင်း(၁၃၀) ကထိန်ခင်း ပြုပြင်ရေး
ကထိန်ခင်း
ဝါဆိုလပြည့်ကျော်
(၁)ရက်နေ့၌ ၀ါကပ်၍… (၀ါ မပျက်စေဘဲ) သီတင်းကျွတ်လပြည့်နေ့၌ ပ၀ါရဏာပြုသော ရဟန်းရှိရာ
ကျောင်းတိုက်၌ သင်္ကန်းတစ်ထည် ဖြစ်စေ, အများဖြစ်စေ “ဣမံ စီဝရံ သံဃဿ ဒေမိ-ဤသင်္ကန်းကို သံဃာတော်များအား
လှူဒါန်းပါ၏”ဟု လျှောက်ထား၍ လှူရ၏၊ ထိုသင်္ကန်းကို သင်္ကန်းမရှိသော ရဟန်းအား ပေး၍ ထိုရဟန်းက
(၀ိနည်းထုံးစံအရ) ကထိန်ခင်းရ၏၊ သံဃာအားလုံး သင်္ကန်းပြည့်စုံ ကြလျှင် အကြီးဆုံး မထေရ်အား
ပေး၍ ထိုမထေရ်ကြီးက ကထိန် ခင်းရ၏၊ ထိုကထိန်ကို ၀မ်းမြောက်ကျေနပ်ပါကြောင်းပြောသော ရဟန်းများလည်း
ကထိန်ခင်းသော ရဟန်းနှင့် အလားတူရသင့်သော အမျိုးများကို ရကြ၏၊ ရသင့်သော အကျိုးများကို
စာလာအတိုင်း သိလိုသူတို့ စာတော်သော ဆရာသမားထံ မေးကြပါလေ။
ယခုခေတ်ကထိန်
အစပထမ၌ ““ကထိန်အလှူ”” ဟူသည် …သင်္ကန်းအလှူပင်ဖြစ်၏၊ နောက်မှ
သင်္ကန်း၏ အခြံအရံအဖြစ်ဖြင့် အခြားလှူဖွယ်တွေ ပါလာ၏၊ ထိုအခြား လှူဖွယ်များတွင် ကျောင်း၌
မရှိမဖြစ်သော ပစ္စည်းမျိုးဆိုလျှင် သင့်တော်ပါသေး၏၊ ယခုသော် ပဒေသာပင် သီး၍ လှပအောင်
တိုလီမိုလီကလေးတွေ များလှ၏၊ ပဒေသာတစ်ပင်လျှင် (၅၀)တန် တစ်ရာတန် စသည်ဖြင့် ဂုဏ်ယူကြ၏၊
ကျောင်းရောက်သော်ကား အသုံးမကျလှ၊ လူတွေမှာလည်း အကုန်မနည်းချေ၊ ဒီအထဲမှာ ပွဲတွေ ကိုလည်း
ထည့်လိုက်ရသေး၏။
ပွဲလမ်းအတွက် ကုန်ကျစရိတ်နှင့် အသုံးမ၀င်သော တိုလီမိုလီ အတွက်
ကုန်ကျငွေကို နုတ်လိုက်လျှင် ကျောင်း၌ အသုံးဝင်သော သင်္ကန်း စသည်၏ တန်ဖိုးမှာ ငါးပုံ
ပုံ တစ်ပုံမျှ ပါကောင်း ပါပေ လိမ့်မည်။
ဤကထိန်ပွဲတွင် အသားတင် အကျိုးရကြသူကား… စောင်, ကော်ဇော, ဓာတ်မီး
စသော နိုင်ငံခြားပစ္စည်းရောင်းသူ နိုင်ငံခြား ကုန်သည်ကြီးများပင်တည်း၊ မှန်၏၊ ကထိန်ခေတ်၌
နိုင်ငံခြားသို့ ဆက်ရသော ငွေတွေမှာ သိန်းပေါင်း အတော်များများပင် ရှိပေလိမ့်မည်၊ ရန်ကုန်မြို့၌
ကထိန်လှည့်လည်သည်ကို
Labels:
ကဗျာ,
အနာဂတ်သာသနာရေး
အနာဂတ်သာသနာရေး အပိုင်း(၁၂၉) သိမ်သမုတ်, ရဟန်းခံ
သိမ်သမုတ်
“သီမာ”
ဟူသော ပါဠိသည် “အပိုင်းအခြား -နယ်နိမိတ် သတ်မှတ်ထားသော အရပ်” ဟု
အဓိပ္ပာယ်ထွက်၏၊ “ရဟန်းများ ကံကြီးကံငယ် ပြုဖို့ရာ နယ်နိမိတ် သတ်မှတ်ထားသောအရပ်”ဟု
သံဃာအများက အသိအမှတ်ပြုခြင်းကို “သိမ်သမုတ်”ဟု ခေါ်၏၊ ထို့ကြောင့် အစိုးရက နေရာတစ်ခုကို
လူဝတ်ကြောင်တစ်ယောက်အား ဥပဒေနှင့်အညီ “သီးခြားရွာ”ဟု ပေးလိုက်လျှင်လည်း သိမ်သမုတ်ခြင်းကိစ္စ
ပြီးတော့၏။
သိမ်သမုတ်ရာ၌ အလွန်များစွာ ငွေကုန်ခံမည့်အစား ထိုနေရာ၌ မိုးလုံလေလုံရှိအောင်
ကျောင်းဆောက်လိုက်ခြင်းသာ သာ၍ အကျိုး ရဖွယ် ရှိ၏၊ သို့ရာတွင် သိမ်သမုတ်ရာ၌ ပိဋကတတ်ကျွမ်းသော
ဆရာတော်များ ပါဖို့ အရေးကြီး၏၊ နားမလည်သူများချည်းသာ သမုတ်လျှင်ကား အောင်မြင်ဖို့ မလွယ်ကူချေ။
ရဟန်းခံ
ယခုကာလ ရဟန်းခံကိစ္စလည်း အကုန်အကျ များလွန်း၏၊ ဘုန်းကြီး၏ ညီနှစ်ယောက်တွင်
ဝမ်းကွဲညီကို (၇၀၀)လောက် အကုန်ခံ၍ သူ့မိဘများက ရဟန်းခံ ပေး၏၊ လေးလလောက်ကြာလျှင် လူထွက်သွားတော့၏၊
ညီရင်း တစ်ယောက်ကိုကား ထောင့်ငါးရာလောက် အကုန်ခံ၍ ရဟန်းအမ များက ရဟန်းခံပေး၏၊ ၀ါအတော်ရ၍
ပထမကျော် အောင်ပြီးမှ လူထွက်သွား၏။
Labels:
ကဗျာ,
အနာဂတ်သာသနာရေး
Subscribe to:
Posts (Atom)
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ
