Thursday, October 17, 2013

"မဟာဂန္ဓာရုံဆရာတော်နှင့် ဘုရားဖူး"


အမရပူရ မဟာဂန္ဓာရုံ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသသည်
ဒကာထိန်ဝင်းကို ခေါ်၍ ၁၃၃၂-ခုနှစ်တွင် ပခုက္ကူမြို့၊ မဟာဝိသုတာရာမတိုက်သို့
အဘိဓဇဆရာတော်ကြီး ဦးသုန္ဒရ၏
"မောင်ဇနက ဖြစ်နိုင်လျှင် ပခုက္ကူတိုက်ကြီးသို့
သာသနာရေးဆွေးနွေးတိုင်ပင်ရန် ခေတ္တလာပါ" ဟူသောမှာကြားချက်အရ ကြွတော်မူခဲ့ပါသည်။

ဆရာတော်အရှင်ဇနကာဘိဝံသ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်ကြီးသို့
ရောက်တော်မူလာသောအခါ တိုက်စာချဘုန်းကြီးများ ဝတ်ပြုကြရာတွင်
သီရိလင်္ကာမှ ပြန်ရောက်စ ကျမ်းပြု ပခုက္ကူအရှင်ကေလာသလည်း အပါအဝင်ဖြစ်သည်။

အရှင်ကေလာသက ဆရာတော် အရှင်ဇနကာဘိဝံသကို
"ဆရာတော်ဘုရား...သီဟိုဠ်ဘုရားဖူး ကြွလိုပါက စီစဉ်ပေးပါမည်ဘုရား" ဟု လျှောက်ထားရာ


ဆရာတော်ကြီးက
" မလိုပါဘူး ဦးကေလာသ... တပည့်တော်က ဗုဒ္ဓါနုဿတိဘာဝနာနဲ့ နေတာပဲ" စသဖြင့် မိန့်ကြားတော်မူလေသည်။ (အရှင်ကေလာသ ကြိုးပမ်းချက်အဖြာဖြာ-စာ-၄၄၂)


*** ဦးအောင်မွန်၏ ကျောင်းကန်အနီးမှ အဖိုးတန်ပုံဝတ္ထုများ စာအုပ်မှ****
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ