Wednesday, May 14, 2014
ကဆုန်လပြည့် ဗုဒ္ဓနေ့နှင့် စပ်လျဉ်းသော ရှစ်လုံးဘွဲ့ ကဗျာများ
၁။ လောင်းသုမေဓ ညွတ်ခကြည်လင်၊
ဒီပင်္ကရ ဗုဒ္ဓ ထံတွင်၊
နိယတပန်း ဆင်မြန်းပန်ဆင်၊
ကဆုန်လ ကြုံရ လပြည့်တွင်။
၂။ သုဒ္ဓေါဒန မွေးဘ သခင်၊
တောင်ညာတင်ထား ထင်ရှားဂုဏ်အင်၊
မာယာ မိဝမ်း ဖွားသန့်ကာစင်၊
ကဆုန်လ ကြုံရ လပြည့်တွင်။
၃။ ပရိဘောဂ နာမမည်တွင်၊
စေတီထိုက်ဘိ ဗောဓိညောင်ပင်၊
မြေမှ ပေါ်ပေါက် အံ့လောက်စွာပင်၊
ကဆုန်လ ကြုံရ လပြည့်တွင်။
၎။ ထောင့်ငါးရာမျိုး ရန်မျိုးခုတ်ထွင်၊
ဗောဓိညောင်နန်း အောင်ခန်းသဘင်၊
ငါးမာရ်ပယ်ရှား ဘုရား ဖြစ်အင်၊
ကဆုန်လ ကြုံရ လပြည့်တွင်။
၅။ ဝေနေယျများ တရား ရေစင်၊
ဝါလေးဆဲ့ငါး ဟောကြား တွင်တွင်၊
နိဗ္ဗာန် ပြည်မြတ် ဆုံးသတ် စံဝင်၊
ကဆုန်လ ကြုံရ လပြည့်တွင်။
၆။ သာသနာနှစ်များ ထောင်ငါးလီတွင်၊
ဗောဓိမဏ္ဍလ ဌာန ဆီတွင်၊
ဓာတု ပရိနိဗ္ဗာန စံကြွမည်ပင်၊
ကဆုန်လ ကြုံရ လပြည့်တွင်။
၇။ ဂင်္ဂါဝါဠု သဲစု ပုံသွင်၊
ပွင့်တော်မူသွား ဘုရားမြတ်ရှင်၊
ငါးမာရ် ရန်ဆိုး ပယ်ချိုး ခုတ်ထွင်၊
ကဆုန်လ ကြုံရ လပြည့်တွင်။
၈။ ဤသို့ဆုံလတ် ရက်မြတ်ခါတွင်၊
ရွှေညောင်တော်နန်း ရေချမ်းဖြူစင်၊
သွန်းလောင်းကာဖျန်း မဂ်လမ်းကိုထွင်၊
ကောင်းမှုမျိုး စိုက်ပျိုး တူပျော်ရွှင်။
၉။ ဤသို့ပြုရ ပုည ထွေထွေ၊
ပစ္စည်း ကြောင်းဆက် ဖိုလ် မဂ် အမွေ၊
ရပါစေကြောင်း ဆုတောင်းပန်ချွေ၊
နိဗ္ဗာန်နန်း စံမြန်း ရပါစေ။
(လယ်တီအရှင်ကေလာသ ရေးစပ်သီကုံးသည်။)
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ