Showing posts with label ဖတ်မိတာလေးများ. Show all posts
Showing posts with label ဖတ်မိတာလေးများ. Show all posts

Tuesday, June 10, 2014

ဖူးမြော်ကြပါကုန် မဟာမုနိဘုရားကြီးသမိုင်း ပုံတော်စုံ ( ဦးမောင်မောင်တင်)


ဒီတစ်ခါတော့ ဘလော့ဂ်မိတ်ဆွေများအတွက် မဟာမုနိသမိုင်းလင်္ကာလေးကို မျှဝေပေးလိုပါတယ်။ မဟာမုနိ ရုပ်ရှင်တော်ကား ကမ္ဘာကလေးစားရသော သမိုင်းဝင် ရုပ်ပွားတော် တစ်ဆူဖြစ်ပါသည်။ မန္တလေးမြို့၏ ကျက်သရေဆောင် အဓိကရ ထင်ရှားသော ဘုရားတစ်ဆူလည်း ဖြစ်သည်။ မန္တလေးသို့ ရောက်သူတိုင်း မဟာမုနိ သို့ မရောက်လျှင် မန္တလေးသို့ ရောက်သည်ဟုပင် မဆိုထိုက်ပေ။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် များသာမက မန္တလေးသို့ ရောက်လာသော ကမ္ဘာ့ခေါင်းဆောင်ကြီးများပင်လျှင် မဟာမုနိ ဘုရားရှင်တော် စံတော်မူရာ ဂန္ဓ ကုဋိကျောင်းတော်သို့ သွားရောက်၍ ဦးခိုက်ပူဇော်ခြင်း လှူဒါန်းခြင်း ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ် ရေးထိုးခြင်းများ ပြုလုပ်ကြသည်။

 
  မြတ်စွာဘုရားသည် သာဝတ္ထိပြည်မှ ရက္ခပူရတိုင်းဓညဝတီပြည်သို့ 
နာက်ပါ ရဟန္တာ ၅၀၀နှင့်တကွ ဒေသစာရီကြွချီတော်မူသောအခန်း။

Monday, June 2, 2014

အသားကြီး ၁ဝ မျိုးလာ " အောင်း" အရှုပ်တော်ပုံ

                                                     (ပုံ- ၁ တိဘက်နွား)

ဝိနည်းဥပဒေအရ ရဟန်းတော်များ မစားအပ်တဲ့ "အကပ္ပိယမံသ" အသားကြီး ၁ဝ မျိုးကို မြန်မာဘာသာ
အားဖြင့် ပြောကြရာမှာ ၁) လူသား၊ ၂)ဆင်သား၊ ၃)မြင်းသား၊ ၄)ခွေးသား ၊ ၅)မြွေသား၊ ၆)ခြင်္သေ့သား၊
၇)ကျားသား၊ ၈) ကျားသစ်သား ၊ ၉) ဝံသား ၊ ၁ဝ) အောင်းသား-- လို့ စာရင်းပြပါတယ်။ အမှတ်စဉ် ၉ ဖြစ်
တဲ့ ဝံသားကို တိတိကျကျပြောရာမှာတော့ "ဝက်ဝံသား" လို့ ကျမ်းစာများမှာ တွေ့ ရတယ်။

အမှတ် ၁ဝ "အောင်း" ကို စူးစမ်းတဲ့အခါ အယူအဆများစွာ ကွဲပြားနေတာ သတိပြုမိပါတယ်။
မြန်မာ-အင်္ဂလိပ်အဘိဓာန်နဲ့ ယုဒသန်မြန်မာ-အင်္ဂလိပ်အဘိဓာန် ၂ စောင်ကိုကြည့်ရာမှာ "အောင်း" ခေါ်တဲ့
သတ္တဝါဟာတိဘက်ဒေသမှာ အများဆုံးတွေ့ ရတတ်တဲ့ အမွှေးရှည် နွားကို ခေါ်ကြောင်း ပြဆိုကြတယ်။
အင်္ဂလိပ်ဘာသာ Yak, Tibet Bull လို့ ခေါ်ပါတယ်။ (ပုံ-၁ ကြည့်) Yak က နွားအထီးကို ခေါ်ပြီး အမကို
တော့ Dri သို့ မဟုတ် Nak လို့  တိဘက်ဘာသာနဲ့ ခေါ်ပါတယ်။


                                                          (ပုံ- ၂ ဟာယိန)

ဝိနည်းပါဠိတော်အင်္ဂလိပ်ဘာသာပြန်၊ အသားကြီး ၁ဝ မျိုးအကြောင်းအင်္ဂလိပ်ဘာသာနဲ့ ရှင်းပြကြတဲ့ ရဟန်း
ပညာရှင်များ၊ ပါဠိ-အင်္ဂလိပ်အဘိဓာန်များအလိုအရကတော့ "တရစ္ဆ=အောင်း" ခေါ်တဲ့ သတ္တဝါဆိုတာ
အာရှ နဲ့  အာဖရိကတိုက်တွေမှာ တွေ့ ရတတ်တဲ့ ဟာယိန (Hyena) ကို ညွှန်ပြကြပါတယ်။ မြန်မာစာအဖွဲ့ 
ထုတ် အင်္ဂလိပ်-မြန်မာအဘိဓာန်က "Hyena (also Hyaena) အာဖရိကနှင့် အာရှတိုက်တို့ တွင် တွေ့ ရ
သည့် ခွေးနှင့်တူ၍ အုပ်ဖွဲ့ နေတတ်ကာ အသေကောင်ကိုစားလေ့ရှိသော၊ လှောင်ရယ်သံအလား အော်မြည်
တတ်သည့် တောရိုင်းတိရစ္ဆာန်" လို့ ရှင်းပြတယ်။

Wednesday, May 14, 2014

မင်းကွန်းဆရာတော်ကြီး မိခင်ကြီးကို ဂရုစိုက်ပုံ

ဆရာတော်သည် အနယ်နယ် အရပ်ရပ်သို့ လှည့်လည် တရားဟောစဉ် တရားနာပရိသတ်ထဲ၌ မိမိ၏မိခင်ကြီး ဒေါ်ဆင်နှင့် သက်တူရွယ်တူ အမျိုးသမီးများ ပါ၍ သူတို့ ဝတ်ထားသော အဝတ်အစားကလည်း မိခင်ကြီးနှင့် လိုက်ဖက်မည် ထင်လျှင် `သည်အဝတ်အစားနာမည် ဘယ်လိုခေါ်ကြောင်း၊ ဘယ်နေရာတွင် ဝယ်၍ ရနိုင်ကြောင်း´ စသည်ကို အခြားသူများ မသိစေဘဲ မိမိတပည့်များကို ထိုအမျိုးသမီးများထံ တိုးတိုးတိတ်တိတ် သွားရောက် မေးမြန်းစေသည်။ ထို့နောက် ကျောင်းပြန်ရောက်သည့်အခါ တပည့်များကို ထိုအဝတ်အထည်မျိုး အဝယ်ခိုင်းပြီး မိခင်ကြီးအား ပေးတော်မူသည်။

မိခင်ကြီးနှစ်သက်သည့် အစားအစာ စသည်ကိုလည်း ဂရုတစိုက် ပေးကာ ကျွေးကာ၊ နေစရာ နေအိမ် ဆောက်လုပ်ပေးကာ၊ သင့်တော်မည့်တရားများလည်း ဟောကြား ပြသပေးကာဖြင့် အလောင်းတော်မြတ် ဗောဓိသတ်ပမာ မာတုပေါသကလုပ်ငန်းကို ဝမ်းမြောက်စွာ ဆောင်ရွက်တော်မူလေသည်။

Tuesday, April 22, 2014

မုန်းသူကို ချစ်အောင်လုပ်နည်း

မိမိအား သူတစ်စုံတစ်ယောက်က မနာလို မုန်းထားခြင်း ခံနေရလျှင် ထိုသူအား မုန်း
စိတ်ကင်းပျောက်သွားပြီး မိမိကို သနားချစ်ခင်စိတ် ၀င်ရောက်လာစေလိုသော် မေတ္တာ ပို့
လွှတ်ပေးရပါမည်။

         မေတ္တာပို့နည်းမှာ = ထိုသူအား ရည်မှန်း၍ မေတ္တာပို့လွှတ်ပေးရမည်၊ မေတ္တာပို့လွှတ်
ပေးနေစဉ် ထိုသူ၏ ရုပ်သွင်ကို မိမိ၏စိတ်အာရုံတွင် ထင်ထင်ရှားရှား ဖြစ်နေပါစေ။ အထူးမှာ
ကြည်လင်ရိုးသား၍ ကြည်လင်သော စေတနာကောင်းဖြင့် ချမ်းသာစေလိုစိတ် ထက်ထက်
သန်သန် လွှတ်ပေးရပါမည်။

        မခံချင်သော မာနစိတ်၊ ပျက်စီးစေလိုသော ဒေါသစိတ်၊ ဆင်းရဲဒုက္ခရောက်သွားစေလို
သော ကောဓစိတ် လုံးဝ(လုံးဝ) ၀င်ရောက်မသွားစေရ၊ ပယ်ထုတ်ပစ်ပါ။ ကြည်လင်သောစိတ်
ဖြူစင်သန့်ရှင်းသော စိတ်စေတနာဖြစ်အောင် ကြိုးစားပါ။ ဒေါသစိတ်ကင်း၍ ဖြူစင်သော
စိတ်စေတနာ ဖြစ်ပေါ်လာပြီဆိုလျှင် မိမိက နိုင်ပြီဟူ၍မှတ်ပါ။

Sunday, April 20, 2014

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ

ပုဂံ ဆိုတာ ကို မြန်မာပြည် တွင်းကပါ မက နိုင်ငံရပ်ခြား တိုင်းပြည်များက ရှေးနှစ်ပေါင်းများစွာ ကတည်းက သိရှိကြ မှာပါ.........
ပုဂံ ကို အစဉ်အလာ မှတ်တမ်းများ အရ ခရစ်နှစ် ၁၀၇ ခုနှစ် က ညောင်ဦးမြို့  တောင်ဘက် ကျောက်ပန်းတောင် မြို့ ဘက်အထွက် တုရွင်းတောင် ရဲ့ အရှေ့ ဘက် ၁မိုင် ခန့် ရှိ ယုန်လွှတ်ကျွန်း အရပ်မှာ သမုဒ္ဒရာဇ်မင်း က ကျေးရွာပေါင်း (၁၉)နဲ့  စတင်တည်ထောင် ခဲ့ပါတယ်.....ကျေးရွာကြီး(၁၉) ရွာထဲမှ ညောင်ဦးရွာ သည် ယနေ့ထက်တိုင် တည်ရှိနေပါသေးတယ်......သမုဒ္ဒရာဇ်မင်းဆက်တွင်
(၁) သမုဒ္ဒရာဇ် မင်းဆက် (၂)ရသေ့ကြောင် (၃) ပျူစောထီး (၄) ထီးမင်းယဉ် ၅) ယဉ်မင်းပိုက် (၆) ပိုက်သေဉ်လည်
(၇) သေဉ်လည်ကြောင် မင်းတို့ ကယုန်းလွှတ်ကျွန်းအရပ်မှာစိုးစံခဲ့ကြပါတယ်......


 သေဉ်လည်ကြောင် မင်းလက်ထက် ခရစ်နှစ် ၃၄၄ ခုနှစ် တွင် ဒုတိယ ပုဂံအဖြစ် လောကနန္ဒာ ဘုရားတည်ရှိတာ ပုဂံမြို့ သစ်တောင်ဘက်
ရေအိုးစင်ချောင်း ရဲ့ မြောက်ဘက် ကမ်းနေရာမှာတည်ထောင်ခဲ့ကြပါတယ်...သေဉ်လည်ကြောင်မင်း မှစပြီး (ဂ) ကြောင် ဒူရစ် (၉) သည်းထန်း (၁၀) သူရဲ (၁၁) သာရမွန်ဖျား (၁၂) သိုက်တိုင် အစရှိမင်း အဆက်ဆက်ထီးနန်းစိုးစံခဲ့ကြပါတယ်....


 သိုက်တိုင် မင်းလက်ထက် ခရစ်နှစ် ၅၁၆ ခုနစ်မှာတော့ တတိယပုဂံပြည် ကိုတည်ထောင်ကြပြန်တယ်..... တမ္ဖ၀တီ လို့ခေါ်ဆိုကြတဲ့  တတိယပုဂံ ကိုတော့ မိဖုရားကြီးဖွားစော နေထိုင်ခဲ့သည်ကို အကြောင်းပြုလို့ ဖွားစော၇ွာ လို့ခေါ် ဆိုကြတဲ့ နေရာမှာပဲ ဖြစ်ပါတယ်.....

Thursday, April 3, 2014

သမ္ဗုဒ္ဓေ မကြောက်သော သရဲ



၁၃၅၀ ခုနှစ်ခန့်က ဖြစ်ပါသည်။ ယ္ခုရန်ကုန်တိုင်း ရွှေပြည်သာမြို့(၆) ၁၃ ရပ်ကွက်မှ ဒေါ်တင်တစ်ယောက် -----မြို့ ဆေးရုံကြီး၏ အရေးပေါ်ခန်း တွင်ရောက်လျက် ရှိသည်၊ ရောဂါက အမျိုးသမီးများတွင် အဖြစ်များသော သားအိမ်ထဲ အကျိတ်အလုံး တည်ခြင်း၊ ရောဂါတစ်ခုပင်။

စိုးရိမ်ရသည့်အတွက် အမြန်ခွဲစိတ်ရမည်ဟု ဆိုကာအရေးပေါ်အခန်းထဲ ထည့်ထားခြင်းပင်။ တစ်ခုခက်နေသည်မှာ ဒေါ်တင်မှာရှိနေသော သွေးတိုးရောဂါပင်။
၎င်းရောဂါကိုအရင်သက်သာအောင် ဆေးစားပြီးစောင့်နေရသည်က နှစ်ရက်သုံးရက်ကြာ သွားသည်။ အရေးပေါ်ခန်းဖြစ်သည့် အတွက်စောင့်ပေးသောညီမမှာ
လည်းအထဲဝင်ခွင့်မရ အခြားနေရာမှသာစောင့်ရရှာသည်။

ညရောက်လာသည်နှင့်ကြောက်စိတ် ကအလိုလိုဝင်လာသည် အားကိုးပြုစရာ ရှာကြည့်တော့ အခန်းထဲတွင် ဘာသာခြားကုလားအမျိုးသမီး တစ်ဦးကိုသာတွေ့
ရသည်၊ ဘာသာရော လူမျိုးပါမတူသဖြင့် တော်တော်နှင့်စကားမပြောဖြစ် သုံးရက်မြောက်နေ့ မနက်တွင်မတော့ ထိုဘာသာခြား အမျိုးသမီးထံမှ ငိုရှိက်သံသဲ့သဲ့
ထွက်လာတော့ ဒေါ်တင်တစ်ယောက်မနေနိင်တော့ မိန်းမချင်းကိုယ်ချင်းစာစိတ်ဖြင့် သွားေ၇ာက်မေးမြန်းမိသည်။

“သြော်-ဒီကညီမ ကျွန်မဘာများ အကူအညီပေးရမလည်းဟင်” သူက“ကျွန်မကို ကယ်နိင်ရင်ကယ်ပါရှင် ကျမနေရမှာ မဟုတ်တော့ပါဘူး” ပြောပြောဆိုဆိုဖြင့်
ဒေါ်တင်ဖက်သို့ လှည့်ကြည့်လိုက်သော ဘာသာခြားအမျိုးသမီးမျက်နှာကို မြင်လိုက်ရသည်နှင့် ဒေါ်တင်တယောက် ထိတ်ခနဲဖြစ်သွားခါ ထရပ်မိတော့သည်

Wednesday, April 2, 2014

ရှင်စောပု ဘ၀ အကြောင်း ( drmyochit )

 
 
ပြည်ထောင်စု မြန်မာ နိုင်ငံ သမိုင်း တလျှောက်တွင် ရှင်စောပု ဟူ၍ မွန် ဘုရင်မ တစ်ပါး ထူးခြားစွာ ပေါ်ထွန်း ခဲ့ပေသည်။ ရှင်စော ပုသည် မွန်တို့၏ မဂဒူး မင်းဆက်တွင် ၁၅ ဆက်မြောက် မင်းဖြစ်သည်။ ရွှေတိဂုံ စေတီ မွန်ကျောက်စာနှင့် အခြား မွန်ကျောက်စာ များတွင်ြ၈ီတြိဘုဝနာဒိတျ ပြ၀ရ ဓမ္မဇေတြ လောကျနာထပြဝရ မဟာဓမ္မ ရာဇာဓိရာဇာဒေဝီ ဘွဲ့ခံ ၀ိဟာရဒေ၀ီ ဟူ၍ လည်းကောင်း၊ ဗညာထာဝ် ...ဟူ၍ လည်းကောင်း ပါရှိသည်။ မွန်ရာဇ၀င်တွင် ၀ိဟာရဒေ၀ီ၊ ၀ိသုဒ္ဓရာဇာ၊ ဣတ္ထိရာဇာ၊ဗညားထောဝ် (မင်းအို) နှင့် သေ၀်စါဝ်ပေါအ် (ရှင်စောပု) ဟူ၍ နာမည် အမျိုးမျိုးဖြင့် ဖော်ပြ ပါရှိလေသည်။

ရှင်စောပု သည် မွန်ရာ ဇ၀င်တွင် အလွန် ထင်ရှားသည့် ရာဇာဓိရာဇ် ဘုရင်နှင့် မိဘုရား ဒလသုဒ္ဓမာယာ တို့မှ ဖွားမြင်သော သမီးတော် ဖြစ်သည်။ ရှင်စော ပု၏ မွေးနေ့ သက္ကရာဇ်သည် ၇၃၅ ခုနှစ်၊ တပေါင်း လဆန်း ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်လေ သည်။ နေ့နံအရ ၀ိဟာရဒေ၀ီဟု စတင် ခေါ်တွင်ခဲ့ဟန် တူလေသည်။ ယင်းနှင့် အတူ တစ်မိ တည်းတွင် ဖွားမြင် သူကား မောင်တော် ဗညားရံ (ဗညားရာံ/ ဗညားရာမ) ဖြစ်လေ သည်။

Tuesday, December 10, 2013

"စိတ်သစ်ကိုင်း"


အားနွဲ့နေတဲ့ သစ်ကိုင်းလေးတစ်ကိုင်းဟာ
ငှက်ကလေးတွေ လာခိုနားခိုက်မှာလည်း
တုန်လှုပ်ယိမ်းယိုင်သွားရတယ်။

အဲဒီလာနားတဲ့ ငှက်ကလေးက တနေရာရာကို
ပျံသန်းစွန့်ခွါသွားချိန်မှာလည်း
တုန်လှုပ်ပြီး ကျန်ရစ်ခဲ့ရတယ်။

တစ်ချို့လူတွေရဲ့ စိတ်ကလည်း
အားနွဲ့တဲ့ သစ်ကိုင်းတစ်ကိုင်းလိုပဲ-

ရာထူး အာဏာဂုဏ် ၊ပညာဂုဏ်၊ ဓနဂုဏ်
အလှဂုဏ်စတဲ့ ဂုဏ်တွေနဲ့ တူတဲ့ ငှက်ကလေးတွေ -
လိုချင်တဲ့လောကဓမ်၊ မလိုချင်တဲ့ လောကဓမ်ဆိုတဲ့
လောကဓမ်ရှစ်ပါးနဲ့ တူတဲ့ ငှက်ကလေးတွေ-
အကြောင်းသင့်လို့ ဝင်နားတဲ့အခိုက်မှာလည်း
တုန်လှုပ် ယိမ်းယိုင်သွားတတ်ကြတယ်။


Monday, October 28, 2013

အိမ်ရိုက်သံ


ဟိုတုန်းက အင်မတန်မှ စိတ်တို၊ စိတ်ဆတ်တဲ့ ကောင်လေး တစ်ယောက်ရှိသတဲ့။ တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို အိမ်ရိုက်သံတစ်ထုပ် ပေးလိုက်ပြီး ပြောပါတော့တယ်။ 

မင်းတစ်ခါ စိတ်တိုတိုင်း သံတစ်ချောင်းကိုနောက်ဖေး က ၀င်းထရံတိုင်မှာ သွားရိုက်ချေကွာတဲ့။
အဖေက အဲဒီလိုပြောပြီး သံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ ၀င်းထရံတိုင်မှာ သံပေါင်း ၃၇ ချောင်းရိုက်သွင်း ဖြစ်သွားတယ်။ အဲဒီလိုနဲ့သူစိတ်တိုတိုင်း သံလေးတွေကို ၀င်းထရံမှာ ရိုက်ရင်းရိုက်ရင်း ကောင်လေးဟာ သူ့စိတ်သူ ထိန်းနိုင်လာသတဲ့။ သံရိုက်ချက်တွေဟာလည်း တစ်နေ့ထက်တစ်နေ့ ကျဲလာခဲ့တယ်။


ဒီလိုနဲ့ ကောင်လေးဟာ ၀င်းထရံမှာ သံပြေးရိုက်တာထက်စာရင် ဒေါသဖြစ်နေတဲ့ စိတ်ကိုထိန်းရတာ ပိုလွယ်မှန်း သဘောက်ပေါက်လာတော့တယ်၊ အဆုံးမှာ ကောင်လေးဟာ စိတ်မတိုပဲနေ နိုင်တဲ့နေ့ကို ရောက်လာရော၊ ကောင်လေးက ပြေးပြီး သူ့အဖေကို သတင်း သွားပို့တယ်…. အဖေရေ… သားတော့ စိတ်ကို ထိန်းနိုင်သွားပြီဗျ။



Thursday, October 17, 2013

"မဟာဂန္ဓာရုံဆရာတော်နှင့် ဘုရားဖူး"


အမရပူရ မဟာဂန္ဓာရုံ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသသည်
ဒကာထိန်ဝင်းကို ခေါ်၍ ၁၃၃၂-ခုနှစ်တွင် ပခုက္ကူမြို့၊ မဟာဝိသုတာရာမတိုက်သို့
အဘိဓဇဆရာတော်ကြီး ဦးသုန္ဒရ၏
"မောင်ဇနက ဖြစ်နိုင်လျှင် ပခုက္ကူတိုက်ကြီးသို့
သာသနာရေးဆွေးနွေးတိုင်ပင်ရန် ခေတ္တလာပါ" ဟူသောမှာကြားချက်အရ ကြွတော်မူခဲ့ပါသည်။

ဆရာတော်အရှင်ဇနကာဘိဝံသ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်ကြီးသို့
ရောက်တော်မူလာသောအခါ တိုက်စာချဘုန်းကြီးများ ဝတ်ပြုကြရာတွင်
သီရိလင်္ကာမှ ပြန်ရောက်စ ကျမ်းပြု ပခုက္ကူအရှင်ကေလာသလည်း အပါအဝင်ဖြစ်သည်။

အရှင်ကေလာသက ဆရာတော် အရှင်ဇနကာဘိဝံသကို
"ဆရာတော်ဘုရား...သီဟိုဠ်ဘုရားဖူး ကြွလိုပါက စီစဉ်ပေးပါမည်ဘုရား" ဟု လျှောက်ထားရာ


Monday, October 14, 2013

ရေကန်ထဲကဆားလို



အရမ်းကောင်းတဲ့ ဥပမာ လေးပါ ...ဖတ်ကြည့်ပါ အရမ်းကောင်းပါတယ်

တစ်ခါတုန်းက ဥာဏ်ပညာထက်မြက်ပြီး အတွေ့အကြုံ ကြွယ်ဝတဲ့ ပညာရှိကြီးတစ်ဦး ရှိပါတယ်… သူဆီကို တစ်နေ့မှာတော့ အိမ်မီးလောင်ပြီး ပိုင်ဆိုင်သမျှ အရာရာကို ဆုံးရှုံးသွားလို့ စိတ်ပျက်အားလျော့စွာနဲ့ ၀မ်းနည်းပူဆွေးပြီး ငိုကြွေးနေတဲ့ လူငယ်တစ်ယောက် ရောက်လာပါတယ်..

ပညာရှိကြီးက ထိုလူငယ်ကို ရေတစ်ဖန်ခွက် သွားယူခိုင်းပြီး ဆားတစ်ဆုပ်ကိုလဲ ယူလာခိုင်းပါတယ်.. ရေဖန်ခွက်ထဲကို ဆားတစ်ဆုပ် ထည့်လိုက်ပြီး ရောမွှေလိုက်ကာ လူငယ်ကို သောက်စေပါတယ်.. ပြီးတော့ ဘယ်လိုအရသာမျိုး ရှိသလဲလို့ မေးတဲ့အခါ ထိုလူငယ်က

“ခါးတူးနေအောင် ငံပါတယ်”. လို့ ပြန်ဖြေပါတယ်


Monday, September 16, 2013

ဗုဒ္ဓဘာသာကို ကမ္ဘာသိအောင် မိတ်ဆက်ပေးခဲ့သည် စာပေပါရဂူ ဦးရွှေဇံအောင်


လယ်တီဆရာဘုရားသည် ဗုဒ္ဓစာပေများကို ပါဋိစာပေမှ မြန်မာဘာသာသို့ အဓိကဘာသာပြန်ပေးခဲ့သည့် ကျေးဇူးရှင်ဆိုလျှင် မြန်မာစာမှ အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ခဲ့သည်မှာ ပထမဦးဆုံး ဦးရွှေဇံအောင်ဖြစ်သည်။

၁၈၇၁ ခုနှစ်၊ ဇန်န၀ါရီလ (၂၀)ရက်နေ့မှာ ရခိုင်ပြည်နယ် ၊ စစ်တွေမြို့၊ ကျောင်းတက်လမ်းရပ်ကွက်တွင် (ဘ)ရာဇ၀တ်ဝန်ကြီး ဦးရွှေသာ နှင့် (မိ) ဒေါ်မိအဖြူဇံတို့မှ မွေးဖွားခဲ့သည်။ ၁၈၉၂ ခုနှစ် ရန်ကုန်တက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့ရခဲ့သည်။ ၁၈၉၄ ခုနှစ်မှာ လယ်ဝန်ဖြစ်လာခဲ့ပြီး အင်္ဂလိပ်ဘာသာဖြင့် မြန်မာ သုတေသနဂျာနယ်တို့တွင် ဗုဒ္ဓအဘိဓမ္မာများကို စတင် ဆောင်းပါးရေးသားခဲ့သည်။ ယင်းခေတ်တွင် ထင်ရှားသော အင်္ဂလန်ပြည်မှ ပါဋိပညာရှင် မစ္စက်ရိုင်းဒေဗစမ်က လယ်တီဆရာတော်ကြီးကို မေးမြန်းသော မေးခွန်ပုစ္ဆာများကို မြန်မာပြန်၍ ဆရာတော်ကြီးကို တင်ပြခဲ့သည်။ လယ်တီဆရာတော်ကြီး ဖြေတော်မူသော အဖြေများကို အင်္ဂလိပ်ဘာသာသို့ပြန်ပြီး လန်ဒန်ပါဋိ လေဒီမစ္စက်ရိုင်းဒေးဗစ်ထံ စာတိုက်က ပေးပို့ပြီး ဗုဒ္ဓစာပေကို ကမ္ဘာသို့ ပြန့်ပွါးအောင် ဆောင်ရွက်ခဲ့သည်။


Sunday, September 15, 2013

တကယ့်နိုင်ငံရေး


ကျွန်တော် မကြာခဏ သတိရနေမိသော အဆိုအမိန့်ကလေးတစ်ခုကို ပြောလိုက်ချင်ပါသည်။ ပြောကြားခဲ့သူမှာ `ဆာရစ်ချတ်လစ်ဗင်းစတုန်း`ဆိုသော ပညာရေး ပါရဂူကြီးဖြစ်လျက် သူ၏ဟောပြောချက်များကို စုပေါင်းထားသည့် `ပညာရေး၏ လုပ်ငန်းဆောင်တာများ(Some Tasks fpr Education)`ဟူသော စာအုပ်တွင် ဖတ်လိုက်ရသည်။ 

သိပ္ပံပညာက လက်တစ်ဖက်မှာ အဏုမြူဗုံး၊ လက်တစ်ဖက်မှာ ပင်နီဆလင်ကိုင်ပြီး ပေးနေတာပဲ။ ဘာကို ရွေးမလဲ။ ရွေးတဲ့အတိုင်း ကမ္ဘာကြီး ကံကြမ္မာဖန်လာမှာပဲ`
ယခုတလော ကမ္ဘာ့သတင်းတွေကို နားထောင်လိုက်တိုင်း အရွေးမှားတော့မည်ထင်ပါရဲ့ဟု အောက်မေ့နေမိသည်။ ဘယ်နေရာကို လှမ်းကြည့်လိုက်ကြည့်လိုက် စိတ်ချလက်ချ ငြိမ်းငြိမ်းချမ်းချမ်းနေရသော နေရာရယ်လို့ မတွေ့ရသလောက်ဖြစ်နေသည်။ အားလုံး ကျီးလန့်စာစား ဖြစ်နေကြရသည်။ စစ်ရေးမက်ရေး၊ အကြမ်းဖက်သမားဘေးတွေက တစီစီဖြစ်နေချိန်တွင် `ဆားစ်`လိုရောဂါဘေးတွေက ၀င်မှောင့်လိုက်ပြန် သေးသည်။



*** တည်းခိုခန်း ***


{*} တစ်ခါတုန်းက ...
ဂျပန်ဘုန်းတော်ကြီး တစ်ပါးဟာ
နန်းတော်ထဲကို ဝင်လာခဲ့ပါတယ် ။
သူဝင်လာတဲ့ အချိန်မှာ
အစောင့်တွေက မတားဆီးလိုက်နိုင်ပါဘူး ။
ဒီတော့ ဘုရင်းကြီးဆီကို
တန်းရောက်သွားပါတယ် ။
ဘုရင်ကြီးလည်း ဘုန်းတော်ကြီးကို
တွေ့လိုက်ရတော့ ချက်ချင်းပဲ
မေးလိုက်ပါတယ် ။
“ အရှင်ဘုရား ...
ဘာများ အလိုရှိပါသလဲ. ဘုရား "
“ ငါအိပ်ဖို့ အခန်းကောင်းကောင်း
တစ်ခန်း အလိုရှိပါတယ် "

Friday, September 13, 2013

ပထမ လူမှုဝန်ထမ်း အမျိုးသမီး ဒေါ်ဦးဇွန်း


မန္တလေးမြို့မှ ဧရာဝတီမြစ်ကြောင်းတလျှောက် အထက်သို့ ၇ မိုင်ခန့် ဆန်တက်လျှင် မင်းကွန်းသို့ ရောက်ပေသည်။ မင်းကွန်းသည် ရွာငယ်ကလေးပင် ဖြစ်သည်။ သို့ရာတွင် မင်းကွန်းစေတီ၊ မင်းကွန်းခေါင်းလောင်း၊ မင်းကွန်း လူအိုရုံတို့ ရှိနေသဖြင့် အဓိကရ ထင်ရှားသောနေရာတစ်ခု ဖြစ်နေပေသည်။

မင်းကွန်းစေတီနှင့် မင်းကွန်းခေါင်းလောင်းကို ဘိုးတော်ဘုရား တည်ခဲ့သည်။ နှစ်ပရိစ္ဆေဒ ကြာညောင်းသည်နှင့်အမျှ ထိုစေတီ၊ ထိုခေါင်းလောင်းတို့သည် အိုခဲ့၊ ဟောင်းခဲ့ပေသည်။

သို့ရာတွင် မင်းကွန်းလူအိုရုံကား ထိုသို့မဟုတ်။ ၁ နှစ်ထက် ၁ နှစ် အသစ်အသစ် တိုးပွားလာခဲ့သည်။ ဘိုးဘွား ၃ ဦးဖြင့် အစပြုခဲ့သော ဤလူရုံသည် ဘိုးဘွား ၃၀၀ အထိ လက်ခံ စောင့်ရှောက်ထားနိုင်သော အခြေသို့ ယနေ့ ရောက်ရှိနေပေပြီ။

Tuesday, September 10, 2013

အခွင့်အရေးကို အမိအရဆုတ်ကိုင်ခြင်း


တစ်ခါတုန်းက ဘဏ်တစ်ခုကို ဓားပြတွေတိုက်ခဲ့တယ်။ ဓားပြတစ်ယောက်က အားလုံးကို အော်ပြောလိုက်တယ် "အားလုံးပဲ မလှုပ်နဲ့ နော်။ ပိုက်ဆံကို နိုင်ငံက ပိုင်သလို မင်းတို့ အသက်ကို မင်းတို့ ပိုင်တယ်နော်" ဒါနဲ့ အားလုံး တိတ်ဆိတ်ပြီး လှဲချလိုက်ကြတယ်။

ဒါကို အမြင်ပြောင်းတဲ့ သဘောတရားလို့ ခေါ်တယ်။ (အစဉ်အလာလိုဖြစ် နေတဲ့ အတွေးအခေါ်တစ်ခုကို ပြောင်းလဲလိုက်ခြင်းပဲဖြစ်ပါတယ်)
-------------------------------------------------

အမျိုးသမီးတစ်ယောက်က စားပွဲပေါ်မှာ မပေါ့တစ်ပေါ်လေး လှဲလျောင်းလိုက်တော့ ဓားပြက "သိက္ခာရှိရှိနေကြပါ။ ဒါ ဓားပြတိုက်နေတာနော်။ အဓ္ဓမကျင့် နေတာမဟုတ်ဘူး။" လို့ ပြောလိုက်တယ်။


ယုံကြည်မှူ့ နှင့် ဗုဒ္ဓဝါဒ

ဗုဒ္ဓ၏ ဟောပြောချက်အရ ယုံမှားသံသယရှိခြင်း (ဝိစိကိစ္ဆာ) သည် အမှန်တရားကို မျက်ဝါးထင်ထင် သိရှိနားလည်ရန် လည်းကောင်း၊ ဘာသာရေးလုပ်ငန်း တိုးတက်မှူ့ရရန်(သို့မဟုတ် မည်သည့် တိုးတက်မှူအတွက်) သော်လည်းကောင်း၊ ပိတ်ပင် တားဆီးစေသည့်(နီဝရဏတရား) ငါးပါးအနက် တစ်ပါးဖြစ်လေသည်။


ယုံကြည်မှူ့ ဖြစ်ရန်အတွက် ယုံမှား တွေးတောမှူ့ မရှိသင့်ဘူး၊ ယုံကြည်မှူ ထားရမည်ဟု တိုက်တွန်းခြင်းမှာ လိုရင်းသို့ မရောက်နိုင်ပေ။ "ကျွန်ုပ် ယုံကြည်ပါသည်" ဟု ပြောကာမျှဖြင့် တကယ်နားလည်၍ တကယ်သိမြင်မှူ့ ရှိသည်ဟု မယူဆနိုင်ပေ။ 


စာသင်သားတစ်ဦးသည် သင်္ချာတစ်ပုဒ်ကို တွက်ချက်ရာတွင် ရှေ့သို့ဆက်လက်၍ မတွက်နိုင်သော အဆင့်သို့ ရောက်လာသောအခါ စိတ်ရှုပ်ပွေခြင်း၊ သို့လောသို့လော တွေးတောခြင်း စသည်တို့ ဝင်ရောက်လာလေသည်။ ဤကဲ့သို့ တွေးတောမှူ ရှိနေသမျှ ၎င်းသည် ရှေ့သို့ တိုးတက်နိုင်မည် မဟုတ်ပေ။



Friday, September 6, 2013

"အသုဘအလောင်းကိစ္စ ကျော်သူရဲ့ ရှင်းတမ်း "

 ရှက်ဖို့ ကောင်းလှသည် . . . ။
ကျွန်တော်တို့ မြန်မာလူမျိုးတွေ . . . အယူသီးပုံ၊ အစွဲကြီးပုံများ တလွဲ ဆံပင်ကောင်းမှုများပင် ဖြစ်တော့ သည်။ ဘာသာခြားများ၊ တိုင်းတစ်ပါးမှ နိုင်ငံခြားသားများသိလျှင် အတော့်ကို ရယ်စရာကြီးဖြစ်နေမည်။

မြန်မာ လူမျိုးများ ကမ္ဘာတွင် ဟာသလူမျိုးဖြစ်ကုန်မည်ကို စိုးရွံ့မိသည်။ ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ အယူသီးမှု၊ အစွဲအလန်းကြီးမှုများကို ကျွန်တော်တို့ တိုက်ဖျက်လာသည်မှာ ယခုအချိန်ထိပင်။ သို့သော် ကျွန်တော်တို့နှင့် ယခုတိုင် အချို့သောသူတို့သည် ပြဒါးတစ်လမ်း . . . သံတစ်လမ်း၊ ဆန့်ကျင်ဘက် အနေအထားပင် ဖြစ်နေသေးသည်။ သူတို့ ထံမှ တီးတိုး ပြောသံများ၊ အကြံဥာဏ် ပေးသံများ၊ ဆရာကြီး လုပ်သံများ၊ အတင်းအဖျင်း ပြောသံများ၊ ရှုတ်ချသံများ၊ မချေမငံ ပြောသံများ စသည့် လူမှုရေး တိုက်ခိုက်သံ၊ အယူသီးမှု စကားလုံးများ ယနေ့တိုင် မကြာမကြာ ကြားနေရဆဲပင် ဖြစ်သည်။
ရှေးလူကြီးများ စကားမပယ်ဖျက် ကောင်းဘူးတဲ့ . . . ဒါက သူတို့ နောက်ဆုံး အနိုင်ယူတဲ့ စကားလုံး။ ဒီတော့ . . . ကျွန်တော် ရှင်းပြီ၊ ရှင်းရပြီ . . . ရှင်းပြီ ဆိုသော်ငြားလည်း ကျွန်တော် ရေးခဲ့ဘူးသော ‘ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးမယ်’ ဟူသောစာစုမှ ကျွန်တော်တို့၏ လူမှုရေးလမ်းပြ ကြယ်ဖြစ်သော ဆရာတော်ကြီးဘဒ္ဒန္တ ဦးတိက္ခ၏ ဟောကြားချက် စကားများမှ စရတော့မည်။

အမျိုး၊ ဘာသာ၊ သာသနာ အတွက် မြတ်စွာဘုရားရှင်သည် ကောင်းတာ လုပ်လျှင် ကောင်းကျိုး ပေးမည်။ မကောင်းတာ လုပ်လျှင် မကောင်းမှုများ ရမည် ဟူ၍ ဟောကြား ခဲ့သည် မဟုတ်ပါလား . . . ။ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများသည် ရတနာသုံးပါးကို ကြည်ညို လေးစား ဦးခိုက်ကြသော်လည်း ကံနှင့်ပတ်သတ်၍ ယုံကြည်မှု အားနည်းမှုများကို တွေ့ရသည်။

Thursday, September 5, 2013

" ရှက်စရာ ကောင်းလိုက်တာ "


ဒီပုံက လေးထဲကလိုဘဲ မိမိတို့တ တွေ တချိန်ချိန်တုံးက ခြင်ထာင်ထဲ မှာခြင် တစ်ကောင် ဖမ်းခဲ့ဘူးပါလိမ့်မယ်။ ကိုယ့်ကို လည်းအကိုက်ခံရလို့နာကလည်းနာလာတဲ့ အခါ နောက်ပြီးနားနာမှာတဝီဝီနဲ့မို့အိပ်လို့က လည်းမရဖြစ်လာတဲ့အခါစိတ်တိုပြီး ခြင်ကို မရ မကလိုက်ဖမ်းပါတော့တယ်။အ ရှောင် အ တိမ်းကောင်းလှတဲ့ခြင် ကံကောင်းထောက်မ လို့လက်ကြားကလွတ်လွတ်နေ တော့ ခြင် ထောင် ထဲမှာခြင် နဲ့ကိုယ်နဲနပမ်းလုံးနေသ လိုလည်းဖြစ်ခဲ့ဘူးကြမှာပါ။နောက်ဆုံးခက်ခက် ခဲခဲဖမ်းရင်းနဲ့ တစ်ချိန်မှာတော့မိမိလက်ဝါးနှစ် ဖက်အကြားမှာခြင် ကိုဖမ်းမိလို့သွားပါတယ် ဝမ်းသာအားရနဲ့မိပြီကွလို့တောင် စိတ်တစ်ချက် ဖြစ်ခဲ့အုံးမှာပါ။

Monday, September 2, 2013

လွှတ်လိုက်ပါ



ငယ်ငယ်က ပုံပြင်လေးတစ်ပုဒ် ကြားဖူးပါတယ်၊

 ဟိုရှေးတုန်းက ဒိသာပါမောက္ခကြီးတစ်ယောက်ရှိတယ်၊ သူ့ဆီကို ပညာလာသင်ကြတဲ့ တပည့်တွေလည်း အများကြီးရှိပါတယ်၊ အနီးနားပတ်ဝန်းကျင်က ဟိုက ဒီက လာပြီး ပညာလာသင်ကြတာပေါ့၊

တစ်နေ့တော့ တပည့်တွေကို အပန်းဖြေသဘောမျိုးလည်း ဖြစ်အောင် အခြားဒေသန္တရဗဟုသုတလည်း ရအောင်ဆိုပြီး သူတို့နေတဲ့နေရာနဲ့မနီးမဝေးက တောထဲကို ပျော်ပွဲစားသဘောမျိုး ထွက်လာကြတယ်၊
တပည့်တွေ အများကြီးနဲ့ပေါ့၊

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ