အိမ်တော်ဝန် ဦးစံဖေ၏
ကိုယ်တွေ့ဝတ္ထု
သမ္မတ၏ အိမ်တော်ဝန် ဖြစ်ခဲ့သော ဒါယကာ ဦးစံဖေသည်
(၁၉၂၅) ခုနှစ်လောက်က သာယာဝတီခရိုင် ဇီးကုန်းမြို့၌ နယ်ပိုင် ၀န်ထောက် အဖြစ်ဖြစ် နှစ်နှစ်ခွဲ့ခန့်
နေပြီးနောက် အင်းစိန်မြို့သို့ အခွန်ဝန် အဖြစ်ဖြစ် ပြောင်ရွှေ့ခဲ့ရသည်၊ အင်းစိန်မြို့၌
ဝင်းကျယ် အိမ်ကောင်းရှာဖွေ၍ နေထိုင်စဉ် သုံးလလောက်ကြာသောအခါ နေမကောင်းသဖြင့် ရုံးမတတ်ဘဲ
အိမ်မှာ အနားယူ၍ အိပ်ရာထဲ၌ လဲလျောင်နေရာသို့ နေ့လည် နှစ်နာရီအချိန်လောက်ဝယ် အရပ်ပုပု
ဆံပင်ချ၍ မိန်းမတစ်ယောက် ခုတင်ခြေရင်၌ ရပ်လာသည်၊ အခွန်ဝန်ကတော်သည် ၀န်မင်းအနားမှာ ရှိသောလည်း
ထိုမိန်းမကို မမြင်ရ, ၀န်မင်းသာ မြင်ရသည်။
ဝန်မင် နေမကောင်းမီ သုံးရက်လောက်ကလည်း ညဉ့်အခါတွင်
မင်းကတော်နှင့် သားငယ်တို့ ခုတင်ကြီးပေါ်တွင် အိပ်နေကြစဉ် သားငယ်သည် နံရံဘက်က အိပ်ပါလျက်
ခုတင်အောက်သို့ လိမ့်ကျသွားဖူး၏၊
ဝန်မင်း၏ မိခင်သည် ဘုရားမီး ပူဇော်၍ ဘုရားဝတ်
ပြုနေစဉ် လေးခါလောက် မီးများ အလိုလို ငြိမ်းသွားဖူး၏၊ သို့သော် ထိုဖြစ်ရပ်များကို
အမှတ်တရ ဂရုမစိုက်ခဲ့ကြ၊ ယခုအကြိမ်၌ကား လူပုံသဏ္ဍန်ဖြင့် ကိုယ်ထင် ပြသောကြောင့် ဂရုမစိုက်၍
မဖြစ်နိုင် တော့ချေ၊
ထိုအတွင်းမှာပင် မိတ်ဆွေဖြစ်သူ ဦးထွန်းအောင်
ရောက် လာ၏၊ ဦးထွန်းအောင်ကား ဆေးဝါကုသသော ဆရာမဟုတ်သော် လည်း ပယောဂနိုင်သူ ဖြစ်၏၊ သူသည်
ဝန်မင်းနှင့်တွေ့လျှင် တွေ့ချင်း “၀န်ထောက်မင်း ဒီအိမ်မှာ မနေပါနှင့်၊ ကျွန်တော် ဒီအိမ်ကို ၀င်လာတော့ အိမ်ရှင်မသူရဲကို
တွေ့ရပါသည်၊ သူက မဆိုင်တဲ့သူများ ဒီအိမ်နေတာ မကြိုက်ပါ” ဟု ပြောလေသည်။
“အကယ်၍ ဒီအိမ်မှာ နေချင်လျှင် အိမ်ရှင်မသူရဲကိုနှင်ပေးမည်” ဟုပြောသော်လည်း ကိုင်ချင်းစာသောအားဖြင့် “သူက မနေစေ
ချင်လျှင် မနေရုံပေါ့, နှင်တော့မနှင်ပါနှင့်” ပြော၍ တစ်ခြားအိမ်သို့ မိသားတစ်စု ပြောင်းရွှေ့ကြရသည်၊