ဤဆိုဒ်သို့ လာရောက်လေ့လာသူများ ကိုစိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ
ရနံ့စံအိမ်
မူလစာမျက်နှာ
အဘိဓမ္မာကဏ္ဍ
ဆောင်းပါး
နည်းပညာ
ပုံပြင်များ
ဖတ်မိတာလေးများ
ဘာသာရေး
အမေးအဖြေများ
အဆိုအမိန့်
ယဉ်ကျေးမှုသံစဉ်
လွမ်းစရာ့သံစဉ်များ
ကဗျာ
နံနက်ခင်းသြဝါဒ
ဘာသာသွေး
တရားနာယူရန်
တစ်ဘဝသံသရာ
ဗုဒ္ဓဘာသာလက်စွဲ
ကိုယ်ကျင့်အဘိဓမ္မာ
အနာဂတ်သာသနာရေး
လူအထက်တန်းတက်ရာလမ်း
နီတိရနံ့
စာပေရနံ့
သာသနာရေးရာ
Saturday, May 25, 2013
အသိဉာဏ်ကို ပိတ်ဆို့စေတဲ့တရားများ
တစ်ချိန်က ဘုရားရှင်အား သင်္ဂါရဝလုလင်က -
"အရှင်ဘုရား၊ ရံခါ ကြာမြင့်စွာ ရွတ်အံ့ထားသော မန္တန်(စာ) များပင် အလိုလို မေ့ပျောက်ကုန်၏။ ရံခါ ကြာမြင့်စွာ မရွတ်အံ့ဘဲထားသည့် မန္တန် (စာ) များပင် အလိုလို ရနေပါသည်။ အဘယ့်ကြောင့်ပါနည်း"ဟု လျှောက်ထားဖူးသည်။
ထိုအခါ မြတ်စွာဘုရားက "နီဝရဏ ( အသိဥာဏ် အပိတ်အဆို့) ငါးပါးရှိနေလျှင် မည်သည့်အရာကိုမျှ မှန်ကန်စွာ မသိနိုင်၊ မမြင်နိုင်ကြောင်း" ဥပမာ ငါးမျိုးဖြင့် ဟောပြတော်မူ၏။
၁။ ကာမစ္ဆန္ဒ နီဝရဏ (တစ်စုံတစ်ခု၌ လိုချင်တပ်မက် နှစ်သက်တွယ်တာမှူ အပိတ်အဆို့) ရှိသူသည် ရေခွက်၌ နနွင်းစသော အရောင်များထည့်လျှင် မိမိ မျက်နှာရိပ်ကို ကောင်းစွာ မမြင်ရတော့သကဲ့သို့ အမှန်တကျ မသိ မမြင်နိုင်။
၂။ ဗျာပါဒ နီဝရဏ ( စိတ်ဆိုး စိတ်ပျက် အပိတ်အဆို့) ရှိသူသည် ကျိုချက်သောအခါ ပွက်ပွက်ဆူ အခိုးထသောရေခွက်၌ မိမိမျက်နှာရိပ် ကြည့်ရသကဲ့သို့ အမှန်တကျ မသိမမြင်နိုင်။
၃။ ထိနမိဒ္ဓ နီဝရဏ ( ထိုင်းမှိုင်းအိပ်ချင်မှူ အပိတ်အဆို့) ရှိသူသည် အမှူန်အမှိုက် မှော်လွှမ်းနေသော ရေခွက်၌ မိမိမျက်နှာရိပ် ကြည့်ရသကဲ့သို့ အမှန်တကျ မသိမမြင်နိုင်။
(ယောဂီ၌ သွေးရိုးသားရိုး အိပ်ချင် ထိုင်းမှိုင်းမှူ့ ရှိသကဲ့သို့ ထူးထူးဆန်းဆန်းလည်း ရှိတတ်သည်။ ယင်းကို မသိ၍ အိပ်ချင်သည်ဆိုကာ အိပ်ပြီးလျှင် သမာဓိ ကျဆင်းကြောင်း ကိုယ် နှူတ် စိတ် သောင်းကျန်းမှူ့များ၊ အတွင်းအပြင်အနှောင့်အယှက်များ ဝင်လာတတ်သည်။ လောက၌ အိပ်မွေ့ချ၍ အခိုးခံရစေသော အတတ်များ ရှိသကဲ့သို့တည်း။ အခြား နီဝရဏများလည်း ထို့အတူပင်။)
၎။ ဥဒ္စစ္စကုက္ကုစ္စ နီဝရဏ (စိတ်ပျံ့လွင့်မှူ၊ နောင်တ ပူပန်မှူ အပိတ်အဆို့) ရှိသူသည် လေတိုက်၍ လှိုင်းဂယက် ထနေသော ရေခွက်၌ မိမိ မျက်နှာရိပ်ကြည့်ရသကဲ့သို့ အမှန်တကျ မသိမမြင်နိုင်။
၅။ ဝိစိကိစ္ဆာ နီဝရဏ (ရတနာသုံးပါး၌ ချီတုံချတုံ မယုံမရဲ မဝေခွဲ မဆုံးဖြတ်နိုင်မှူ့ အပိတ်အဆို့) ရှိသူသည် ရွှံ့နွံထ၍ နောက်ကျူနေသော ရေခွက်၊ အမှောင်၌ ချထားသော ရေခွက်၌ မိမိမျက်နှာရိပ် ကြည့်ရသကဲ့သို့ အမှန်တကျ မသိမမြင်နိုင်။
(မဟာဝဂ္ဂသံယုတ်နှင့် ပဉ္စဂုင်္တ္တရ - သင်္ဂါရဝသုတ်။)
တရားရှုမှတ်နေသူတို့၌ကား ထိုနီဝရဏ ငါးပါးကင်းကွာနေသဖြင့် သမာဓိကောင်း၏။ သမာဓိကောင်း၍ (ပညာသည် သမာဓိ အကြောင်းခံသဖြင့်) အသိဥာဏ်ပညာများ တိုးပွားလာကုန်၏။ အသိဥာဏ်ပညာဟူသည် စာကျက်၍ ရလွယ်ခြင်းမှ အစ အရဟတ္တဖိုလ်ဥာဏ် အထိ ပါဝင်လေသည်။ ထို့ကြောင့် ယောဂီသည် ထိုအပိတ်အဆို့ အဆီးအတား ငါးမျိုးကို အဝင်မခံရပေ။
ကောက်နုတ်ချက်။ ။ ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ၊ ဓမ္မစရိယဦးဋ္ဌေးလှိုင်။
Mon Shein
facebook မှ
Newer Post
Older Post
Home
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ