Thursday, August 15, 2013

အမရပူရနန်းတော်


ဒီနေ့ ဥပုသ်နေ့ (14.8.2013) သံသေကပ်ကျော် ဘုရား သွားဖူးတော့
အမရပူရနန်းတော်ပုံလေး တွေ့ခဲ့ပါတယ်။

သံသေကပ်ကျော်ဘုရားကျောင်းတော်အဝင် ညာဘက်မှာ မှန်ဘောင်နဲ့ထည့်ပြီး ချိတ်ထားတာပါ။

လေ့လာလိုသူများအတွက် တင်ပြပေးလိုက်ပါတယ်။

အခြားသောမြို့ဟောင်းတွေကို ပြန်လည်တူးဖော်ကြတယ်။

မန္တလေးနဲ့ အချိန်အခါရော နေရာဒေသပါနီးနေတဲ့ ဘိုးတော်မြို့ဟောင်းကိုတော့ နာမည်နဲ့ပဲ လွမ်းနေကြရပါတယ်။

ပါဋလိပုတ်မြို့ဟောင်းနေရာအပေါ်မှာ ပဋ္ဋနမြို့သစ်က ဖုံးလွမ်းတည်ဆောက်ထားတဲ့အတွက်ကြောင့်
ပါဋလိပုတ်မြို့ဟောင်းကို တူးဖော်ပြသရန် ခက်ခဲကြောင်း မဇ္ဈိမဒေသ မြို့ရွာများမှ သမိုင်းရုပ်ကြွင်း ပုံရိပ်လွှာများ စာအုပ်၌ သာဝတ္ထိမြန်မာကျောင်းဆရာတော်ကမိန့်တော်မူထားသည်ကို မှတ်သားရပါတယ်။


အမရပူရမြို့လည်း ထိုပါဋလိပုတ်မြို့လို အဟောင်းပေါ် အသစ်ဆင့်နေလို့ အခြားသောမြို့ဟောင်းများကဲ့သို့ တကျော့ပြန် ပေါ်မလာခြင်းလား မပြောတတ်ပါ။

ဘာပဲဖြစ်ဖြစ်ပါ အောက်မှာဖော်ပြထားတဲ့ မြဝတီမင်းကြီးရဲ့ကဗျာထဲက ဘိုးတော်ပြည်ကြီးကို ဒီပုံလေးက တစိတ်တသ်ဒေသတော့ ညွှန်ဆိုပေးနိုင်မယ်လို့ ထင်ပါတယ်။

ရှုတိုင်းငယ်စို, မြရေညိုတောင်သမန်နှင့်, မြောင်ပတ်ရံဆီး။

မီးစုံပွင့်ရေ, ဗျာသိုက်ကယ် ရန်အောင်ခြွေတဲ့,
မန်းခေါင်ဗွေ ညာမြေမော့မှာ, ဘိုးတော့ ပြည်ကြီး ။ (မြဝတီမင်းကြီး ဦးစ)
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ