Showing posts with label လွမ်းစရာ ရိုးရာသံစဉ်များ. Show all posts
Showing posts with label လွမ်းစရာ ရိုးရာသံစဉ်များ. Show all posts
Thursday, January 1, 2015
Wednesday, May 14, 2014
ဆံဖြူကြီးနှင့် သုံးမ၀င်တယ် (လယ်တီပဏ္ဍိတဦးမောင်ကြီး)
သံဝေဂ ရှစ်ဆယ်ပေါ်တေးထပ်
* ရွတ်တွ
ယွင်းယို ခွေယိုင်နွဲ့လို့၊
တွေမှိုင်သနဲ့ လက်ခြေတုန်၊
နေထိုင်မတဲ့ ရက်တွေကုန်ပြီ၊
သက်မသေရုံ ကျန်ပါတော့။
အရိုးခေါက်ခက် မှိန်တိမ်တိမ်ငယ်၊
ပိန်တလိမ်လိမ် အိုမင်းချေပေါ့နော့။
ကဆုန်လပြည့် ဗုဒ္ဓနေ့နှင့် စပ်လျဉ်းသော ရှစ်လုံးဘွဲ့ ကဗျာများ
၁။ လောင်းသုမေဓ ညွတ်ခကြည်လင်၊
ဒီပင်္ကရ ဗုဒ္ဓ ထံတွင်၊
နိယတပန်း ဆင်မြန်းပန်ဆင်၊
ကဆုန်လ ကြုံရ လပြည့်တွင်။
၂။ သုဒ္ဓေါဒန မွေးဘ သခင်၊
တောင်ညာတင်ထား ထင်ရှားဂုဏ်အင်၊
မာယာ မိဝမ်း ဖွားသန့်ကာစင်၊
ကဆုန်လ ကြုံရ လပြည့်တွင်။
၃။ ပရိဘောဂ နာမမည်တွင်၊
စေတီထိုက်ဘိ ဗောဓိညောင်ပင်၊
မြေမှ ပေါ်ပေါက် အံ့လောက်စွာပင်၊
ကဆုန်လ ကြုံရ လပြည့်တွင်။
Tuesday, May 13, 2014
ကဆုန်လဘွဲ့ ကဗျာများ
ကဆုန်လပြည့်နေ့မှာ ကဆုန်လဘွဲ့ မြန်မာကဗျာတွေကို စုစည်းပြီး တင်ပေးလိုက်ပါတယ် ...
ကဆုန်လဘွဲ့ (လေးဆစ်) - ဖိုးသူတော် ဦးမင်း
စကားဝါငုံ သင်းလို့၊
ကြယ်မင်းတဲ့ ဝိသာခါ။
တိမ်ဗွေမှာ ရောင်ခြည်ရွှမ်း၊
ထွန်းတဲ့ချိန်ခါ။
စုံကန္တာ၊
ဟေမာမြိုင်ထဲ။
ရွှေကျေးပျံသင်လို့၊
စံပျော်ရွှင် သည်ဟိုကူးလို့ငယ်၊
မြူးကြစမြဲ။ (ဖိုးသူတော်ဦးမင်း)
Saturday, September 21, 2013
“တို့ ပြည် တို့ ရွာ”
အောက်မြို့  အောက်ရွာ၊ မြစ်ချောင်းဖြာ၍
စိမ်းဝါလယ်ကွင်၊ မိုးနံ့ သင်းသည်
ရှုခင်း လှပါပေသည်တကား။
အထက် အညာ၊ နေခြည်ဖြာ၍
တောင်ယာခင်းပြန့် ၊ ထနောင်းနံ့ နှင့်
သင်းပျံ့  ပါပေသည်တကား။
ရှမ်း ချင်း ကချင်၊ တောင်းတန်းတွင်လည်း
နှင်းရွှင် ပက်ဖျန်း၊ ထင်းရှူးတန်းနှင့်
တင့်ဆန်း ပါပေသည်တကား။
Thursday, September 12, 2013
သီတင်းသီလ စောင့်သုံးကြပါစို့
ရတနာစိန်ကျောက်သို့
ထွန်းတောက်တဲ့ သာသနာ ။ ။
ပြည်မြန်မာ တဝှမ်းလုံးမှာဖြင့်
ကြည်သဒ္ဓါ လွှမ်းဖုံးပါလို့
စောင့်သုံးရာ ဥပုသ်သီတင်း
ဝါတွင်းချိန်ခါ ။ ။
အဋ္ဌင်္ဂ နဝင်္ဂါ
မြတ်သီလာ စောင့်သုံး ။ ။
ထွန်းတောက်တဲ့ သာသနာ ။ ။
ပြည်မြန်မာ တဝှမ်းလုံးမှာဖြင့်
ကြည်သဒ္ဓါ လွှမ်းဖုံးပါလို့
စောင့်သုံးရာ ဥပုသ်သီတင်း
ဝါတွင်းချိန်ခါ ။ ။
အဋ္ဌင်္ဂ နဝင်္ဂါ
မြတ်သီလာ စောင့်သုံး ။ ။
Tuesday, September 3, 2013
*** လယ်ဆင်းချိန် ***
တိမ်ညိုညို မိုးသားဆိုင်းတော့
အုံ့ပြမှိုင်း မှောင်ရိပ်ဆင်
မိုးသက်လေ နှင်။
အုံ့ပြမှိုင်း မှောင်ရိပ်ဆင်
မိုးသက်လေ နှင်။
ထယ်သွားကို ပြင်
လယ်ခွင်ကို ဆင်း။
ထယ်ရေး ညက်ညက်ထိုးလို့
ကြိုးစားပါ့ မင်း။
ထီလာစစ်သူ
Artist-Myoe Win Aung
ခရီးသည်ကြီး ဆီက မ-လာတာပါ။
လယ်ခွင်ကို ဆင်း။
ထယ်ရေး ညက်ညက်ထိုးလို့
ကြိုးစားပါ့ မင်း။
ထီလာစစ်သူ
Artist-Myoe Win Aung
ခရီးသည်ကြီး ဆီက မ-လာတာပါ။
Thursday, August 15, 2013
အမရပူရနန်းတော်
ဒီနေ့ ဥပုသ်နေ့ (14.8.2013) သံသေကပ်ကျော် ဘုရား သွားဖူးတော့
အမရပူရနန်းတော်ပုံလေး တွေ့ခဲ့ပါတယ်။
သံသေကပ်ကျော်ဘုရားကျောင်းတေ
လေ့လာလိုသူများအတွက် တင်ပြပေးလိုက်ပါတယ်။
အခြားသောမြို့ဟောင်းတွေကို ပြန်လည်တူးဖော်ကြတယ်။
မန္တလေးနဲ့ အချိန်အခါရော နေရာဒေသပါနီးနေတဲ့ ဘိုးတော်မြို့ဟောင်းကိုတော့
ပါဋလိပုတ်မြို့ဟောင်းနေရာအေ
ပါဋလိပုတ်မြို့ဟောင်းကို တူးဖော်ပြသရန် ခက်ခဲကြောင်း မဇ္ဈိမဒေသ မြို့ရွာများမှ သမိုင်းရုပ်ကြွင်း ပုံရိပ်လွှာများ စာအုပ်၌ သာဝတ္ထိမြန်မာကျောင်းဆရာတော်
Wednesday, July 31, 2013
ကျောင်းတက်ပွဲ့ (သို့) ဆရာကန်တော့ပွဲ
ပန်းကံ့ကော် ကြိုင်သင်းလို့၊ထိန်လင်းတဲ့ရာသီ ။
ထေရ်ဆရာ ခြေတော်ရင်းမှာလ ဝပ်စင်းကာဦးညွှတ်၊ ဝဋ်လွတ်ဖို့ရည်။
ဆရာနှင့်ဒကာ၊
မေတ္တာယှဉ် လက်တွဲ။
ဝေးရပ်ရွာနှင့် နီးရပ်ရွာညီညာလို့
ကျောင်းတော်မှာ လူမစဲ ကျောင်းတက်တဲ့ပွဲ။ (**စပ်မိစပ်ရာ ကိုယ်တိုင်စပ်ပါ**)
ရပ်ရွာတွေမှာ ပတ်ဝန်းကျင်ရွာ အချင်းချင်း အပြန်အလှန် သူ့ရွာ ကိုယ့်ရွာ ရက်သတ်မှတ်ပြီး
အလှည့်ကျ ဆရာတော် ကန်တော့တဲ့ဓလေ့တစ်ခုရှိပါတယ်။ ကျောင်းတက်ပွဲလို့
ခေါ်ပါတယ်။
လယ်သမား
မြိုင်တကြော
ယာတော အပြန်လမ်းပေမို့
မနွမ်းသာ ဝမ်းစာရေးပေပ
အေးမြ ထင်ပေ့။
ကန္တာခရီး
နေထီးကို ပူသည်မထင်မိပါဘု
မိတ်အင်လယ်ယာ ဆိုဖာမှာ သူစံမြန်းတယ်
မြိုင်နန်းမှာမွေ့။
Friday, June 7, 2013
“ဤ ကြာကန်”
ကန်တစ်ဖက်ဆီက
ညဏ်သက်ကာ ဘ၀င်ကြည်ခဲ့ပေါ့
လွင်နီနီ ကြာပွင့်ဖူးငယ်တို့ 
ကန်အနေ ရေသင်ဖြူးမှာလ
နူးညံ့စွာ ဣနြေ္ဒဆင်၍
ရွှင်လေသည် ရေကသိုဏ်းရယ်နဲ့ 
ကိုင်းညွှတ်၍ နေကြရှာ။
ကန်ပေါင်ရိုး
ပင်မျိုး ညိုထိုထိုမှ
ပင်ကုက္ကို ဆိုတဲ့ပန်းတွေက
ရေနန်းစံ ကြာတစ်ဖော်သို့ 
တော်ပေသည် ငါ့ရှင်များပါတဲ့
စကား လေပမာက
ရေနံ့ သာ မြတစ်ခဲဆီသို့ 
ဝဲပျံကျကာ။
Wednesday, May 29, 2013
♣ ချဉ်ပေါင်ဖူးဘွဲ့♣ (ဘကြီးတော်ဘုရားလက်ထက် ဦးဆောင်းဆို လွမ်းချင်း)
အမည်ရယ်ကြီးပါတဲ့၊ ဇနီးရယ်ပျော်လို၊
ဖျဉ်းနားတိုတွင်၊ ချဉ်ပေါင်ညိုပေါ်စဖူးရယ်နှင့်၊
ငါးလူးငယ်မျှင်မျှင်၊ ကြေးမသင် ရေလုံပြုတ်ပါလို့၊
အင်ကုပ်ကယ်ကျယ်ကျယ်နှင့်၊ မင်းဖွယ်စိုးရလောက်လေး..။
ဖျဉ်းနားတိုတွင်၊ ချဉ်ပေါင်ညိုပေါ်စဖူးရယ်နှင့်၊
ငါးလူးငယ်မျှင်မျှင်၊ ကြေးမသင် ရေလုံပြုတ်ပါလို့၊
အင်ကုပ်ကယ်ကျယ်ကျယ်နှင့်၊ မင်းဖွယ်စိုးရလောက်လေး..။
*** အဆန်လမ်း ***
စိတ်တော် ငြီးပြီကွဲ့
ရိပ်ကြီးကိုတဲ့ ခိုတော့မယ်...။
ဖြစ်အပြီး ပျက်စီး ဓမ္မတာမို့
ရုံငါးဖြာ အနိစ္စထုံးကို
ဖုန်းသိပြီကွယ်...။
ရိပ်ကြီးကိုတဲ့ ခိုတော့မယ်...။
ဖြစ်အပြီး ပျက်စီး ဓမ္မတာမို့
ရုံငါးဖြာ အနိစ္စထုံးကို
ဖုန်းသိပြီကွယ်...။
Friday, May 24, 2013
တော်ကဆုန်
ဟေမန် နွေလှန်လို့တုံ့ပြန်တော၊့
ဘွေသဟံဝေယန်အုံ့ဆီက၊
လေပြန်လှုံ့ဆော်ခဲ့ပြီ။ ။
ပင်ပေါ်ထက်၊ရော်ရွက်ဝါထိန်ဝေနှင့် ၊
ခါဂိမှေ သည်တခေတ်တွင်မှ
ညှာလိမ်ကြွေတမည်သစ်မည်ကြောင့်
အသစ်တွေ ထွေကာစုပါလို့၊
ပုရစ်ခွေတမာနုမှာကွယ်၊
ကျေးဥစီစီ ။ ။
ငါးပိကြော် လွမ်းချင်း
မယ်ကိုယ်တိုင်လုပ်ခဲ့
ပိပုတ်တဲ့ ဆားနယ်
ကောင်လုံးထယ်ကို
အိုးလယ်တို ရွှေစဥ့်လူးရယ်နှင့်
နှစ်ကူးကာ လတွေများအောင်လို့
တို့အိမ်အို စားဖိုနားမှာတော့
ထားခဲ့တယ်လေး ။ ။
ပိပုတ်တဲ့ ဆားနယ်
ကောင်လုံးထယ်ကို
အိုးလယ်တို ရွှေစဥ့်လူးရယ်နှင့်
နှစ်ကူးကာ လတွေများအောင်လို့
တို့အိမ်အို စားဖိုနားမှာတော့
ထားခဲ့တယ်လေး ။ ။
Monday, May 20, 2013
“တောမြိုင်ခြေလမ်း”
သာယာငယ် ဆန်းတော့၊
တောင်တန်းကညိုညို၊
စိမ့်စမ်းကစိုသည်၊
သုတ်လေချို သွင်သွင်ဖြူးပါတဲ့၊
ကြည်နူးဖွယ့်သည်မြိုင်ယံမှာ၊
ကျေးငှက်သံ ကျံကျံကြွေးတော့တယ်လေး။ ။
ပင်သပြေ၀ယ်၊
လင်းမြွေရစ်ပတ်၊
ဆီးခြုံစပ်မှာတော့၊
ပတတ်ကနှစ်ကောင်၊
ရှို့ တောင်ယာဟိုတ၀ိုက်
ယုန်ပိုက်ကိုထောင်ကြရဲ့၊
ပညောင်ညို့ ရိပ်သာ၊
တောင်တန်းကညိုညို၊
စိမ့်စမ်းကစိုသည်၊
သုတ်လေချို သွင်သွင်ဖြူးပါတဲ့၊
ကြည်နူးဖွယ့်သည်မြိုင်ယံမှာ၊
ကျေးငှက်သံ ကျံကျံကြွေးတော့တယ်လေး။ ။
ပင်သပြေ၀ယ်၊
လင်းမြွေရစ်ပတ်၊
ဆီးခြုံစပ်မှာတော့၊
ပတတ်ကနှစ်ကောင်၊
ရှို့ တောင်ယာဟိုတ၀ိုက်
ယုန်ပိုက်ကိုထောင်ကြရဲ့၊
ပညောင်ညို့ ရိပ်သာ၊
Thursday, May 16, 2013
“ချုံညိုစွန်းမှာတည့် အလွမ်းဖြေလေး”
ချစ်တဲ့သူငယ်လေ-
သူငယ်ချင်းကောင်း ယောင်းမတို့ လေ။
ဝါဆိုငယ်မှ ၀ါခေါင်၊ ရေဖောင်ဖောင်နှင့်၊
ရွာ့တောင်က ချောင်း၊ ရွာ့နောက်ပေါင်းလို့ ၊
ထနောင်း,ကြောင်ကျစ်၊ ဆူးရစ် ပွင့်ခါ၊
မိုးမရွာသည်။
ရွာပါသော်လည်း မိုးမသည်။
လယ်ပြင်ငယ်မှ ပတ်သန်း၊ ပျို့ ကောက်ငန်းနှင့်၊
အလွမ်းငယ်မှ ဖျော်ရာ၊
နှမကြီးမယ်သာ စိုက်တဲ့၊ ကောက်ငန်းတာကို၊
မောင်ကလေးငယ် မောင်မလာသည်၊
မလာကတည်း၊ နှမကြီးငယ် ၀မ်းမနည်း။
Wednesday, May 8, 2013
*** မွေး မေ သို့ ***
သား နဲ့ အ မေ
တ ပြေ ( ပြည် ) တ ရွာ
အ နေ ကွာ လည်း
ရင် မှာ မ မေ့
တ မြည့် မြည့် ဖြင့်
နေ့ နေ့ ည ည
လွမ်း ရ ပါ သည်
မာ တာ မိ ခင် သိ ပါ စ ။
သား ကို မျှော် မှန်း
အ မေ လွမ်း လျက်
ဝမ်း နည်း ၍ များ နေ မ လား ။
တ ပြေ ( ပြည် ) တ ရွာ
အ နေ ကွာ လည်း
ရင် မှာ မ မေ့
တ မြည့် မြည့် ဖြင့်
နေ့ နေ့ ည ည
လွမ်း ရ ပါ သည်
မာ တာ မိ ခင် သိ ပါ စ ။
သား ကို မျှော် မှန်း
အ မေ လွမ်း လျက်
ဝမ်း နည်း ၍ များ နေ မ လား ။
Saturday, May 4, 2013
မယ်တို့ ပုဂံပြည်
မယ်တို့ နေသည်၊ ပုဂံပြည်တည့်
ရှေ့ ဆီ တစ်ခွင်၊ မြေအပြင်ဝယ်
ညိုစင်မတ်မား၊ တောင်ပုပ္ပါးသည်
ထွားထွားမြင့်ကျိုင်း၊ မြမြမှိုင်း၍
ရှုတိုင်းအံ့အာ၊ လွမ်းဖွယ်သာတည့်
မဟာဂီရိ၊ နတ်မှောင်ကြီ့ နှင့်
ဝင်းမှည့်ကလျာ၊ ရွှေမျက်နှာကို
ပန်ထွာခယမ်း၊ မယ်တို့ မြန်းသော်
ပန်းလှပုဆိုး၊ ခါးပုံထိုးနှင့်
သိုးဆောင်းညီနောင်၊ ရွှေဖျဉ်းမောင်တို့ 
တောင်တော်ခြေရင်း၊ ကြိုလာဆင်း၍
ချစ်တင်းဆိုဟန်၊ နှုတ်ချိုသံနှင့်
ပန်ကြမည်လား၊ ပျိုဖြူထွားဟု
စကားရွှေနှယ်၊ ပန်းနှင့်ရွယ်သည်
မယ်တို့  ပုဂံ ပြည်မှာသော်။
ရှေ့ ဆီ တစ်ခွင်၊ မြေအပြင်ဝယ်
ညိုစင်မတ်မား၊ တောင်ပုပ္ပါးသည်
ထွားထွားမြင့်ကျိုင်း၊ မြမြမှိုင်း၍
ရှုတိုင်းအံ့အာ၊ လွမ်းဖွယ်သာတည့်
မဟာဂီရိ၊ နတ်မှောင်ကြီ့ နှင့်
ဝင်းမှည့်ကလျာ၊ ရွှေမျက်နှာကို
ပန်ထွာခယမ်း၊ မယ်တို့ မြန်းသော်
ပန်းလှပုဆိုး၊ ခါးပုံထိုးနှင့်
သိုးဆောင်းညီနောင်၊ ရွှေဖျဉ်းမောင်တို့ 
တောင်တော်ခြေရင်း၊ ကြိုလာဆင်း၍
ချစ်တင်းဆိုဟန်၊ နှုတ်ချိုသံနှင့်
ပန်ကြမည်လား၊ ပျိုဖြူထွားဟု
စကားရွှေနှယ်၊ ပန်းနှင့်ရွယ်သည်
မယ်တို့  ပုဂံ ပြည်မှာသော်။
Thursday, May 2, 2013
ရွာအဝင်လမ်း
အုံးနှဲ နှင့် ကုက္ကို
ပိတောက်အို နှင့် တမာတန်း
ရွာဝင်လမ်းမှာ အစီရီ
မြေညီညီ အညာလမ်းနှင့်
လိုက်ဖက်က ညီ ။
အတွေးရယ် မပီ့ တပီ
ဆွေးချက် က အီ သနဲ့ 
ဒီလူမှာ မျက်ရည်စက်နဲ့ 
အညာမြေ ရွာဝင်လမ်းကို
လွမ်းမိပါရဲ့ ..။
**************************
ချစ်သော..................သ
ကဗျာဆရာကိုချစ်မွှေး တောင်းဆိုထားတဲ့ ကဗျာခေါင်းစဉ်နှင့် ပုံလေးအားမှီငြမ်း ပြီး
ရေးပါသည်..
အနော့်သူငယ်ချင်းကိုချစ်မွှေ
Lin Tun ၏ facebook မှ
Subscribe to:
Posts (Atom)
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ