Friday, May 24, 2013

ရဟန်းသံဃာတွေ ပညာရေးစနစ်ဟာ ခေတ်မှီပါသလားဘုရား


အမေး (၅၃) အရှင်ဣန္ဒောဘာသလင်္ကာရ(မစိုးရိမ်ကျောင်းတိုက်)
ဆရာတော်ဘုရား တပည့်တော်လျှောက်ချင်တာက တပည့်တော်တို့ ရဟန်းသံဃာတွေ ပညာရေးစနစ်ဟာ ခေတ်မှီပါသလားဘုရား၊ လူတွေက ဘုန်းကြီးတွေဆိုရင် သိပ်အရာမသွင်းချင် တော့ဘူးဘုရား၊ အလှူတို့ အသုဘတို့လောက် အားကိုးတယ်ဘုရား၊ အဲဒါ ဆရာတော်အမြင်လေး မိန့်တော်မူပါဘုရား။

(၅၃) အရှင်ဣန္ဒောဘာသလင်္ကာရ(မစိုးရိမ်ကျောင်းတိုက်) ၏မေးခွန်းကိုဖြေဆိုခြင်း
ရဟန်းသံဃာတွေရဲ့ ပညာရေးစနစ်ဟာ ခေတ်ဟောင်းစနစ်ဟောင်းနှင့် သွားနေ၍ ခေတ်မမှီဟု ဆိုရမည်။ သို့သော် မြတ်ဗုဒ္ဓ၏အဆုံးအမ ပိဋကတ်ပညာများသည် ခေတ်ပေါ်ပညာတွေ ထက် အများကြီး သာလွန်နေသည်။ 
 
ပိဋကတ်ပညာကို လက်တွေ့ကျင့်သုံးနိုင်တဲ့ နည်းစနစ်ကို ပြောင်းလဲ ၍ အနှစ်ချုပ် သင်ကြား သင့်သည်။ မြတ်ဗုဒ္ဓ၏ ဒေသနာများသည် နှစ်ဟောင်းကြာညောင်းပြီဖြစ်သော်လည်း ခေတ်လူတွေ လိုက်မမှီ နိုင်လောက်အောင် ရှေ့ကရောက်နေသည်။ 
 
ဥပမာ-စကြာဝဠာ အယူအဆ(Cosmology)၊ လူသားတို့ရဲ့ သန္ဓေစတင်ပုံ (Embryoloty)စသည်တို့မှာ ခေတ်အမြင်ထက် ရှေ့ကပြေးနေသည်။ ဒုက္ခနိရောဓနှင့် ဒုက္ခနိရောဓ ဂါမိနီပဋိပဒါ အစစ်အမှန်ကို ဗုဒ္ဓ၏အဆုံးအမ၌သာ တွေ့နိုင်သည်။
 
ဘုန်းကြီးတွေကို အလှူအသုဘတို့မှတပါး လူတွေကအရာမသွင်းချင်ဘူးဆိုတာ ဘုန်းကြီးးလို မနေခြင်း၊ ဘုန်းကြီးးအကျင့်သိက္ခာ ယို့ယွင်းခြင်း၊ ပိဋကတ်ပညာ အားကိုးလောက်အောင် မတတ်မြောက် ခြင်း၊ ဟောပြောပြသ မပေးနိုင်ခြင်းကြောင့် ဖြစ်ရသည်ဟု ယုံကြည်သည်။
 
ဒေါက်တာနန္ဒမာလာဘိဝံသ ဖြေဆိုတော်မူသည်။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ