Showing posts with label အဆိုအမိန့်. Show all posts
Showing posts with label အဆိုအမိန့်. Show all posts

Monday, June 2, 2014

အရိပ်


လူသည်အရိပ်နောက်သို့လိုက်လျှင် ဘယ်သောအခါမှမမီ၊
အရိပ်ကားလိုက်လေ ပြေးလေးဖြစ်၏။
အရိပ်နောက်မလိုက်တော့ဘဲ ကိုယ့်လမ်းကိုယ်သွားလျှင်၊
အရိပ်ကနောက်မှ ပြန်လိုက်၏။

ထို့အတူ

မေတ္တာစေတနတာမထားဘဲ ငွေနောက်သို့ဒရကြမ်းလိုက်ကာ၊
စီးပွါးရှာလျှင် ဘယ်သောအခါမှမအောင်မြင်၊
ငွေနောက်မလိုက်ဘဲ မေတ္တာစေတနာနောက်လိုက်ကာ၊
အလုပ်ကိုအာရုံစိုက်ကြိုးစားလျှင်၊
ငွေက နောက်မှတကေါက်ကေါက်ပြန်လိုက်၏။
 

(မေတ္တာရှင်(ရွှေပြည်သာ) မေတ္တာဖြင့်စီးပွါးရှာခြင်း- ၅၆။)

Tuesday, October 8, 2013

ကောလာဟလတွေ လွှင့်နေကြတယ်၊


 ဒို့ဗမာပြည်က ကောလာဟလနဲ့ ပတ်သက်ရင် အတော်ရယ်စရာကောင်းတာ၊ ဘာမှ စစ်စစ်ဆေးဆေး မရှိဘူး၊ ဒီတော့ မင်းတို့ခေတ်မှာ အဲဒီ ကောလာဟလတွေ ခဏခဏဖြစ်အောင် လုပ်နေတယ်၊ ဘယ်အဖွဲ့အစည်း လုပ်နေသလဲ မသိဘူးပေါ့ကွာ၊ ဒါ သူတို့သိမှာပေါ့၊ ဘာမှ အကျိုးမရှိဘူး၊ ဘာဖြစ်သွားပြီ၊ ညာဖြစ်သွားပြီ၊ ဘယ့်နှယ်လုပ်လိုက်တယ်၊ ညာနှယ်လုပ်လိုက်တယ်၊ ဒါတွေကို မဆင်မခြင် မစဉ်းစားဘဲ ကြားသမျှ အကုန် မယုံရဘူး

မင်းတို့ ဘိုးတော်လက်ထက်က ဦးပေါ်ဦးလျှောက်ထုံး၊ ဦးပေါ်ဦး လျှောက်ထားတယ်၊ ဘိုးတော်က သူများ ကုန်းတိုက်တဲ့ဟာတွေကို သူက နဲနဲယုံတဲ့ အလေ့အထ ရှိပုံရပါတယ်၊ အဲဒီလို ယုံတဲ့အလေ့အထရှိတော့ တနေ့ ဦးပေါ်ဦးက လျှောက်တယ်၊ ” မှန်ပါဘုရား၊ အရှင်မင်းကြီးရဲ့ ဆင်ထိန်းက အရှင်မင်းကြီးရဲ့ ဆင်တော်ကြီးကို တကောင်လုံး ပြုတ်ပြီးတော့ စားဖို့ ကြံစည်နေပါတယ်ဘုရား”၊


တန်ခိုးရှင်ကို အားမကိုးနဲ့


အသိဉာဏ်နည်းပါး တရားဝေးလံသူတို့သည်
 ကောင်းကျိုးချမ်းသာကို တောင့်တပြီး ဖန်တီးရှင်ထံသွား၍
တောင့်တနေကြတယ်။
ဗြဟ္မာသိကြားနတ်များကို အားထားနေကြသည်။ 
အဆောင်ကောင်း လက်ဖွဲ့ကောင်းများကို
အားကိုးကြသည် ။နာမည်ကြီးသူများထံ သွားရောက်ပြီး သိဒ္ဓိတင်ကြသည် ။ 
သူတိုက၏ အကြောင်းတရားများကား
လောဘတဏှာ အရင်းခံပြီး အချောင်ရလိုခြင်းစသော 
ညစ်နွမ်းသောစေတနာများက ဦးဆောင်နေရကား
 မြတ်သော အကျိုးတရားများကို လက်ခံရရှိလိမ့်မည် မဟုတ်ပေ ။

တရားကျင့်သည် ဆိုရာတွင်…

 
တရားဆိုတာက နေရာရွေးပြီးမှသာ
ကျင့်ရမဲ့ဟာ မဟုတ်ဘူး ။

ကမ္မဋ္ဌာန်းထိုင်နေမှ တရားကျင့်တာ
မဟုတ်ဘူး။

တရားဆိုတာ ဣရိယာပုတ် ၄-ပါးနဲ့
ကိုယ့်ရဲ့စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့
အညစ်အကြေးတွေကို သန့်ရှင်းအောင် လုပ်တာဟာ တရားပဲ။

လက်တွေ့ကျင့်သုံးနေတယ်လို့ ခေါ်တယ်။

Sunday, September 15, 2013

တကယ်ပြစ်မှားရင်


 ကျေးဇူးရှိတဲ့ ပုဂ္ဂိုလ်ကို
တကယ်ပြစ်မှားရင်
မျက်မှောက်ဘဝမှာတင်
ဒုက္ခရောက်တတ်တယ်
သံသရာထိမ နေဘူး။
အသက် ရှည်လို့ ဘုန်းမကြီး
ဘုန်းကြီးလို့ အသက်မရှည်
အဖြစ်မျိုးတွေနဲ့ ကြုံရတတ်တယ်။
ဒါကြောင့် . . .

Monday, September 9, 2013

ပါမောက္ခချုပ် တာဝန်မှ နှုတ်ထွက်ခွင့်တောင်းပြီး နှုတ်ထွက်ခဲ့ရခြင်း အကြောင်းအရင်း သြ၀ါဒကထာ မိန့်ကြားချက်


“ သဗ္ဗံ ပရ၀သံ ဒုက္ခံ၊ သဗ္ဗံ ဣဿရိယံ သုခံ။
သာဓာရဏေ ၀ိဟညန္တိ၊ ယောဂါ ဟိ ဒုရတိက္ကမာ”

 ၁။ သူတစ်ပါးအလို လိုက်ရမှု မှန်သမျှ အလုံးစုံသည် ကိုယ်စိတ်နှစ်ပါး ဆင်းရဲ၏။
၂။ မိမိအလိုအတိုင်း အစိုးတရ ဖြစ်ရမှု အလုံးစုံသည် ကိုယ်စိတ်နှစ်ပါး ချမ်းသာ၏။
၃။ မှန်၏- ယောဂလေးပါးမှ (၀ါ) လောဘ ဒိဋ္ဌိ မောဟမှ လွန်မြောက်နိုင်ခဲသောကြောင့် သတ္တ၀ါတို့သည် တဦးနှင့်တဦး ဆက်ဆံရာ၌ အနိုင်ကျင့် ညှင်းဆဲတတ်ကုန်၏ ဟု ဆိုလိုခြင်းဖြစ်သည်။
ယင်း ဥဒါန်းစကားတော်ကို ဦးထိပ်ပန်ဆင်ကာ
“ ဒိဋ္ဌမေ၀ သုတတော ဗလ၀တရံ ” မျက်မြင်ကိုယ်တွေ့သည်သာလျှင် နားနှင့်ကြားရခြင်းထက် ပိုလွန်အားကောင်း၏”ဟု အဋ္ဌကထာ ဆိုစကားရှိသည့်အတိုင်း စီမံလုပ်ကိုင် ဆောင်ရွက်ချက်များကို ကိုယ်တိုင်မျက်မြင် တွေ့ရှိချက်ဖြင့်သာ သုံးသပ်ရပါမည်၊


Wednesday, September 4, 2013

“ ပြဿနာနည်းချင်ရင် စကားပြောဆင်ခြင်ပါ ”


 စကားပြောတဲ့အခါမှာ -
(၁) ပြောသင့်တဲ့အချိန်မှာ ပြောမယ်။
မပြောသင့်တဲ့အချိန်မှာ မပြောဘူး။
(၂) မှန်တာကိုပဲ ပြောမယ်။ မမှန်တာကို မပြောဘူး။
(၃) ပြောမယ်ဆိုရင်လည်း ကြင်ကြင်နာနာ
ယဉ်ယဉ်ကျေးကျေးနဲ့ သိမ်သိမ်မွေ့မွေ့ ပြောမယ်။
(၄) ပြောတဲ့အခါမှာ အကျိုးရှိတဲ့စကားကိုသာ
ပြောမယ်။ အကျိုးမရှိတာကို မပြောဘူး။
(၅) ပြောတဲ့အခါမှာ မေတ္တာနဲ့ပြောမယ်။ ဒေါသနဲ့မပြောဘူး။

မြတ်စွာဘုရားရဲ့ အဆုံးအမကိုကြည့်ပြီး
ရှေးလူကြီးတွေက ပြောတယ် -
စိတ်ဆိုးရင် စကားမပြောနဲ့တဲ့။

Tuesday, September 3, 2013

ဗြဟ္မစိုရ်တရားလေးပါး


ဗြဟ္မစိုရ်တရားလေးပါးနှင့်စပ်လျဉ်း၍ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏
သြဝါဒတော်ကို နှလုံးအိမ်တွင် စိမ့်ထုံစွဲမြဲနေသင့်ပါသည်။

မေတ္တာဘာဝနာဆိုတာ သူတစ်ပါးအား ချမ်းသာစေလိုတဲ့စိတ်ကို ဖြစ်ပွားစေခြင်းပါပဲ။ ဘာဝနာအနေနဲ့မဟုတ်ပေမယ့်သူတစ်ပါးအား ချမ်းသာစေချင်ရင် အဲဒါမေတ္တာကုသိုလ်စိတ်ပါပဲ။

ကရုဏာဘာဝနာဆိုတာ သူတစ်ပါးအားသနားစိတ်ကို
ဖြစ်ပွားစေခြင်းပါပဲ။ ဘာဝနာအနေနဲ့ မဟုတ်ပေမယ့်သူတစ်ပါးအားသနားရင် ဆင်းရဲမှလွတ်စေချင်ရင် ကရုဏာ ကုသိုလ်စိတ်ပါပဲ။ 

သဒ္ဓါတရားရဲ့ စွမ်းအား




စိတ်ကို ညစ်ပေသွားစေတဲ့ အရာတွေကတော့ ဘာတွေလဲဆိုတော့ ကာမစ္ဆန္ဒ ပါ ။
ကာမ-လိုချင်စရာ အာရုံတွေကို စိတ်ဝင်စားပြီးတော့ ၊
ဆန္ဒ -လိုချင်တဲ့တဏှာ ဖြစ်နေတာကို ခေါ်ပါတယ် ။လိုချင်စရာအာရုံတွေက ဘာတွေလဲဆိုတော့ မျက်စိနဲ့မြင်လိုကရတဲ့အာရုံ ၊ နားနဲ့ကြားလို့ရတဲ့အာရုံ စသည်တွေပေါ့ ။

ဒါတွေဟာလိုချင်စရာတွေဖြစ်တဲ့အပြင် အာရုံတွေနဲ့ စိတ်ကိုနှောင်ဖွဲ့ထားလို့
"ကာမဂုဏ" လို့ခေါ်တာနော် ။" ကာမ" ဆိုတာဟာ လိုချင်စရာ ၊ "ဂုဏ" ဆိုတာ အနှောင်အဖွဲ့လို့ အဓိပ္ပါယ်ရပါတယ်။ သာမာန်နဲ့ ရုန်းထွက်ပြီးတော့ မသွားနိုင်ဘူး ။


မျက်စိနဲ့လည်း လှပတာကြည့်ချင်တယ် ၊ နားနဲ့လည်း သာယာတဲ့အသံကို
နားထောင်ချင်တယ် စသည်ပေါ့ ။ ဒါတွေကို သာမာန်နဲ့ ဖယ်ရှားပစ်နိုင်စွမ်း မရှိဘူးတဲ့ ။အဲဒီလို ကာမစ္ဆန္ဒရှိနေတဲ့ လိုချင်စရာအာရုံတွေပေါ်မှာ စိတ်ဆန္ဒပြင်းပြနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ စိတ်ဟာ ကြည်နေတာမျိုးမဖြစ်ဘူး ။


Saturday, August 24, 2013

“ကဲ..ဘယ်လိုလုပ်ချင်ကြသလဲ”





ရွှေကျင်သာသနာပိုင် ဒီပဲရင်းဆရာတော်ကြီး မိန့်တာ မှတ်ဖူးတယ်၊
“ တောင်းတွေ ပလုံးတွေ ရောင်းတာဟာ အဝေးကြီးက မြင်ရလောက်အောင်
ထုထည်ကြီးသလိုတော့ ထင်ရပါရဲ့..တဲ့၊
ရောင်းရတဲ့ အမြတ်က နည်းနည်းလေး။

စိန်,ရွှေ,ငွေ ရောင်းဝယ်တာကျတော့ တခြားလူမသိလောက်အောင်ကို
ထုထည်သေးလိုက်တာ၊ ဒါပေမယ့် အကျိုးအမြတ်ကတော့ များလိုက်လိုက်တာ။

ဒီလိုပဲ သာသနာတော်မှာ ‘ပကာသနဒါန’ဟာ တောင်းတွေ ပလုံးတွေ ရောင်းတာနဲ့ တူတယ်၊
သဒ္ဓါစစ်နဲ့ လုပ်တာတွေကမှ စိန်, ရွှေ, ငွေ ရောင်းတာနဲ့ တူတာတဲ့၊
ကဲ…ဘယ်လို လုပ်ချင်ကြသလဲ။ (မဟာဂန္ဓာရုံဆရာတော်)

Thursday, August 15, 2013

ပရိယတ္တိစော်ကားလျှင် သာသနာစော်ကားတာပဲ


ပရိယတ္တိကို သင်ယူခြင်းဖြင့် ဒုက္ခမှ မလွတ်နိုင်၍ 
ငါတို့တော့ မသင်ယူပါဟု ပြောဆိုသူမှာ သာသနာတော်ကို စော်ကားသူပါပဲ။ 
တကယ့်အကြီးစားသူခိုးပဲ။


ပရိယတ္တိ နာမ အမှာကံ န ဒုက္ကရာ။ ပရိယတ္တိဝါဝဋော ပန ဒုက္ခတော န မုစ္စတီတိ ပရိယတ္တိံ ဝိဿဇ္ဇယိမှာ’တိအာဒီနိ ဝဒန္တော အတ္တနော မဟာပညတံ ဒီပေတိ။
ဧဝံ ဝဒန္တော ပနဿ သာသနေ ပဟာရံ ဒေတိ။
ဣမိနာ သဒိသော မဟာစောရော နာမ နတ္ထိ။
န ဟိ ပရိယတ္တိဓရော ဒုက္ခတော န မုစ္စတီတိ။(အဘိ,ဋ္ဌ-၂၊ ၄၅၇)

Thursday, August 1, 2013

မသူတော်နဲ့သူတော်

 
❖ မသူတော်က ယုတ်မာတဲ့အလိုဆိုးရှိတဲ့အတွက်
ကိုယ့်အပြစ်ကို ဖုံးကွယ်ထားတတ်ပါတယ်။

❖ သူတော်ကောင်းကတော့
အရှက်ရှိတဲ့အတွက် ကိုယ့်ဂုဏ်ကို
ဖုံးကွယ်ထားတတ်ပါတယ်။

အသပ္ပုရိသော ပါပိစ္ဆတာယ အတ္တနော အဝဏ္ဏံ ဆာဒေတိ, သပ္ပုရိသော လဇ္ဇိတာယ အတ္တနော ဝဏ္ဏံ။(အံ-ဋ္ဌ,၂၊ ၃၁၈)

Wednesday, July 31, 2013

သက်မဲ့ကို ဘေးမဲ့ပေးပါ။

 
လူ့လောကကြီး
 ငြိမ်းချမ်းသာယာချင်လျှင် 
သက်မဲ့တွေကို
 ဘေးမဲ့ပေးပါ။ (ဆရာတော်ကြီးတစ်ပါး)
 

အရှင်အင်္ဂုလိမာလ၏ ဥဒါန်းတစ်ခု

 
ငါ၏ရန်သူတို့သည် သည်းခံခြင်းကို ဆိုလေ့ရှိကုန်သော၊ 
မဆန့်ကျင်မှု မေတ္တာကို ချီးကျူးလေ့ရှိကုန်သော သူတို့၏ 
တရားကို အခါခါ နာကြားနိုင်ကြပါစေကုန်သတည်း။

‘‘ဒိသာ ဟိ မေ ခန္တိဝါဒါနံ, အဝိရောဓပ္ပသံသိနံ၊
သုဏန္တု ဓမ္မံ ကာလေန, တဉ္စ အနုဝိဓီယန္တု။

(အရှင်အင်္ဂုလိမာလ ဥဒါန်းမှ)

တံတားလျှောက်စဉ် သတိထား



တုံးတံတားလျှောက်စဉ် အရပ်တပါး မကြည့်နဲ့၊
 ချောက်သို့ ကျလိမ့်မည်။
သံသရာ တံတားလျှောက်စဉ် သူတပါးအပြစ် မကြည့်နဲ့၊ 
သံသရာချောက်သို့ ကျလိမ့်မည်။ (ပထမရွှေကျင်ဆရာတော်ကြီး)

Tuesday, July 23, 2013

တံတား ခင်းခြင်း အနုပညာ


မိလိန္ဒနဲ့ အရှင်နာဂသိန်တို့ရဲ့ ဘဝဇာတ်ကြောင်းကိုကြည့်ပြီး
"ဉာဏ်ကောင်းချင်ရင် တံမြက်လှည်းကြ၊ အမှိုက်ကြုံးကြ၊ သန့်ရှင်းရေလုပ်ကြလို့ ပြောရတော့မယ်။

တကယ်အံ့သြလောက်အောင် ထက်မြက်တဲ့ ဉာဏ်ပညာတွေကို
သူတို့ဟာ အမှိုက်ထဲက ရခဲ့ကြတယ်။

(အရှင်ဇနကာဘိဝံသ)

ဒီသြဝါဒလေးဖတ်မိတော့ အမှိုက်ကို ဉာဏ်ဘက်ကူးသွားဖို့ တံတားအဖြစ်ခင်းသွားတာပဲလို့ ဆက်တွေးမိတယ်။

Saturday, June 15, 2013

ဒီတစ်ပတ် ရေးမှတ်မိတဲ့ အတိုအထွာကြီးများ


နည်းလမ်းကို မကြံစည်သူဟာ အကျိုးထူးကို မရနိုင်ဘူး။

နာစိန္တယန္တော ပုရိသော, ဝိသေသမဓိဂစ္ဆတိ၊(ဇာတက-၁, ၂၇)

*****

ယောက်ျားမှန်က ကြိုးစားရာ၏၊ ပညာရှိ မပျင်းမရိရာ။

ဝါယမေထေဝ ပုရိသော,
န နိဗ္ဗိန္ဒေယျ ပဏ္ဍိတော၊(ဇာတက-၁၊ ၂၉)
  

*****

လူယုတ်မာကို ပေါင်းသင်းသူဟာ
အမြဲတမ်း မချမ်းမြေ့ရဘူး။

န ပါပဇနသံသေဝီ, အစ္စန္တသုခမေဓတိ။ (ဇာတက-၁၊ ၃၃)
 

*****

ယုတ်မာသူကို ချီးမြှောက်
ယုတ်မာသူကို ချဉ်းကပ်မှီဝဲသူဟာ
သူ ချီးမြှောက်ထားတဲ့ ယုတ်မာသူရဲ့
ညှဉ်းဆဲ ဖျက်ဆီးမှုကို ခံရတတ်တယ်။

ဥပမာ--- သဉ္ဇီဝက လုလင်က အသက်သွင်းလိုက်တဲ့ (သေပြီးတဲ့)ကျားဟာ
သဉ္ဇီဝက လုလင်ကို ပြန်ပြီး သတ်ဖြတ်လိုက်သလိုပဲ။

Saturday, June 8, 2013

လတ်တလော ရေးမှတ်မိတဲ့ အတိုအထွာကြီးများ

မာနကြီးနေသူဟာ တည်ကြည်မှုစတဲ့ ဆုံးမကြောင်းတရားတွေ မရှိနိုင်ဘူး။

န မာနကာမဿ ဒမော ဣဓတ္ထိ (သံ-၁,-၄)
------------------
အမျှော်အမြင် ဉာဏ်မရှိတဲ့သူတွေက
သူတစ်ပါးကို ကြမ်းကြမ်းတမ်းတမ်း
အထက်စီးက ဖိပြီး ပြောဆိုလိုက်လို့
ငါနိုင်သွားပြီ လို့ ထင်တတ်ကြတယ်။

သည်ခံမှုဂုဏ်ကျေးဇူးကို
သိမြင်ကြတဲ့ ပညာရှိသူများကတော့
သည်းခံခြင်းသာ တကယ့်အောင်နိုင်ခြင်းဖြစ်တယ်။

Saturday, May 25, 2013

သြော်.........ဆရာ


ဆရာက ဥယျာဉ်မှူးဆိုတော့
တပည့်က ပန်းကလေးဖြစ်ခွင့်ရတာပေါ့။

ဆရာက မိုးကောင်းကင်ဆိုတော့
တပည့်က ကြယ်ကလေး ဖြစ်ခွင့်ရတာပေါ့။

ဆရာက ပင်လယ်ပြင်ဆိုတော့
တပည့်က လှိုင်းကလေးဖြစ်ခွင့်ရတာပေါ့

ဆရာက ဓားသွေးကျောက်ဆိုတော့
တပည့်က ဓားကလေး ဖြစ်ခွင့်ရတာပေါ့။

ဆရာက မေတ္တာကန်ဆိုတော့
တပည့်က ကြာပန်းလေး ဖြစ်ခွင့်ရတာပေါ့။

ဆရာဟာ တပည့်ရဲ့ ရေသောက်မြစ်ပါ
ဒီအသက် ဒီအရွယ်အထိ တပည့်ရဲ့ ဘဝမှာ
ကြာပန်းလေးလိုလှပ၊ ဓားကလေးလို ထက်မြက်
လှိုင်းကလေးလိုလူးလွန့်၊ ကြယ်ကလေးလို လင်းလက်
ပန်းကလေးလို မွှေးမြပြီး လောကကြီးအလယ်မှာ
တင့်တင့်တယ်တယ်နဲ့ ထည်ထည်ဝါဝါနေနိုင်တာ
ငယ်စဉ်က ဆရာသင်ပေးခဲ့တဲ့ ပညာတွေကြောင့်ပါ။

Thursday, May 9, 2013

သာသနာသန့်ရှင်းရေး



မြန်မာစကားလုံး သုံးထားတာက 'သာသနာသန့်ရှင်းရေး' သုံးထားတယ်။

ဒီစကားက သိပ်ပြီးမှားတယ်။


သာသနာက သူ့ဟာသူ သန့်ရှင်းနေတာ။

ဘာမှဖြစ်တာမဟုတ်ဘူး။

လူတွေမကောင်းလို့၊ လူတွေက ညစ်ပတ်လို့၊

လူမသန့်ရှင်းဘူး၊ လူညစ်ပတ်တယ်။

ရဟန်းညစ်ပတ်တယ်။ ရဟန်းမသန့်ရှင်းဘူး။

သာမဏေ ညစ်ပတ်တယ်။ သာမဏေ မသန့်ရှင်းဘူး။

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ