Friday, April 18, 2014

ဘာသာသွေး အပိုင်း (၃၄) အမျိုး ဘာသာကို အထင်မသေးနှင့်




၁၀။ ခေတ်ပညာတတ်များ စဉ်းစားဖွယ်

အမျိုးကို အထင်မသေးနှင့်

ခေတ်ပညာတတ် လူငယ်များသည် ခေတ်အလိုက် သိပ္ပ၀ိဇ္ဇာတို့ကို နိုင်ငံခြားမှ နည်းယူရသောကြောင့်လည်းကောင်း, ပစ္စည်း ငွေ အထောက်အပံ့ကိုလည်း နိုင်ငံခြားမှ အတော်အတန် ရသောကြောင့် လည်းကောင်း နိုင်ငံခြာူးမျိုးများကို အထင်ကြီးကောင်း ကြီးပါလိမ့်မည်၊

သို့သော် လူမျိုးတစ်မျိုးသည် ထာဝရမြင့်နေမည် မဟုတ်ပါ၊ ထိုလူမျိုးမှ ခေါင်းဆောင်ကောင်းများ ဆက်ကာ ဆက်ကာ ခေါင်းဆောင်နေခိုက် မြင့်နေ၍ ခေါင်းဆောင်ကောင်း မရှိသောအခါ တဖြည်းဖြည်း နိမ့်ကျ တတ်ပါသည်၊

တစ်ချိန်တုန်းက မြန်မာလူမျိုးများ မြင့်ခဲ့ဖူးသည်ကို သတိရပြီးလျှင် တဖြည်းဖြည်း နိမ့်ကျလာရာမှ ချက်ချင်း ကျွန်ဖြစ်ရပုံကို စဉ်းစားကြပါ၊

ထို့ကြောင့် အမျိုးသား အမျိုးသမီးများနှင့် ဘုန်းကြီးတို့တစ်တွေ ယခုတစ်ကြိမ် ကြိုးစားနိုင်ကြပါလျှင် ဤပြည်ထောင်စု မြန်မာလူမျိုးလည်း ခေတ်အလိုက် တိုးတက်သင့်သလောက် တိုးတက်ရ မည်မှာ အမှန်ပင်ဖြစ်ပါသည်၊ သို့ဖြစ်၍ မိမိလူမျိုးကို အထင်မသေးဘဲ “ကြိုးစားလျှင် ဘုရားတောင် ဖြစ်နိုင်သေးရဲ့”ဟူသော မြန်မာ့လက်သုံး ဆောင်ပုဒ်ကို လက်ကိုင်ပြုကာ ကြိုးစား၍ တိုးတက် နိုင်သော လမ်းကို ဖြေင့်ဖြောင့်တန်းတန်းသွားဖို့ ပြင်ကြပါလော။

ဘာသာကိုလည်း အထင်မသေးနှင့်

ဘုရားပွင့်တော်မူလာခြင်းသည် နိဗ္ဗာန်မြင်အောင် ကျင့်နိုင် သူများအတွက် နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်း လမ်းမှန်ကို ဟောပြဖို့သာမကပါ၊ လောက ကြီးပွား ချမ်းသာကြောင်း နည်းလမ်း ကောင်းကိုလည်း ညွှန်ပြဖို့ဖြစ်ပါသည်၊ ထိုသို့ ညွှန်ပြရာ၌လည်း နောက်ဘ၀ရောက်မှ ချမ်းသာရေးကိုသာ ညွှန်ပြသည် မဟုတ်ပါ၊ လက်ရှိဘ၀မှာပင် ချမ်းသာဖို့ နည်းလမ်းကိုလည်း ညွှန်ပြပါသည်၊ [ဥပမာ-လူမိုက်နှင့်မပေါင်းရ, လူလိမ္မာနှင့်သာ ပေါင်းပါစသော ညွှန်ပြခြင်းမျိုး, သမ္ပဒါလေးပါးစသော တရားမျိုးတည်း၊]

အသင် ခေတ်ပညာတတ် တို့သည် နိုင်ငံအနှံ့အပြား၌ ဘုရားစေတီ ဆင်းတု တော်များ လိုသလောက်ထက်ပိုအောင် တည်ထားကြပုံ, အပျော်အပါး ဘုရားပွဲ ကျောင်းပွဲ လုပ်ကြပုံ, ဘုရားအတွင်း မသန့်မရှင်း တည်ရှိပုံကို ကြည့်၍ လည်းကောင်း, ရဟန်း သာမဏေတချို့၏ သွားလာ ၀တ်စားပုံကို ကြည့်၍လည်းကောင်း,

ပျော်ပျော်ပါးပါး စားကြ သောက်ကြနှင့် ဥပုသ်စောင့်ပုံကို ကြည့်၍လည်းကောင်း, ကြွေးယူ၍ သားရှင်ပြုစသော ဒါနပြုကြပုံ, ရဟန်းတော်များက ဒါနအကျိုးဟော၍ ကိုယ်တိုင်က မလှူဘဲ ယူရုံသာယူကြပုံကို ကြည့်၍လည်းကောင်း, ဗုဒ္ဓမြတ်စွာ၏ မဟာကရုဏာ ကြီးမားစွာဖြင့် တည်ထားတော်မူအပ်သော ဘာသာနှင့် သာသနာတော်ကို အထင်အမြင်သေးကြပေလိမ့်မည်၊

သို့သော် ထိုအလုပ်များသည် ဘုရားရှင်၏ အလိုတော်ကျ မဟုတ်ကြပါ၊ အလိုကိ မဟုတ်ကြောင်း ကိုလည်း အနာဂတ်သာသနာ ရေးစာအုပ်၌ ရှင်းပြထားပါပြီ။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ