Sunday, April 20, 2014

ဘာသာသွေး အပိုင်း (၄၀) သာသနာပြုဒကာများသိဖွယ် ( ဂေါပကအဖွဲ့)




သာသနာပြုဒကာများသိဖွယ်

ဂေါပကအဖွဲ့

ကျောင်းတိုက်ဆိုင်ရာ ပစ္စည်းများကို ထိန်းသိမ်းသောအဖွဲ့ကို “ဂေါပကအဖွဲ့”ဟု ခေါ်၏၊ ထိုဂေါပကအဖွဲ့သည် ဗုဒ္ဓမြတ်စွာ၏ သာသနာတော်ကို ပြုစုရာ၌ သာသနာပြုနည်း နားလည်ဖို့ အရေး ကြီးပါသည်၊ “နားလည်”ဟူရာ၌ အလှူဒါနပစ္စည်းများသည် သာသနာ၌ အသုံးဝင်သော ပစ္စည်းဖြစ်အောင် ရွေးချယ်တတ်ဖို့ နားလည်ခြင်း, ငွေနှင့် စပ်၍ အပ်သောနည်း မအပ်သောနည်းတို့ကို နားလည်ခြင်း, တောင်းသာ တောင်းကောင်း မပေးကောင်းစသော ပုဂ္ဂိုလ်လေးမျိုးကို နားလည်ခြင်း များတည်း၊

ထိုသို့ နားလည်ပြီးသော ပုဂ္ဂိုလ်များက တာဝန်ကို နားမလည်သော အလှူ့ရှင်များကို နားလည်အောင် ဟောပြောခြင်း, ဒါနပစ္စည်း များကို ထိန်းသိမ်း  စောက်ရှောက်ခြင်း, ဆရာတော် သံဃာတော်များနှင့် တိုင်ပင်၍ လိုသောနေရာဝယ် စည်းကမ်းတကျ သုံးစွဲခြင်းဖြင့် ဂေါပက အဖွဲ့သည် ကျောင်းတိုက်၏ တိုးတက်မှုကို ရွက်ဆောင်ရာ၌ အရေးပါ အရာရောက်သော အဖွဲ့ဖြစ်ပါသည်၊
[ထိုဂေါပကအဖွဲ့ကို ကျောင်းတိုက်နှင့် အရင်းနှီးဆုံး ကျောင်ဒကာများနှင့် အတွင်းက ဝေယျာဝစ္စဆောင်ရွက်မည့် ဒါယကာ ဒါယိကာမများ စုပေါင်း၍ ဖွဲ့ထားသင့်၏။]

အသုံးဝင်သော ပစ္စည်း

ယခုအခါ တချို့ကျောင်းတိုက်များ၌ လိုသည်ထက် ပိုနေသောနာရီ, ခုတင်, ကုလာထိုင်, ဖျာ, သင်ဖြူး, ကော်ဇောစသော အသုံးဆောင်တို့ကိုတွေ့ရ၏၊ တစ်နှစ်မှတစ်ခါ အသုံးဝင်သောပစ္စည်းများလည်း အများအပြား ရှိတတ်၏၊ သံဃာမရှိဘဲ ပိုနေသောကျောင်းများကိုလည်း တွေ့ရ၏၊ 

သာသနာပြုကျောင်းတိုက်၌ ထိုပစ္စည်းမျိုး မရှိအောင် ဂေါပကအဖွဲ့သည် အမြဲ ဂရုစိုက်ရလိမ့်မည်၊ ဒါနရှင်များကလည်း မိမိပစ္စည်းကို စာသင် စာချမှု တရားကျင့်မှု၌ အသုံးကျ-မကျကို ကိုယ်တိုင်လည်း စဉ်းစား, ထိုကျောင်း၏ ဂေါပကအဖွဲ့ကိုလည်း မေးမြန်း စုံစမ်းပြီးမှ အသုံးဝင်သော ပစ္စည်းကိုသာ လှူဒါန်းသင့်ကြပါသည်။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ