စီမံကိန်းနှစ်မျိုး၏ အကျိုးရ
နှစ်တိုစီမံကိန်း အထမြောက်ပါမူ ကျေးရွာကျောင်းများ၌
ဘုန်းကြီးကျောင်းသား မရှိသေးလျှင် ရှိလာစေခြင်း, နဂိုရှိပြီးကိုလည်း မြန်မြန် ပြုပြင်သင်ကြားရခြင်း
အကျိုးရနိုင်ပါသည်၊
နှစ်ရှည်စီမံကိန်ကား ယခု သင်နည်းကို တိုးတတ်
စည်းကမ်းကျစေခြင်းသာ ဖြစ်၍ ဆရာလုံလောက်ပါမူ အထမမြောက်စရာမရှိပါ၊ အထမြောက်လျှင်လည်း
တန်းကုန်အောင် မလိုက်နိုင်သော ပုဂ္ဂိုလ်များသည် ကျေးရွာ မြို့ငယ်၌ ဘုန်းတော်ကြီးများအဖြစ်ဖြင့်
အမျိုးဘာသာ သာသနာ့ဝန်ကို ဆောင်နိုင်ပါသည်၊
တန်းကုန်လိုက်သော ပုဂ္ဂိုလ်များသည် သာသနာ့ဝန်ကို
စာပေ ပရိယတ်ဖြင့်ဖြစ်စေ အကျင့်ပဋိပတ်ဖြင့်ဖြစ်စေ ထမ်းဆောင်နိုင်ကြပါသည်၊ စာပေပရိယတ်ဖြင်
ထမ်းဆောင်နိုင်လျှင်လည်း မိမိတို့နေရာ မြို့နယ်တွင် အမျိုးဘာသာ သာသနာ တိုးတတ်စေနိုင်မည့်
ကျောင်းများ ဖြစ်အောင် ကျောင်းဟောင်း တိုက်ဟောင်းများကို ပြုပြင်၍ဖြစ်စေ, ကျောင်သစ်တိုက်သစ်တည်၍ဖြစ်စေ
ရွက်ဆောင်နိုင်ပါသည်၊
ဖြစ်နိုင်ပါ့မလား
ယခုညွှန်းပြခဲ့သော အစီအစဉ်ကို လူ ရှင်များက
““ဖြစ်နိုင်ပါ့မလား? ဟု မေးစရာရှိပါသည်၊ အဖြေမှန်ကတော့
ဒကာ ဒကာမတို့ဘက်က သာသနာပြုလိုသော ဆန္ဒ, ရဟန်းသံဃာများဘက်က သာသနာ့တာဝန် အားသွန်ကြိုးပမ်းထမ်းလိုသောဆန္ဒ
မရှိကြလျှင် အများထင်သည့်အတိုင်း ယခုညွှန်းပြခဲ့သော အစီအစဉ်များ ဖြစ်နိုင်စရာ မရှိပါ၊
နှစ်ဖက်လုံး ဆန္ဒထက်သန်မှသာ ဖြစ်နိုင်စရာ ရှိပါသည်၊
မိမိသည် လွတ်လတ်ရေး ရတော့မည်ဟု ကြွေကြော်နေတုန်းအချိန်ကပင် “လွတ်လတ်ရေးရလျှင် တိုင်းပြည်ခေါင်ဆောင်များ
အကူအညီဖြင့် သာသနာရေးကို တိုင်းပြည် အကျိုးရှိအောင် သံဃာတော်များက ပြုပြင်မှတော်မည်”
ဟု ကြံစည်ကာ အနာဂါတ် သာသနာရေးကျမ်းစာကို ရေးသားခဲ့ပါသည်၊
ထို့နောက် လွတ်လတ်ရေးရသောအခါ တိုင်းပြည်က
ပြုပြင်ရေးအလုပ်ကို လုပ်ရမည့်အစား ဖျက်ဆီးရေးအလုပ်ကို ကြိုးစားကြသောကြောင့် “မိမိ စီစဉ်သောသာသနာရေးအလုပ်ကို မိမိပင် အားထုတ်မည်၊ အားထုပ်၍ မဖြင်လျှင် စာရေး၍
အေးအေးနေမည်” ဟု အဓိဋ္ဌာန်ပြုကာ မိမိနေရာ ဋ္ဌာနကို ပြုပြုင်ခဲ့ပါသည်၊
ပြုပြုင်သလောက်လည်း ခေတ်အလိုက် ကျေနပ်သူတွေ
အတော်များလာသောကြောင့် ဤနည်းအတိုင်းသာ များစွာသော ဆရာ ဒကာတို့ ပြုပြုင်ကြလျှင် ရဟန်း
ရှင် လူ သူတော်ကောင်း အများ၏ အားပေမှုဖြင့် အရပ်တိုင်းမှာလည်း အရေးပါ၍ အရာရာရောက်သော
သာသနာဖြစ်လောက်စရာ ရှိသည်ဟု ယူဆလျှက် တိုးတတ်၍ ပြုပြုင်ရေးကို အများအတွက် စိတ်ဝင်စားခဲ့ပါသည်။