စိတ်တော် ငြီးပြီကွဲ့
ရိပ်ကြီးကိုတဲ့ ခိုတော့မယ်...။
ဖြစ်အပြီး ပျက်စီး ဓမ္မတာမို့
ရုံငါးဖြာ အနိစ္စထုံးကို
ဖုန်းသိပြီကွယ်...။
ရိပ်ကြီးကိုတဲ့ ခိုတော့မယ်...။
ဖြစ်အပြီး ပျက်စီး ဓမ္မတာမို့
ရုံငါးဖြာ အနိစ္စထုံးကို
ဖုန်းသိပြီကွယ်...။
ယင်းငါးဖြာ မပျော်မွေ့လျှင်ပ
ဘုံဓလေ့တဲ့ သံသရာ
ပျော်စရာပ ရှိဘူး...။
သမာဓိ သတိ ပညာနဲ့
သံသရာ သြဃဝဲကို
အားခဲလို့ကူး....။ ။
မောင်မိုးဆွေ
ခရီးသည်ကြီး facebook မှ