Sunday, April 20, 2014

ဘာသာသွေး အပိုင်း (၄၃) ဘုန်းကံရှိသူမှ သာသနာပြုနိုင်




ဘုန်းကံရှိသူမှ သာသနာပြုနိုင်

ဘုရားလက်ထက်တော်မှ စ၍ သာသနာပြုကြသော ဆရာ ဒကာ တို့သည် ဘုန်းထူးကံထူး ပါလာကြသူများချည်း ဖြစ်ကြ၏၊ အရှင်မဟာ ကဿပ, အရှင်မဟာယသ, အရှင်မောဂ္ဂလိပုတ္တတိဿ, အရှင်မဟိန္ဒ  နှင့်အရှင်အရဟံ စသော ရှေးရှေးမထေရ်ကြီးများ, မင်းတုန်းမင်းလက်ထက်တိုင်အောင် ဆရာတော်ကြီးများသည် သာသနာပြုဖို့ရန် ဘုန်းထူး ပါရှိသော ပုဂ္ဂိုလ်များချည်း ဖြစ်ကြပါသည်၊

ဗိမ္ဗိသာရ, အနာထပိဏ်,  ၀ိသာခါ, အသောကမဟာရာဇာ, ဒေ၀ါနံပိယတိဿ, ဒုဋ္ဌဂါမဏိ, အနော် ရထာ, မင်းတုန်းမင်းစသော သာသနာပြု ဒါယကာ ဒါယိကာမတို့လည်း ဘုန်းထူး ကံထူးပါလာသူများပင် ဖြစ်ကြပေသည်။                            

မှန်၏၊ သာသနာပြုခြင်းကိစ္စသည် ပစ္စည်းဥစ္စာ ပြည့်စုံရုံ, တန်းခိုး အာဏာ ရှိရုံမျှဖြင့် ပြီးနိုင်သောကိစ္စမဟုတ်ပါ၊ ပစ္စည်းဥစ္စာလည်းပြည့်စုံ, သဒ္ဓါတရားလည်း ပြည့်စုံ, သာသနာတိုးတက်စေလိုသော ဆန္ဒနှင့် ဆရာဘက်၌ သီလ သမာဓိ ပညာ ဤအားလုံးစုံသည့်ပြင်, သာသနာပြု နိုင်လောက်သော ရှေးဘုန်း ရှေးကံလည်း ပါရှိဦးမှ အထမြောက်နိုင်သော ကိစ္စဖြစ်ပါသည်၊

ထို့ကြောင့် “မိမိတို့မှာ ရှေးဘုန်း ရှေးကံ မည်မျှလောက် ပါရှိသည်”ဟု ခန့်မှန်းနိုင်ဖို့ရန် သာသနာပြုကိစ္စတည်းဟူသော မှတ်ကျောက်တွင် မှတ်တင်၍ ကြည့်ကြပါလော၊ သာသနာပြုကိစ္စ အထ  မြောက်လျှင်လည်း မိမိကိုယ်ကို ပါရမီပါလာသော ပုဂ္ဂိုလ်ဟု ၀မ်းမြောက်ပါလော။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ