Thursday, May 16, 2013

“ချုံညိုစွန်းမှာတည့် အလွမ်းဖြေလေး”


ချစ်တဲ့သူငယ်လေ-
သူငယ်ချင်းကောင်း ယောင်းမတို့ လေ။

ဝါဆိုငယ်မှ ၀ါခေါင်၊ ရေဖောင်ဖောင်နှင့်၊
ရွာ့တောင်က ချောင်း၊ ရွာ့နောက်ပေါင်းလို့ ၊
ထနောင်း,ကြောင်ကျစ်၊ ဆူးရစ် ပွင့်ခါ၊
မိုးမရွာသည်။
ရွာပါသော်လည်း မိုးမသည်။

လယ်ပြင်ငယ်မှ ပတ်သန်း၊ ပျို့ ကောက်ငန်းနှင့်၊
အလွမ်းငယ်မှ ဖျော်ရာ၊
နှမကြီးမယ်သာ စိုက်တဲ့၊ ကောက်ငန်းတာကို၊
မောင်ကလေးငယ် မောင်မလာသည်၊
မလာကတည်း၊ နှမကြီးငယ် ၀မ်းမနည်း။


ကောက်ငန်းငယ်မှ သွယ်ဝိုက်၊
ကန်သင်းပေါ်က မျှော်လိုက်မိတိုင်း၊
ပျိုကြိုက်တဲ့သူ ပ၀ါထည် ထိပ်လယ်မှာ ပေါင်း၊
ဆံသွယ်ပျောင်းငယ်နှင့်၊ ဗောင်းကြော့လူကို၊
စိတ်တူနှောလို့ ၊ မပြောရလေ။

ရင်းမာပန်လျက်၊ ကောက်စိုက်တက်ကို၊
လက်ခုပ်ပင်တောင်၊ ပညောင်ပင်လှ၊
နှောပင်ခွနှင့်၊ လမ်းမတိုးလျှို၊
ဆီးချုံရိပ်မှာလ၊ တစ်ဆိတ်ကယ် ခိုပြီးလျှင်၊
ချုံညိုစွန်းမှာတည့်၊ အလွမ်းဖြေလေး။ ။

လက်ဝဲသုန္ဒရဦးမြတ်စံ
ပန်းချီ usawhlaing

ရင်ခွင်သစ် facebook မှ
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ