Wednesday, May 29, 2013

♣ ချဉ်ပေါင်ဖူးဘွဲ့♣ (ဘကြီးတော်ဘုရားလက်ထက် ဦးဆောင်းဆို လွမ်းချင်း)

 
အမည်ရယ်ကြီးပါတဲ့၊ ဇနီးရယ်ပျော်လို၊
ဖျဉ်းနားတိုတွင်၊ ချဉ်ပေါင်ညိုပေါ်စဖူးရယ်နှင့်၊
ငါးလူးငယ်မျှင်မျှင်၊ ကြေးမသင် ရေလုံပြုတ်ပါလို့၊
အင်ကုပ်ကယ်ကျယ်ကျယ်နှင့်၊ မင်းဖွယ်စိုးရလောက်လေး..။

လယ်ထွန်ပြန်တွင်၊ နွားကန်ပစ်ချ၊
ဆာမွတ်ချိန်ကျသောကြောင့်၊ ဆံစလိပ်ခွေ၊
ဖားလျားဝေနှင့်၊ အိမ်နေသူ့သက်ပန်၊
ချက်ပြောင်းဆန်ကို၊ တစ်ပန်းကန် ကုန်အောင်၊
တက်တက်သာပြောင်တော့၊ ကိုတောင်သူ့အနေ၊
ဗိုက်ဝမ်းရေ ပတ်လည်ကျရယ်နှင့်၊ ယဉ်လှတယ်လေး...။

မြန်မာစာညွန့်ပေါင်းကျမ်း ဒုတိယတွဲ နှာ-၁၈၄ မှ
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ