Saturday, June 15, 2013

ဒီတစ်ပတ် ရေးမှတ်မိတဲ့ အတိုအထွာကြီးများ


နည်းလမ်းကို မကြံစည်သူဟာ အကျိုးထူးကို မရနိုင်ဘူး။

နာစိန္တယန္တော ပုရိသော, ဝိသေသမဓိဂစ္ဆတိ၊(ဇာတက-၁, ၂၇)

*****

ယောက်ျားမှန်က ကြိုးစားရာ၏၊ ပညာရှိ မပျင်းမရိရာ။

ဝါယမေထေဝ ပုရိသော,
န နိဗ္ဗိန္ဒေယျ ပဏ္ဍိတော၊(ဇာတက-၁၊ ၂၉)
  

*****

လူယုတ်မာကို ပေါင်းသင်းသူဟာ
အမြဲတမ်း မချမ်းမြေ့ရဘူး။

န ပါပဇနသံသေဝီ, အစ္စန္တသုခမေဓတိ။ (ဇာတက-၁၊ ၃၃)
 

*****

ယုတ်မာသူကို ချီးမြှောက်
ယုတ်မာသူကို ချဉ်းကပ်မှီဝဲသူဟာ
သူ ချီးမြှောက်ထားတဲ့ ယုတ်မာသူရဲ့
ညှဉ်းဆဲ ဖျက်ဆီးမှုကို ခံရတတ်တယ်။

ဥပမာ--- သဉ္ဇီဝက လုလင်က အသက်သွင်းလိုက်တဲ့ (သေပြီးတဲ့)ကျားဟာ
သဉ္ဇီဝက လုလင်ကို ပြန်ပြီး သတ်ဖြတ်လိုက်သလိုပဲ။

အသန္တံ ယော ပဂ္ဂဏှာတိ, 
အသန္တံ စူပသေဝတိ၊
တမေဝ ဃာသံ ကုရုတေ, 
ဗျဂ္ဃေါ သဉ္ဇီဝကော ယထာ။( ဇာတက-၁, ၃၅ )
 
*****
 
အကောင်းအဆိုး မစူးစမ်း မဆင်ခြင်ဘဲ
အဆောတလျင် ပြုလိုက်တဲ့ အလုပ်ဟာ
လုပ်လိုက်တဲ့သူကို ပူပန် ဆင်းရဲစေတယ်။

ဥပမာ... ပူလောင်တဲ့အစာလား
အေးတဲ့အစာလားလို့ မစူးစမ်း မဆင်ခြင်ဘဲ
ပူလောင်တဲ့အစာကို အရင်စလို စားမျိုမိရင် ပါးစပ်, လည်ချောင်း, ဝမ်းတွေကို
လောင်စေသလိုပဲ။


‘‘အသမေက္ခိတကမ္မန္တံ, 
တုရိတာဘိနိပါတိနံ၊
သာနိ ကမ္မာနိ တပ္ပေန္တိ, 
ဥဏှံဝဇ္ဈောဟိတံ မုခေ’’( ဇာတက-၁, ၃၆ )
 
*****
 
ပျက်စီးဖို့အချိန် အသက်ကုန်ဖို့ အချိန် ရောက်လာတဲ့အခါ
ကိုယ့်ကို ထောင်ခြောက်ဆင်ထားတဲ့
ပိုက်ကွန် ကျော့ကွင်းထဲ ရောက်နေတာတောင် မသိဘူး။


ယဒါ ပရာဘဝေါ ဟောတိ,
 ပေါသော ဇီဝိတသင်္ခယေ၊
အထ ဇာလဉ္စ ပါသဉ္စ,
 အာသဇ္ဇာပိ န ဗုဇ္ဈတီတိ။ ( ဇာတက-၁, ၄၁ ) 
 
 
 
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ