Showing posts with label ပုံပြင်. Show all posts
Showing posts with label ပုံပြင်. Show all posts

Tuesday, April 16, 2013

အငြင်းသန်၍ အရိုက်ခံရသော သူငယ်ချင်းနှစ်ယောက်

မင်္ဂလာအပေါင်းခညောင်းပါစေလို့ ဆုမွန်တောင်းရင်း ဖတ်မိတဲ့ ပုံပြင်လေးကို ဝေငှပေးလိုက်ပါတယ်။
တစ်ခါတစ်ရံမှာ အရှိကို အရှိအတိုင်း ရိုးရိုးလေး မမြင်နိုင်သူတွေက ကိုယ်ထင်ရာကို အဟုတ်မှတ်လူတတ်ကြီးလုပ်ပြီး တစ်ဖက်ပုဂ္ဂိုလ်ရဲ့ စကားကို ငြင်းဆန်လိုက်တတ်ကြပါတယ်။ အဲဒီလို ငြင်းခုံကြရင်းနဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ခံစားရတတ်ပါတယ်။

မိမိတို့ရဲ့ ခန္ဓာက အနိစ္စလို့ပြောတယ် အဲဒါကို နိစ္စလို့ ထင်ရင်း အနိစ္စကို ငြင်းဆန်နေတတ်ပါတယ်၊ ဒုက္ခလို့ ရိုးရိုးလေး ပြောပြတာကိုလည်း သုခထင်တယ်ကွလို့ ကွန့်တတ်ကြပါတယ်၊ အနတ္တလို့ ခန္ဓာက အသံမြည်ပြပေမယ့် အတ္တလို့ ငြင်းခုံနေမိတတ်ပါတယ်။ ဒီလိုတွေ ငြင်းခုံရင်းနဲ့ အားကိုးမှားလိုက်ရင်တော့ မလိုလားအပ်တဲ့ ဆင်းရဲမှုဒဏ်ချက်တွေကို ကုန်းရုန်းခံစားရမှာ သေချာပါတယ်။

ဒါကြောင့် ခန္ဓာက ပြောတဲ့အတိုင်းရိုးရိုးလေးပဲ မြင်လိုက်ကြရအောင်ပါ...
ဖတ်မိတဲ့ ပုံပြင်လေးကတော့...အောက်ပါအတိုင်းပါ။

Friday, October 12, 2012

♣♣ နိဗ္ဗာန်ကို အဟုတ်မက်ပေမယ့် နှုတ်ဆက်ရဦးမယ် ♣♣


 
သတ္တ၀ါတိုင်းဟာ ဖြစ်လေရာ ဘ၀၊ ရောက်လေရာအရပ်မှာ ချမ်းသာချင်ကြတာချည်းပါပဲ၊ ဒါပေမယ့် လက်တွေ့မှာ ဆင်းရဲနေကြရတာကတော့ ဘ၀ရည်မှန်းချက်နဲ့ လမ်းစဉ်တွေ လွဲမှား ကြလို့နဲ့ တူပါရဲ့။ ချမ်းသာခြင်းဆိုတာကလည်း အဓိပ္ပါယ်အမျိုးမျိုး ကောက်ယူနိုင်တာကိုး၊ ဒါမှမ ဟုတ် ချမ်းသာစစ် ချမ်းသာမှန်ကို ရှာမတွေ့သေးလို့လည်း ဖြစ်နိုင်ပါတယ်။

စာပေတွေထဲမှာက” လူ၊နတ်၊နိဗ္ဗာန်(၃)တန်ချမ်းသာ”လို့ မှတ်တမ်း ရှိပါတယ်။ အဲဒီထဲမှာ လူချမ်းသာ၊ နတ်ချမ်းသာဆိုတာတွေက ဝေဒယိကသုခ=အာရုံခံစားမှု ချမ်းသာတွေဖြစ်ပြီး နိဗ္ဗာန်ချမ်းသာ ဆိုတာကတော့ သန္တိသုခ=အာရုံခံစားမှုမဖက် ငြိမ်းအေးချမ်းမြေ့မှု သက်သက်လို့ ဖွင့်ဆိုဖော်ပြကြပါတယ်။ ဝေဒယိကသုခ ကာမရသ=(လိုချင်နှစ်သစ်ဖွယ် ရှိပါပေစွလို့ ကပ်ငြိ တွယ်တာမှု)ကို ဖြစ်ပေါ်စေပြီး သန္တိသုခကတော့ ၀ိမုတ္တိရသ=(လွတ်လပ်ပါပေစွလို့ ရွှင်လန်း ချမ်းမြေ့မှု)ကို ဖြစ်ပေါ်စေပါတယ်။ ကာမရသဟာ ဆင်းရဲပင်ပန်းခြင်း များစွာနဲ့ ရောပြွမ်းနေပြီး၊ ၀ိမုတ္တိရသကတော့ ဆင်းရဲပင်ပန်းမှု ဟူသမျှ လုံးဝကင်းလွတ်နေပါတယ်။ ဒါကြောင့် သူတော် ကောင်းသူမြတ်တွေက ‘နိဗ္ဗာန်’ ဟာ ချမ်းသာစစ် ချမ်းသာမှန်လို့ ဟောညွှန်ကြခြင်းဖြစ်ပါတယ်။

Tuesday, October 9, 2012

(ကြေးအိုးခိုးသွား၏)




တစ်ခါက ရွာတရွာ ဆွမ်းကပ်ပွဲမှာ လူတွေက မုန့်ဟင်းငါး ဆွမ်းကပ်ပါတယ်။ ပဲပြုတ်သူပြုတ် ငါးရိုးထွင်သူက ထွင် ငှက်ပျောသီးလှီးသူက လှီးနဲ့ မအားရ မနားရအောင် အလုပ်တွေ လုပ်ကြရသတဲ့။

     ဟင်းချက်တဲ့အခါ ကြေးအိုးတွေနဲ့ ချက်ကြရပါတယ်..။ ဘုန်းကြီးများ မုန့်ဟင်းငါး ဆွမ်းကပ်၊ လူများကျွေးပြီးလို့ ညက ပင်ပန်းလို့ အိုးမသယ်နိုင်၊ ခွက်မသိမ်းနိုင်နဲ့ ခြေပစ် လက်ပစ် အိမ်ကြပါလေရော့တဲ့ကွယ်။

    နေ့မသိမ်းအားတာ ထား၊ ညရောက်တော့ ပန်းကန်အိုးခွက်ပက်လက်နဲ့ ဆက်လက်အိမ်ကြတာပေါ့...။

အဲဒီအချိန် သူခိုးတယောက်က အကွက်ကောင်းချောင်နေသူဖြစ်တော့ ညရောက်တော့ ဒီကြေးအိုးကြီး လာခိုးမှ တော်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ သူခိုးကလဲ ညခိုးဖို့ ပြင်ဆင်ထားပေမယ့် အိပ်ပျော်နေလို့ မနက်လင်းအားကြီးရောက်မှ နိုးလေသတဲ့ကွယ်။
မနက်လင်းပေမယ့် သွားခိုးသေးသတဲ့..။

       

Sunday, August 12, 2012

စိတ်တိုမယ် ဆိုပါက အမြန်ဆုံးသာ စိတ်တိုလိုက်ကြပါ

* အင်း ခေါင်စဉ်နာမည်ကလည်း ဘယ်လိုကြီးပါလိမ့် အများတကာက စိတ်မတိုဖို့ စိတ်ကိုထိန်းဖို့ ပြောကြဟောကြပါတယ် ဘာလို့များ ဒီခေါင်းစဉ်ကို အမည်ပေးထားပါလိမ့်နော်လို့ စာဖတ်သူတို့ အတွေးနယ်ချဲ့ကြလိမ့်မယ်လို့ ယူဆပါတယ်။ ခေါင်းစဉ်အမည်နဲ့ ရေးထားတဲ့စာက ဘယ်လိုသက်ဆိုင်မှုရှိနေ တယ်ဆိုကို ခေါင်းစဉ်ကိုပဲ ကြည့်ပြီး အတွေးနယ်ချဲ့ကာမနေကြပါနဲ့ စာကိုယ်ထဲမှာ ဘာကိုရည်ညွှန်းရေးထားတယ်ဆိုတာကို ဆက်လက် ဖတ်ရှုလိုက်ကြပါအုန်းလို့ ရှေးဦးပဏာမအနေနဲ့ မှာလိုက်ပါရစေ...။

· ကဲ စမယ်နော် ခေါင်းစဉ်အမည်က ဆရာသမားတွေ ဆုံးမထားတဲ့ ပုံပြင်တစ်ပုဒ်ရဲ့ အမည်လေးပါ စာရေးသူတို့ စာဝါတက်နေစဉ်အခါကပေါ့ စာချဆရာတော်တစ်ပါးက စာရေးသူတို့ တပည့်များကို ပုံပြင်လေးတစ်ပုဒ်နဲ့ ဥပမာပေးပြီး ဆုံးမခဲ့တာပါ ငါ့ရဲ့တပည့်တွေကတော့ ဟိုပုံပြင်ထဲက ခွေးကြီးလို ဖြစ်နေကြမယ်နော် တစ်ခါက ရွာတစ်ရွာမှာ တောလိုက်နေတဲ့ မုဆိုးကြီးတစ်ယောက်ရှိခဲ့တယ်..။

သူ့အိမ်မှာ သူနှင့်အတူ တောလိုက်တဲ့ သူမွေးထားတဲ့ ခွေးတစ်ကောင်လည်း ရှိတယ်တဲ့ ။ တစ်နေ့မှာ မုဆိုးကြီးက သူ့ရဲ့ခွေးက တောလိုက်တာ ဘယ်လောက်တော်သည် ဘယ်လောက်ကောင်းသည် ဘယ်လောက်သတ္တိရှိသည် စသည်ပေါ့ သူ့ခွေးကြီးရဲ့ဂုဏ်ပုဒ်တွေကို လူအများကို ပြောတာပေါ့ လူတွေကလည်း ဟဲ့ မုဆိုးကြီး မင်းရဲ့ခွေးက ဘယ်လောက်တောင် သတ္တိရှိပြီး တော်တာတုန်း စသည်စသည်ပေါ့ မေးကြတော့တာပေါ့လေ သည်အချိန်မှာ မုဆိုးကြီးကလည်း ငါ့ခွေးကတော်တော်သတ္တိရှိတာနော် သူစိတ်တိုလာပြီဆိုလျှင် ဘယ်သားကောင်ကိုမှ မကြောက်ဘူးကွ ကျားတွေ ခြင်္သေ့တွေကိုတောင် ကိုက်သတ်နိုင်တဲ့ သတ္တိရှိတယ်ဗျ


Wednesday, July 25, 2012

အကျွတ်တရားအကြောင်း

တစ်ရံရောအခါ  အမရပူရနေပြည်တော်၌ အပျော်အပါး ကာမဂုဏ်ကျူးသော ကိစ္စတွင် တစ်ခေါ်စလောက် နာမည်ရသော မင်းသား မောင်ကျောက်လုံးသည် သံဘိုဆရာတော် ဘုရားကြီးထံတော်သို့ အပေါင်းအပါ မင်းမှုထမ်း နောက်လိုက်အချို့နှင့် ရောက်ရှိလာလေ၏။ လှူဖွယ်ဝတ္ထုများ ကပ်လှူပြီး လျှောက်ထားသည်မှာ …..

မင်းသားမောင်ကျောက်လုံး။       ။ ဆရာတော်ဘုရား ကျန်းခံ့သာလို့ မာပါစဘုရား၊
တပည့်တော်လည်း အဖူးအမြော်ရောက်ဖို့ရာ မင်းမှုထမ်းဆိုတော့ မလွယ်လှပါဘုရား။

          ဆရာတော်။       ။ အိမ်း….ဟုတ်ပေမပေါ့ကွဲ့၊ “ကိစ္စများမြောင် လူတို့ဘောင်” ဆိုတယ် မဟုတ်လားကွဲ့၊ နို့ ဒါနဲ့အကြောင်းထူး ကိစ္စများ ရှိသေးသလား မောင်ကျောက်လုံးရဲ့။

          မင်းသားမောင်ကျောက်လုံး။       ။ တင်ပါဘုရား ….. တပည့်တော်လည်း ထီးရိပ်နန်းရိပ် လောကစည်းစိမ် ခုံလှုံရတာ ငြီးငွေ့လှပါပြီဘုရား၊ ဒါကြောင့် အကျွတ်တရား ရရာရကြောင်း တရားဓမ္မများ ချီးမြှင့်စေလိုပါတယ်ဘုရား…။

          ထိုအခါ မင်းသားမောင်ကျောက်လုံးအကြောင်း (ရှေးဦး)မဆွကပင် ကြားသိတော်မူပြီးဖြစ်သည့် ဆရာတော်ဘုရားကြီးမှာ ပြုံးတော်မူပြီးသကာလ အနှီသို့ မိန့်တော်မူ၏။

          “ဒကာ ကျောက်လုံး မင်းသားရေ မင်းသားလို ပုဂ္ဂိုလ်က တို့များကို အကျွတ်တရား ဟောခိုင်းတော့ တရားပြဖို့တောင် ခပ်ခက်ခက်ပဲ ဟရို့၊ နို့ပေမယ့် သဘောပေါက်အောင်တော့ ဟောရ ပြောရသေးသပ၊ ဟိုရှေးအခါက တရားပြကောင်းတဲ့ ဘုန်းကြီးတစ်းပါးနဲ့ ကျောင်းဒက တစ်ယောက်လို ဖြစ်မှာလဲ စိုးရသကွဲ့” ဟု မိန့်တော်မူရာ မင်းသား မောင်ကျောက်လုံးနှင့် အနီးရှိ ဒကာ ဒကာမအချို့က တောင်းပန်သဖြင့် အောက်၌ပါသော ပုံပြင်ကို ဟောကြားတော်မူလေသည်။

         

Monday, July 23, 2012

သူငယ်ချင်း (၃)ယောက်

မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တာတွေထဲမှာ
တချို့က “ဧကော်ဓမ္မော” တစ်ခုတည်းသော တရားဖြစ်ပေမယ့်၊ တချို့ကတော့ အစုံလိုက်၊ အတွဲလိုက် လက်ခံကျင့်သုံးကြရတာပါ။
ဥပမာ ပညတ်နဲ့ပရမတ်၊ သီလ-သမာဓိ-ပညာ၊ သစ္စာ(၄)ပါး၊ ဣနြေ္ဒ(၅)ပါး၊ အာရုံ(၆)ပါး
ဗောဇ္ဈင် (၇)ပါး၊ မဂ္ဂင်(၈)ပါး စသဖြင့် အများကြီးပါ။
ဒီလို အစုလိုက် ကျင့်သုံးထိုက်တဲ့ တရားတွေထဲက ကိုယ်နှစ်သက်ရာကလေး
တစ်ခု၊ နှစ်ခုကို လက်ကိုင်ထားပြီး
သန်ရာသန်ရာ အငြင်းပွားနေမယ်ဆိုရင်
ပြည့်စုံမှန်ကန်နိုင်မှာ မဟုတ်သလို
တရားတော်ရဲ့ လိုရင်းအကျိုးကလည်း
ပြီးစီးမှာ မဟုတ်တော့ပါဘူး။

တကယ်တော့ တရားတော်တွေဆိုတာ ငြင်းခုံစရာတွေ မဟုတ်ပါ။ ငြင်းခုံမှု၊
ပဋိပက္ခ၊ ၀ိဝါဒတွေကို ပြေငြိမ်းသွားစေတဲ့ ငြိမ်းချမ်းရေးသံတမန်ပါ။
ပြီးတော့ တရားတော်မြတ်ရဲ့ အဆီအနှစ်တွေဆိုတာ သဘောထားကြီးကြီး
အသိဥာဏ်ကျယ်ကျယ်၊ စိတ်နေမြင့်မြတ်တဲ့သူတွေ နှလုံးသားမှာသာ
ကိန်းရိုးထုံးစံရှိပါတယ်။

တောင်ဆီက မောင်နီ

ပညာမဲ့က ရွှေထူတဲ့ဘုရားမှ ရိုသေတယ်၊ ပညာရှိက ဘုရားသဘာဝသူမို့ အားလုံးကို ရိုသေတယ်။ ပညာမဲ့က ဘုရားရှာထွက်တယ်၊ ပညာရှိက အခွင့်ရတိုင်း ဂုဏ်တော်(၉)ပါးကို ပွားများတယ်၊ ပညာမဲ့က နာမည်ကြီးသူပြောရင် ယုံကြည်တယ်။ ပညာရှိက နာမည် ကြီးတိုင်မယုံ၊ ယုတ္တိရှိမှယုံတယ်။ ပညာမဲ့က အထူးအဆန်းကို မြတ်နိုးတယ်။ ပညာရှိက သဘောမှန်မှ မြတ်နိုးတယ်။ ပညာမဲ့က ထုံးစံကို လေးစားတယ်။ ပညာရှိက အသိဥာဏ်ကို လေးစားတယ်။


ယေဘုယျသေဘာ ပြောရရင် အရာဝတ္ထုတိုင်းမှာ အပေါ်ယံ အသွင်သဏ္ဍာန်နဲ့ အတွင်းသားအနှစ်သာရလို့ (၂)ပိုင်း ရှိတတ်ပါတတယ်။ အနှစ်သာရ အတွင်းသားဟာ အပေါ်ယံအသွင်သဏ္ဍာန်ဆိုတဲ့ ဥခွံထဲမှာ သန္ဓေတည် ပေါက်ဖွားလာတတ်တာမျိုးဖြစ်ဖို့ အလွယ်တကူမြင်တယ်။ မြင်နိုင်ခဲလှပါတယ်။ နောက်ပြီး အမျိုးမှန် အဖိုးတန်ဖြစ်တဲ့ ဒီအနှစ်သာရဟာ အသွင်သဏ္ဍာန်ရှိတဲ့ အရာတိုင်းမှာတော့ ရှိနေနိုင်တာမဟုတ်ပါဘူး။
 


သူခိုးနဲ့ကျောင်းဒကာ

ဟိုးရှေးရှေးတုန်းက ကန်ကြီးလို့အမည်တွင်တဲ့ ရွာကြီးတစ်ရွာရှိသတဲ့။ အဲဒီရွာရဲ့ကျောင်းထိုင် ဆရာတော်ကြီးဟာ ဦးအဘယလို့ ဘွဲ့အမည်ရှိပါတယ်၊ ဆရာတော်ကြီးဟာ ရွာကျောင်းမှာ ပိဋိကသုံးပုံ ကုန်စင်အောင် ပရိယတ္တိစာပေတွေ သင်ယူပြီးတဲ့အခါ အဲဒီရွာရဲ့ မနီးမဝေး တောအုပ်ကလေးထဲမှာ တစ်ပါးတည်း တောရဆောက်တည်ပြီး နေတယ်။ ကန်ကြီးရွာက သဒ္ဓါတရားထက်လှတဲ့ ဒကာတစ်ယောက်ဟာ ဆရာတော်ကြီးဦးအဘယကို တောရကျောင်း တစ်ဆောင် ဆောက်လုပ်လှူဒါန်းပြီး ပစ္စည်းလေးပါး ဒါယကာအဖြစ် (၁၂)နှစ်တိုင် ရိုသေ မြတ်နိုးစွာ ပြုစုလုပ်ကျွေးနေသတဲ့။

 အဲဒီကျောင်းဒကာဟာ ဝါဆို၊ သီတင်းကျွတ်၊ ကထိန် ကာလတွေမှာ ဆရာတော်ကြီးကို သင်္ကန်းချုပ်ရန်အတွက် အထည်စ ပိတ်အုပ်တွေကို နှစ်စဉ် မပျက်မကွက် လှူဒါန်းပါတယ်။ ဆရာတော်ကြီးက ဝိနည်းတော်နဲ့ လျော်ညီအောင် ပိတ်စတွေကို ကိုယ်တိုင်ဖြတ်ချုပ် ဆေးဆိုးပြီး သင်္ကန်းအဖြစ် ဝတ်ရုံတာကိုး။ ဒါပေမယ့် ဆရာတော်ကြီးဝတ်ရုံတဲ့ သင်္ကန်းတွေဟာ အမြဲတမ်း ဟောင်းနွမ်းစုတ်ပြဲနေတာကိုပဲ ကျောင်းဒကာက ဖူးတွေ့ရသတဲ့။ အကြောင်းကတော့ ဒါယကာတွေလှူဒါန်းတဲ့ ပစ္စည်းအဝဝကို ကျောင်းဒကာနဲ့ အိမ်နီးနားချင်းဖြစ်တဲ့ ဦးဟန်ပဆိုတဲ့ သူခိုး တစ်ယောက်ဟာ တောရ ကျောင်းကနေ အမြဲခိုးယူနေလို့ပဲ။

တစ်နေတော့ ကျောင်းဒကာဟာ ငါဟာ အရှင်ဘုရားကို သင်္ကန်းလျာ အထည်စ ပိတ်အုပ်တွေ နှစ်တိုင်းမပြတ် လှူဒါန်းနေတာပါ။ ဒါပေမယ့် အဲဒီပိတ်အုပ် အသစ်တွေကို အရှင်ဘုရား သင်္ကန်းချုပ်ဝတ်တာ၊ သိမ်းထားတာ၊ အခြားရှင်ဘုရားရဟန်ကို ပေးကမ်းလှူဒါန်တာ တစ်ခါမျှလည်း မမြင်ဖူးဘူး။ ဒီလိုဖြစ်တာ အကြောင်းထူး ရှိကိုရှိရမယ်လို့ တွေးမိကာ ဒီနေ့တော့ အဲဒီအကြောင်း စုံစမ်းဦးမှပဲဆိုပြီး ညနေမိုးချုပ် နေဝင်သွားတဲ့အခါ ဓား တစ်ချောင်း လက်စွဲပြီး ကျောင်းအနီး ခရီးလမ်းမမှာ ကင်းပုန်းဝပ်ပြီး စောင့်နေသတဲ့။


မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ