Friday, May 24, 2013

တော်ကဆုန်

 
ဟေမန် နွေလှန်လို့တုံ့ပြန်တော၊့
ဘွေသဟံဝေယန်အုံ့ဆီက၊
လေပြန်လှုံ့ဆော်ခဲ့ပြီ။ ။

ပင်ပေါ်ထက်၊ရော်ရွက်ဝါထိန်ဝေနှင့်၊
ခါဂိမှေ သည်တခေတ်တွင်မှ
ညှာလိမ်ကြွေတမည်သစ်မည်ကြောင့်
အသစ်တွေ ထွေကာစုပါလို့၊
ပုရစ်ခွေတမာနုမှာကွယ်၊
ကျေးဥစီစီ ။ ။

ခင်တန်း လျှိုသပြေပင်က၊
ရွှေသဇင်သုတ်လေနှောပြန်တော့၊
နေ၀င်လျှင် ဘုတ်တွေရောပါလို့၊
အုတ်ရွှေသြရယ်က တွန်သံချီ၊
ဌာနီနှင့်ကွာဝေး။ ။

ဖန်ခါခါ၊ လမ္ဗရာစည် ဍိဏ္ဍိပေမို့၊
ဝသန်မှာဆည်မချိပြီဘူ့ ၊ပူမိသည်မှော်ရဂုံက၊
တော်ကဆုန်ညောင်ရေသွန်းချိန်မို့၊
ဖေါ်မစုံအောင် မြေကွန်းဆီသို့
လွန်းလိုက်လှသေး ။ ။

ဦးကြော့
 
facebook မှ
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ