Showing posts with label စာပေရနံ့. Show all posts
Showing posts with label စာပေရနံ့. Show all posts

Friday, November 8, 2013

မဟာဂန္ဓာရာမိကသာသနာလင်္ကာရ ပုစ္ဆာပေါင်းချုပ်


အမရပူရမြို့ 
မဟာဂန္ဓာရုံကျောင်းတိုက်
ဂဏဝါစကအဖွဲ့က ကြီးမှူးကျင်းပအပ်သော
မဟာဂန္ဓာရာမိကသာသနာလင်္ကာရ
ပုစ္ဆာပေါင်းချုပ်

Wednesday, October 9, 2013

ပရိဝါအလင်္ကာပန်းစာအုပ်


နိကာယ်စာမေးပွဲဝင်အရှင်မြတ်များ
သာမဏေကျော် ဒုတိယဆင့်အရှင်မြတ်များ
စာချအရှင်သူမြတ်များနှင့် ဝိနည်းလေ့လာသူများအတွက်
ဝိနည်းငါးကျမ်းတွင်
နောက်ဆုံးကျမ်းဖြစ်သည် ပရိဝါပါဠိတော်အတွက်
အထောက်အကူဖြစ်စေမည့်
ပရိဝါအလင်္ကာပန်း စာအုပ်ကို တင်ပြပေးလိုက်ပါသည်။

အလိုရှိက အောက်ပါလိပ်စာတွင် ဒေါင်းနိုင်ပါသည်။

https://www.sugarsync.com/pf/D8980685_657_074395399

Friday, September 27, 2013

သမာသ်တဒ္ဓိတ်မှတ်တမ်းစာအုပ်


အမရပူရမြို့ 
မဟာဂန္ဓာရုံကျောင်းတိုက်
ဂဏဝါစကစာချဆရာတော်
အရှင်ကဝိပိယာလင်္ကာရ(ပါဠိပါရဂူ)
ပြုစုတော်မူသည့်

Tuesday, September 24, 2013

အယမာချာတသင်္ခေပေါ စာအုပ်



အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်
ဂဏဝါစကစာချဆရာတော်
အရှင်ကဝိပိယာလင်္ကာရ(ပါဠိပါရဂူ)
ပြုစုတော်မူသည့်

သာသနာလင်္ကာရ
ပထမဆင့်
သာမဏေများနှင့် သမဏေကျော် စာချဘုန်းတော်ကြီးများအတွက်
အာချာတ်ဆိုင်ရာ အထောက်အကူပြုနိုင်မည့်

Monday, September 9, 2013

သာသနာလင်္ကာရ တတိယဆင့် ဓမ္မပဒပို့ချချက်


သာသနာလင်္ကာရ တတိယဆင့်စာမေးပွဲအရှင်မြတ်များ
သာမဏေကျော်စာချဘုန်းတော်ကြီးများအတွက်
ဓမ္မပဒပို့ချချက် (တတိယဆင့်) အတွက်
တင်ပြပေးလိုက်ပါသည်။

အောက်ဖော်ပြပါ မှတ်ချက်ကလေးများမှာ
စာပေသုတေသီတို့အတွက် အထူးမှတ်သားဖွယ်ဖြစ်သည်။

       သရဏဂုမ်သည် လောကီ, လောကုတ္တရာ ဟု နှစ်မျိုးရှိ၏၊ 
ထိုတွင် လောကီသရဏဂုမ်သည် ရတနာသုံးပါး၏ ဂုဏ်တော်တို့ကို အာရုံ ပြု၏၊
 လောကီသရဏဂုမ်၌ ယုံကြည်မှုသည် ပဓာနဖြစ်၏၊ တစ်ချို့မှာ ဉာဏ်ပါသော်လည်း ဉာဏ်သည် သဒ္ဓါ၏နောက်လိုက်တည်း၊ လောကုတ္တရာသရဏဂုမ်သည် နိဗ္ဗာန်ကို အာရုံပြု၏၊ 
သစ္စာလေးပါးကို သိခြင်းသည်ပင် လောကုတ္တရာသရဏဂုမ် ဖြစ်တော့၏။(နှာ-၅၇)

Sunday, September 8, 2013

ဓမ္မပဒဂါထာနိဿယ အမှတ်(၃)


ဓမ္မပဒဂါထာနိဿယ(တတိယတွဲ) တင်ပေးလိုက်ပါတယ်။

ဒီအတွဲမှာ ဇရာဝဂ်ကနေ ဗြဟ္မဏဝဂ် အဆုံးအထိ ဓမ္မပဒပါဠိတော်ဂါထာ၊ အဋ္ဌကထာဂါထာနိဿယတို့ကို အောက်ခြေရှင်းချက်များဖြင့် ဝေဝေဆာဆာ ရေးသားထားပါသည်။သာသနာလင်္ကာရစာမေးပွဲ (တတိယဆင့်) ဖြေဆိုမည့်သံဃာတော်များ စာပေလိုက်စားသုတေသီ ရဟန်းရှင်လူများအတွက် အလွယ်တကူ လေ့လာနိုင်ရန် တင်ပြလိုက်ပါသည်။

အောက်ပါလိပ်စာတွင် ဒေါင်ပါ။

http://www.mediafire.com/file/jgfcfmluxb50jgl/ဓမ္မပဒဂါထာနိဿယ_(တတိယတွဲ).pdf

Saturday, September 7, 2013

ဓမ္မပဒဂါထာနိဿယ အမှတ်(၂)



မဟာဂန္ဓာရုံကျောင်းတိုက်
အနုနာယကဆရာတော်
အရှင်သုဇနာဘိဝံသ၏
ဓမ္မပဒဂါထာနိဿယ အမှတ်(၂)
အလိုရှိသူများ


ဒီနေရာမှာ နှိပ်ပြီး   ဒေါင်းယူနိုင်ပါသည်။

Tuesday, August 27, 2013

"ကုမ္ဘဃောသကဝတ္ထုလာ ကုဋင် ညောင်စောင်းကြိုးဖြတ်တယ်ဆိုတာ ဘယ်လိုညောင်စောင်းလဲ"


 
 
ဓမ္မပဒအဋ္ဌကထာလာ ကုမ္ဘဃောသကဝတ္ထုကို နိဿယစီစဉ်နေစဉ် “တိခိဏေန သတ္ထေန တဿ မဉ္စဝါဏံ ဟေဋ္ဌာအဋနိယံ တဟံ တဟံ ဆိန္ဒိ” ဝါကျရှိ ‘မဉ္စဝါဏံ-ညောင်စောင်းကြိုးကို’ ဟု အနက်ပေးသည့်အခါ

ဆရာဘုန်းကြီးက “နေဦးဟ..ဝါဏ-သဒ္ဒါက ကြိုးအနက်ဟောလို့ ပါဠိအဘိဓာန်တွေမှာတော့ မတွေ့မိဘူး မြားအနက်ဟောလောက်သာပါတာ” လို့ မိန့်တော်မူပါတယ်။


ဒီတော့ မိမိက “ဘုန်းကြီးဘုရား တပည့်တော် ပဋ္ဋနားကို ရောက်တော့ ကြိုးတွေနဲ့လုပ်ထားတဲ့ ကုဋင် ညောင်းစောင်းကို တွေ့ခဲ့ဖူးတယ်ဘုရား”


“ဟုတ်လား? ဘယ်လို ပုံစံလဲ” ဆရာဘုန်းကြီးက မေးသည်။

Friday, August 23, 2013

သူဌေးဖြစ်ကြောင်း နည်းလမ်းကောင်း အပိုင်း (၄)


ရေကန်ကြီးဥပမာ။ ။ ဗျဂ္ဃပဇ္ဇ…ဥပမာပြရလျှင် ရေကန်ကြီးတစ်ကန်၌ ရေဝင်ပေါက် လေးပေါက်ရှိ၍
 ရေထွက်ပေါက်လည်း လေးပေါက်ပင် ရှိ၏။ ထိုရေကန်ကြီး၌ ရေထွက်ပေါက်များ ဖွင့်ထား၍ ရေဝင်ပေါက် များကို ပိတ်ထားလိုက်လျှင်လည်းကောင်း၊ မိုးကလည်း မကြာမကြာ မရွာလျှင်လည်းကောင်း၊ ရေတွေယုတ် လျော့ဖို့သာ ရှိ၍ တိုးဖို့ မရှိတော့ချေ။ ထိုသို့ မဟုတ်ဘဲ ရေထွက်ပေါက်များကို ပိတ်ထား၍ ရေဝင်ပေါက်များ ကို ဖွင့်ထားလျှင်လည်းကောင်း၊ မိုးကလည်း မကြာ မကြာ ရွာလျှင်လည်းကောင်း ထိုရေကန်ကြီးမှာ ရေ တွေ ယုတ်လျော့ဖို့ မရှိ၊ တိုးဖို့သာ ရှိတော့သည်။

ဗျဂ္ဃပဇ္ဇ … ထို့အတူပင် ဣတ္ထိဓုတ္တစသော လေးပါးသည် စည်းစိမ်ဥစ္စာတို့၏ ပျက်စီးကြောင်း ထွက်ပေါက်များဖြစ်၍ ဣတ္ထိဓုတ္တမဟုတ်သော လေးပါးသည် စည်းစိမ်ဥစ္စာတို့၏ ဝင်လာကြောင်း အပေါက်များ ဖြစ်၏၊ မိန်းမလိုက်စားမှုစသော ထွက်ပေါက်လေးပါးကို မပြုလုပ်ဘဲ ပိတ်ဆို့ထား၍၊ မိန်းမ မလိုက်စားမှုစသော ဝင်ပေါက်လေးပါးကို ဖွင့်ထားလိုက်လျှင် ဥဋ္ဌာနသမ္ပဒါစသောလေးပါးဖြင့် ရွာချနေ သော ပစ္စည်းဥစ္စာ မိုးရေများသည် ကောင်းစွာ တည်တံ့ တိုးပွားနေနိုင်ပေသည်။

ဤပြအပ်ခဲ့သော လေးပါးသည် ယခုဘဝ၌ စီးပွားချမ်းသာ တိုးပွားဖို့အကြောင်းများပင် ဖြစ်ပေသည်။

Thursday, August 22, 2013

သူဌေးဖြစ်ကြောင်း နည်းလမ်းကောင်း အပိုင်း (၃)


သမဇီဝိတာ။ ။ ဗျဂ္ဃပဇ္ဇ …အမျိုးသားသည် မိမိမှာရှိသော စည်းစိမ်တို့၏ ဝင်လာသော အရဘက်ကိုလည်းကောင်း၊ ထွက်သွားသော အကုန်အကျဘက်ကိုလည်းကောင်း သိ၍ ကြီးကြီး ကျယ်ကျယ်လည်း မဖြစ်စေ၊ သိမ်သိမ်ငယ်ငယ်လည်း မဖြစ်စေဘဲ အကုန်နှင့်အရ မျှတအောင် အသက်မွေးမှုကို ’’သမဇီဝိတာ’’ဟု ခေါ်သည်။

ထိုသို့ အသက်မွေးလျှင် ဝင်လာသော အရဘက်က များ၍ ထွက်သွားသော အကုန်အကျဘက်ကို လွှမ်းနိုင်လိမ့်မည်။
ထို့ကြောင့် အကုန်နှင့်အရ မျှတ မမျှတကို သိတတ်ရသည်။

ဥပမာ- ချိန်ခွင်ကြီးကို ကိုင်ဆောင်ထားသူသည် ချိန်ခွင်ကြီးကို မြှောက်လိုက်သောအခါ ’’မည်ရွေ့မည်မျှ နိမ့်ကျနေသည်၊ (သို့မဟုတ်) မည်ရွေ့မည်မျှ အထက်ထောင်နေသည်’’ဟု သေချာစွာ သိသကဲ့သို့တည်း။ ထိုသို့ သိအောင် အလုပ်အကိုင်များ၌ အကုန်နှင့်အရကိုပြသော စာရင်းစာအုပ် ရှိကြရပေသည်။

ဆောင်။ ။ စား ဝတ် နေပုံ၊ နေ့စဉ်ခြုံလျက်၊ အကုန် အရ၊ နှိုင်းချိန်ဆသော်၊ အရဘက်က၊ သာစေမှ၊ သမဇီဝိတာခေါ်။

ဗျဂ္ဃပဇ္ဇ … အမျိုးသားသည် အရဘက်က နည်းနေပါလျက် ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ် ဟန်ကြီးပန်ကြီး အသက်မွေးနေမှုကြောင့် အကုန်ဘက်က များနေလျှင် “ သဖန်းသီးစားတဲ့ လူလိုပဲ ’’ ဟု အပြောအဆို ခံရတတ်၏။

Monday, August 19, 2013

သူဋ္ဌေးဖြစ်ကြောင်း နည်းလမ်းကောင်း အပိုင်း (၂)


အာရက္ခသမ္ပဒါ။ ။ ဗျဂ္ဃပဇ္ဇ…ထိုဥဋ္ဌာနသမ္ပဒါနှင့်ပြည့်စုံသော အမျိုးသာ၏ ထကြွလုံ့လ ဝီရိယကြောင့် ရအပ်ကုန်သော လက်ရုံးအားဖြင့် စုဆောင်း၍ ထားအပ်ကုန်သော ချွေးကျအောင် (နဖူးကချွေး ခြေမကျအောင်) ရှာဖွေအပ်ကုန်သော စီးပွားဥစ္စာတို့သည် ဓမ္မိက(တရားသဖြင့် ရှာဖွေအပ်) ဓမ္မလဒ္ဓ(တရားသဖြင့် ရအပ်သော) စီးပွားဥစ္စာများ ဖြစ်ကြပေသည်။
ထိုစီးပွားဥစ္စာတို့ကို စောင့်ရှောက်နည်း အမျိုးမျိုးဖြင့် လုံခြုံစေရမည်။

ဘယ်လိုနည်းဖြင့် စောင့်ရှောက်မှုကို ပြုလျှင်
(က) မင်းတို့သည် မယူနိုင်ပါကုန်အံ့နည်း၊
(ခ) သူခိုးဓားပြတို့သည် မယူနိုင်ပါကုန်အံနည်း၊
(ဂ) မီးသည် မလောင်နိုင်ပါအံ့နည်း၊
(ဃ) ရေသည် မဆောင်နိုင်ပါအံ့နည်း၊
(င) အမွေခံသား သမီးဆိုးတို့သည် မယူနိုင်ပါကုန်အံနည်း၊ ဤသို့ တွေးတော ကြံစည်ကာ (ရေ မီး သူခိုး၊ မွေခံဆိုးနှင့်၊ မင်းဆိုးအပြား ရန်မျိုးငါးကြောင့်) မပျက်ပြားနိုင်လောက်အောင် စောင့်ရှောက်နည်း အမျိုးမျိုးဖြင့် လုံခြုံအောင် သိမ်းဆည်းတတ်ခြင်းကို အာရက္ခသမ္ပဒါဟု ဆိုရသည်။

သူဋ္ဌေးဖြစ်ကြောင်း နည်းလမ်းကောင်း (၁) (သမ္ပဒါတရား)


သမ္ပဒါတရား(ချမ်းသာကြောင်းတရား)

မေးလျှောက်ပုံ။ ။ အခါတစ်ပါး၌ ကောဠိယ၏သားဖြစ်သော ဒီဃဇာဏုအမည်ရှိသော အမျိုးသားတစ်ယောက်သည် ကောဠိယနိဂုံးဝယ် သီတင်းသုံးတော်မူသော ဘုရားရှင်အား လျှောက်ထားသည်မှာ- အရှင်ဘုရား…. ကာမစည်းစိမ်ကို ခံစားလျက် လူဝတ်ကြောင်ဖြစ်ကြသော တပည့်တော်တို့သည် သားသမီးတို့ဖြင့် ကျဉ်းမြောင်းကြပ်တည်းသော အိပ်ရာနေရာ၌ နေကြရပါကုန်၏။ (အိမ်က ကြီးကျယ်စေကာမူ စိုးရိမ်ကြောင့်ကြဖွယ် များသောကြောင့် ’’ကျဉ်းမြောင်း ကျပ်တည်းသည်’’ဟု ဆိုသည်) ကာသိတိုင်းမှထွက်သော စန္ဒကူး နံ့သာကိုလည်း သုံးစွဲကြပါကုန်၏။ ပန်းနံ့သာ အမွှေးအကြိုင် မျက်နှာချေ စသည်တို့ကိုလည်း သုံးစွဲကြပါကုန်၏။ ရွှေငွေကိုလည်း သာယာနှစ်သက် စုံမက်ကြပါကုန်၏။ ထိုကဲ့သို့ သာယာဖွယ်တို့ကို သာယာလျက် ကာမစည်းစိမ်ကို မစွန့်ရက်နိုင်သော တပည့်တော်တို့အား ဤဘ၀၌ စီးပွားချမ်းသာ ဖြစ်စေနိုင်၊ နောက်ဘ၀၌လည်း စီးပွားချမ်းသာ ဖြစ်စေနိုင်သော တရားကို ဟောတော်မူပါ။ (ဒီဃဇာဏု၏အမျိုးသည် ဗျဂ္ဃပဇ္ဇအမည် ရခဲ့ဖူး၏။ ထို့ကြောင့် ’’ဗျဂ္ဃပဇ္ဇ’’ဟု ခေါ်တော်မူလိမ့်မည်။)

ဤဘ၀ချမ်းသာကြောင်းတရား

ဗျဂ္ဃပဇ္ဇ… အမျိုးသားတစ်ယောက်အတွက် ဤဘ၀၌ စီးပွားချမ်းသာဖြစ်ဖို့ရာ အကြောင်းတရားတို့သည် ဥဋ္ဌာနသမ္ပဒါ အာရက္ခသမ္ပဒါ ကလျာဏမိတ္တတာ သမဇီဝိတာအားဖြင့် လေးပါးရှိကုန်၏။
(ဤလေးပါးကိုပင် သမ္ပဒါတရားလေးပါးဟု ရှေးက ခေါ်ခဲ့ကြသည်။)

Friday, August 16, 2013

ရောဂါဖြစ်ရာ အကြောင်း ရှစ်မျိုး


အဘိဓမ္မာအလို " ဖဿ ပစ္စယာ ဝေဒနာ '' ဖဿကြောင့်ဟု သိရ၏။ သုတ္တန်အလို အကြောင်းရှစ်မျိုးကြောင့် ဖြစ်ကြောင်း သီဝကသုတ် (သံ-၂၊ ၄၂၈။)နှင့် ဂိရိမာနန္ဒသုတ် (အံ-၃၊ ၃၄၂- ဒသက)တို့၌ ဟောတော်မူ၏။ ရှစ်မျိုးတို့ကား.......

၁။ ၂။ ၃။ လေ၊ သည်းခြေ ၊ သလိပ် ဒေါသ(အပြစ်)သုံးပါး တစ်ပါးပါးကြောင့်၊
၎။ ထိုသုံးမျိုး ပေါင်းဆုံခြင်း (ဒွေးဝန်း , သန္နိပါတ်ကြောင့်) ၊
၅။ ဥတု မမျှတခြင်းကြောင့်၊
၆။ ဣရိယာပုထ် အနေအထိုင် မမျှတခြင်းကြောင့်၊
၇။ သူတစ်ပါးလုံ့လ ထိခိုက်ဒဏ်ရာကြောင့်၊
၈။ ကံကြောင့်။

ကပ်ကြီး ၃ပါး ဆိုက်ရောက်ပုံကို ပြရာတွင်ကား မောဟ(စားမှု နေမှု နမော် နမဲ့လုပ်ခြင်း)
ကြောင့် ရောဂန္တရကပ် ဆိုက်ရောက်ရသည်ဟု ဆိုသည်။ သဘောအချုပ်ကိုကြည့်လျှင် မှန်လှပါပေ၏။

သွေးတိုး ဆီးချို လေငန်း ပန်းနာ တီဘီစသည်ဖြင့် ရောဂါအမည်တွေများလှသော်လည်း
" အရင်းစစ်၊ အမြစ်မြေက''ဆိုသကဲ့သို့ အကြောင်းအရင်းမှာ တစ်ခုတည်းသာဖြစ်သည်။

Sunday, April 7, 2013

စစ်ကိုင်းတောင်ရိုး၌ မူလစ၍ တည်ထောင်သည့် ချောင်ကိုးချောင်




ဥရု, ကဿပ, ကောဏ္ဍည၊ ပိတောက်, ပဘာချောင်။
သနပ်ခါး, သရက်, ယုန်ဖြူတက်၊ မြောက်ဘက် ရွှေဝါချောင်။
စစ်ကိုင်း ရွှေတောင်၊ ချောင်ကိုးချောင်၊ မူလ စတည်ထောင်။

စစ်ကိုင်းတောင်ရိုးမှာ မူလစတင်ပြီး တည်ထောင်တဲ့ ရှေးချောင်းကြီး (၉)ချောင်ကို လင်္ကာစီထားတာပါ။

၁။ ဥရုဝေဠချောင်
၂။ ကဿပချောင်
၃။ ကေဏ္ဍညချောင်
၎။ ပိတောက်ချောင်

Wednesday, March 13, 2013

မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးမိန့်တော်မူသည့် ဆုတောင်းတယ်ဆိုတာ...


ဆုတောင်းတာ ဗုဒ္ဓမြတ်စွာ ဘုရားဖြစ်ဖို့ရန် ဆုတောင်းတယ်လို့ သူတို့
ဆိုတယ်။ အမှန်ကတော့ တပည့်တော်ဘုရားဖြစ်ရလိုပါရဲ့လို့ ဆုမတောင်းပါဘူး။
အောက်ကျနောက်ကျ ဒီလို မလုပ်ပါဘူး။ ဒါပေမယ့်လို့ ဗုဒ္ဓေါဟေဿံ-ငါဘုရား
ဖြစ်မယ်။ သတ္တဝါတွေကို ကယ်ဆယ်နိုင်တဲ့ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တစ်ပါးက သာမာန်ကျွတ်တန်းဝင်ပြီးတော့ ရဟန္တာဖြစ်သွားလို့ရှိရင် ဒီသူတွေမှာ အကျိုးမဲ့ဖြစ်မှာပေါ့။

ငါ့လို အရည်အချင်း ရှိတဲ့ ပုဂ္ဂိုလ်တစ်ပါးက ကိုယ်လွတ်ရုန်းသွားရင် မတရားဘူး။ လမ်းမကျဘူး။ အများကို ကယ်ပြီးတော့မှ ဗုဒ္ဓေါ ဟေဿံ-ဘုရားဖြစ်မယ်။ ဒီလို ဓိဋ္ဌာန်တဲ့ လက္ခဏာပါ။ တစ်ခါတစ်လေ ဗုဒ္ဓေါ- ဘုရားသည်၊ ဘဝါမိ-ဖြစ်ရပါလို၏လို့ ဒီလို ဆုတောင်မျိုးတော့ ဘယ်နည်းနဲ့မှ မတွေ့ဘူး။

Sunday, March 10, 2013

မဟာသရဏဂုံတော်ကြီး ငါးရာ




လယ်တီဆရာတော်ဘုရားကြီးသည်  ၁၂၇၉-ခုနှစ်၊ သီတင်းကျွတ် လကွယ်နေ့တွင် မုံရွာမြို့ မဟာလယ်တီတိုက်မှ ထွက်တော်မူရာ ထိုနေ့ ညနေ ၅-နာရီအချိန် ယခုမဟာသရဏဂုံအောင်မြေ ကျောင်းတိုက်တည်ရှိရာ (အလုံနှင့် မုံရွာအကြား) ယခင်တောရကြီးသို့ ရောက်တ်ာမူခဲ့သည်။
 
    နောက်တစ်နေ့ဖြစ်သော တန်ဆောင်မုန်းလဆန်း ၁-ရက်နေ့မှ စ၍ တပေါင်းလဆုတ် ၁၅-ရက်(လကွယ်)နေ့ အထိ ၅-လတိတိ ဆွမ်းဘုဉ်းပေးချိန်နှင့် ကျိန်းစက်ချိန်မှတစ်ပါး တစ်နေ့ ပတ်လုံး အချိန်ရှိသမျှ "မဟာသရဏဂုံတော်ကြီး ငါးရာ"ကို
  
တစ်နေ့နှင့်တစ်ညလျှင် ၁၄,၄၀ဝ-ကြိမ်  ၅-လတိတိ အချိန်အတွင်း  ၂,၁၁၆,၈၀ဝ-ကြိမ်
    မနေမနား ရွတ်ပွါးသရဇ္ဈာယ်တော်မူကာ ဗုဒ္ဓဘုရားရှင်အား ဓမ္မပူဇာအဖြစ်ဖြင့် ပူဇော်တော်မူခဲ့သည့်
မဟာသရဏဂုံတော်ကြီးပါဌ်ကို ရွတ်ပွား ပူဇော်လူသူများ ပူဇော်နိုင်ရန် တင်ပြလိုက်ပါသည်။



မဟာသရဏဂုံတော်ကြီးပါဌ်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ (သုံးကြိမ် ရွတ်ဆိုလေ)

 (က)   အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
          အဇ္ဇတဂ္ဂေ ပါဏုပေတံ ဓမ္မံ သရဏံ ဂစ္ဆာမိ။
          အဇ္ဇတဂ္ဂေ ပါဏုပေတံ သံဃံ သရဏံ ဂစ္ဆာမိ။

Thursday, March 7, 2013

သေရည်အကြောင်း တစေ့တစ်စောင်း


သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ-မေ့လျော့ ပေါ့ဆခြင်း၏, အကြောင်းစင်စစ်, မူးယစ်စေတတ်သော သေရည်အရက်ကို သောက်စားခြင်းမှ၊ ဝေရမဏိ သိက္ခာပဒံ-ကို၊ သမာဒိယာမိ-ပါ၏၊ “သေရည်အရက် သောက်ခြင်းမှ ရှောင်ကြဉ်ပါ၏၊” ဟူလို၊ [သုရာ= သေရည်+မေရယ=အရက်+မဇ္ဇ=မူးယစ်စေတတ်သော+ ပမာဒ= ကုသိုလ်ကောင်းမှု၌ မေ့လျော့ခြင်း၏+ဌာန=အကြောင်း။]

          သေရည်အရက်။   ။မူးယစ်စေတတ်သော အဆောက် အဦ ထည့်ခတ်၍ စီရင်အပ်သော ထန်းရည် ပေရည် ဓနိရည် စသည်ကို “သေရည်”ဟု ခေါ်၏၊ မူးယစ်အောင် စီရင်အပ်သော ပန်းပွင့်ရည်, စပျစ်ရည် စသည်ကို “အရက်” ဟုခေါ်၏၊ သေရည်အရက်သာမက ယခုကာလ သုံးစွဲနေကြသော ကဇော်, ဘိန်း, ကုတ်ကင်း, ဆေးခြောက်, မာဖိယား စသော အားလုံးကိုလည်း ဤသိက္ခာပုဒ်၌ ယူကြသည်။
          ထိုသေရည်အရက်ကို သောက်စားမိလျှင် မူးယစ်၍ တွေးချင်ရာ တွေးကာ ကုသိုလ်ကောင်းမှုနှင့် အလုပ်ကိစ္စတို့၌ မေ့လျော့တတ်၏၊ ထို့ကြောင့် သေရည်အရက်နှင့် ဘိန်း ကဇော် စသော အစာများကို “မေ့လျော့ခြင်း၏ အကြောင်း” ဟု ဆိုသည်။
          [ဆောင်] သေရည်သောက်လင့်, သင့်-မသင့်၌, ရေးခွင့်မသိ, ပျင်းရိ မေ့ရူး, ကျေးဇူးမဆပ်, ဟိရောတ္တပ်ကင်း, ခပင်းများထို, အကုသိုလ်ကို, မငြို လွယ်စွာ, ပြုကျင့်ရာသည်... ရှောင်ခါ အပြန်အကျိုးတည်း။
  သေရည်အရက် စသည်ကို သောက်စားမိလျှင်--
          ၁။       အရေးအခွင့် သင့် မသင့်ကို မသိတတ်ခြင်း။
          ၂။       ပျင်းရိတတ်ခြင်း။
          ၃။        မေ့လျော့ မူးရူးတတ်ခြင်း။ [နောက်ဘဝ အဆက်ဆက်၌ အရူးအနှမ်းလည်း ဖြစ်တတ်ခြင်း။]
          ၄။       သူများက ပြုဖူးသော ကျေးဇူးကို မသိတတ်ခြင်း။
          ၅။       ဟိရီ ဩတ္တပ္ပ ဟူသော အရှက်အကြောက်မှ ကင်းခြင်း။
          ၆။       သေရည်အရက်ကို သောက်မိလျှင် မည်သည့်အကုသိုလ်မှ မရှောင်ကြင်ဘဲ အလုံးစုံ မကောင်းမှုကို ပြုမိလွယ်ခြင်း။
     

Thursday, February 21, 2013

ဓမ္မနဲ့ အဓမ္မ


အဓမ္မ၀တ္ထု(၁၈)ပါး
(၁) တရားမဟုတ်သည်ကို တရားဟုပြ၏။
(၂) တရားကို တရားမဟုတ်ဟုပြ၏။
(၃) ၀ိနည်းမဟုတ်သည်ကို ၀ိနည်းဟုပြ၏။
(၄)၀ိနည်းကို ၀ိနည်းမဟုတ်ဟုပြ၏။
(၅) မြတ်စွာဘုရားမဟောအပ် မပြောအပ်သည်ကို မြတ်စွာဘုရား ဟောအပ်ပြောအပ်၏ဟုပြ၏။
(၆)မြတ်စွာဘုရား ဟောအပ်ပြောအပ်သည်ကို မြတ်စွာဘုရား မဟောအပ်မပြောအပ်ဟုပြ၏။
(၇) မြတ်စွာဘုရားမလေ့ကျက်အပ်သည်ကို မြတ်စွာဘုရားလေ့ကျက်အပ်၏ဟုပြ၏။
(၈) မြတ်စွာဘုရားလေ့ကျက်အပ်သည်ကို မြတ်စွာဘုရားမလေ့ကျက်အပ်၏ဟုပြ၏။
(၉) မြတ်စွာဘုရား မပညတ်အပ်သည်ကို မြတ်စွာဘုရားပညတ်အပ်၏ဟုပြ၏။
(၁၀) မြတ်စွာဘုရား ပညတ်အပ်သည်ကို မြတ်စွာဘုရား မပညတ်အပ်၏ဟုပြ၏။
(၁၁) အာပတ်မသင့်သည်ကို အာပတ်သင့်၏ဟု ပြ၏။

ဓမ္မနဲ့ အဓမ္မ


အဓမ္မ၀တ္ထု(၁၈)ပါး
(၁) တရားမဟုတ်သည်ကို တရားဟုပြ၏။
(၂) တရားကို တရားမဟုတ်ဟုပြ၏။
(၃) ၀ိနည်းမဟုတ်သည်ကို ၀ိနည်းဟုပြ၏။
(၄)၀ိနည်းကို ၀ိနည်းမဟုတ်ဟုပြ၏။
(၅) မြတ်စွာဘုရားမဟောအပ် မပြောအပ်သည်ကို မြတ်စွာဘုရား ဟောအပ်ပြောအပ်၏ဟုပြ၏။
(၆)မြတ်စွာဘုရား ဟောအပ်ပြောအပ်သည်ကို မြတ်စွာဘုရား မဟောအပ်မပြောအပ်ဟုပြ၏။
(၇) မြတ်စွာဘုရားမလေ့ကျက်အပ်သည်ကို မြတ်စွာဘုရားလေ့ကျက်အပ်၏ဟုပြ၏။
(၈) မြတ်စွာဘုရားလေ့ကျက်အပ်သည်ကို မြတ်စွာဘုရားမလေ့ကျက်အပ်၏ဟုပြ၏။
(၉) မြတ်စွာဘုရား မပညတ်အပ်သည်ကို မြတ်စွာဘုရားပညတ်အပ်၏ဟုပြ၏။
(၁၀) မြတ်စွာဘုရား ပညတ်အပ်သည်ကို မြတ်စွာဘုရား မပညတ်အပ်၏ဟုပြ၏။
(၁၁) အာပတ်မသင့်သည်ကို အာပတ်သင့်၏ဟု ပြ၏။

Tuesday, February 5, 2013

အိပ်စက်ခြင်း ၄-မျိုး


အခါတပါး၌ မြတ်စွာဘုရားသည် ရဟန်းတို့အား အိပ်စက်ခြင်း ၄-မျိုးတို့ကို ဟောတော်မူသည်။
ရဟန်းတို့ လောက၌ သက်ရှိပုဂ္ဂိုလ်များ၏ အိပ်စက်ခြင်း ၄-မျိုးရှိသည်။ ယင်းတို့မှာ-
(၁) ပြိတ္တာတို့၏ အိပ်ခြင်း။
(၂) ကာမဂုဏ်ခံစားသူတို့၏ အိပ်ခြင်း။
(၃) ခြင်္သေ့တို့၏ အိပ်ခြင်း။
(၄) မြတ်စွာဘုရား၏ အိပ်ခြင်း-ဟူ၍ ၄-မျိုးရှိသည်။

ထို ၄-မျိုးတို့တွင်
(၁) ပြိတ္တာတို့သည် များသောအားဖြင့် ပက်လက်အိပ်ကြကုန်၏။
(၂) ကာမဂုဏ်ခံစားသူတို့သည် များသောအားဖြင့် လက်ဝဲနံပါးဖြင့် အိပ်ကုန်၏။
(၃) သားကောင်တို့၏ မင်းဖြစ်သော ခြင်္သေ့မင်းသည် ခြေတဖက်ဖြင့် အခြားခြေတဖက်ကို အနည်းငယ်လွန်ကာ တင်ထားပြီး ပေါင်အတွင်း အမြီးကိုထား၍ လက်ယာနံပါးဖြင့် စောင်း၍ အိပ်ကုန်၏။
(၄) ပထမဈာန်အစရှိသော ဈာန်တို့ကို ၀င်စားနေခြင်းကို မြတ်စွာဘုရား၏ အိပ်စက်နားနေခြင်း-ဟု ခေါ်သည် ဟု ဟောတော်မူသည်။
 

♣ ကျမ်းကိုး။ ။ အင်္ဂုတ္တရ၊ စတုက္ကနိပါတ်၊ အာပတ္တိဘယ၀ဂ်၊ သေယျာသုတ်။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ