၁၃။ ဆရာတော်များထံ
ခွင့်ပန်ခြင်း
လျှေက်ပါရစေ
ယခုအချိန်၌ ရှေးက မိမိကို ပြုစုပျိုးထောင်လိုက်သော
ဆရာတော်များတွင် ပခုက္ကူ-မဟာဝိသုတာရာမဆရာတော်နှင့် ၀ိသုဒ္ဓါရုံ, မြောင်းမြဆရာတော် နှစ်ပါးသာ
သက်တော်ထင်းရှားရှိပါတော့၏၊ သို့ရာတွင် မိမိကို ငယ်စဉ်ကစ၍ အရေးပါပါနှင့် အသိအမှတ်
ပြုခဲ့ကြသော ဆရာတော်များကား သက်တော် ရှစ်ဆယ်-ရှစ်ဆယ် ကျော်အထိ ရှိကြပါသေးသည်၊
ထိုဆရာတော်ကြီးများသည် မိမိ၏ ပြုခဲ့သမျှသော
စာရေးစာချ သာသနာ့ကိစ္စကို အားရတော်မူပြီး ဖြစ်ကြပါသည်၊ သို့သော် ယခုအခါ တိုးချဲ့၍ ပြုဖို့ရန်
ကြံစည်အပ်သော သာသနာ့ကိစ္စအတွက် ရည်ရွယ်ချက်ကို မသိရလျှင် ကျေနပ် တော်မူကြမည် မဟုတ်သောကြောင့်
တိုတိုကျဉ်းကျဉ်းနှင့် လိုရင်းကို ဆရာတော်များအား လျှောက်ထားပါရစေဘုရား။
၁။ ကျေးရွာကျောင်းများ၌ ကျောင်းသား မရှိတော့ပါ၊
တချို့ကျောင်းများ၌ ကျောင်းစောင့်ဘုန်းကြီးပင် မရှိတော့ပါ။
၂။ မြို့ငယ် မြို့ကြီးများ၌ ကလေးတွေကား အများအားဖြင့်
အင်္ဂလိပ်စာသင်ကျောင်းမှာချည်း နေကြပါသည်၊ ပစ္စည်းဥစ္စာ တတ်နိုင်လေ အင်္ဂလိပ်ကျောင်းမှာ
နေလေဖြစ်နေပါပြီ။
၎။ ထိုအင်္ဂလိပ်ကျောင်းထွက်များသည် သူတို့ ဆရာသမားများ၏
ဂုဏ်ကျေးဇူးကိုသာ သိ၍, ရဟန်သံဃာတော်များ၏ ဂုဏ်ကျေးဇူးကို သိခွင့် မရတော့ပါ။
၅။ ရဟန်းသံဃာတော်များ၏ ဂုဏ်ကျေးဇူးကို မသိရလျှင်
သာသနာတော်၏ အကျိုးကျေးဇူးကို မသိမမြင်နိုင်ဘဲ သာသနာတော်ကိုလည်းကောင်း, ရဟန်းသံဃာကိုလည်းကောင်း
(နိုင်ငံမှာ တာဝန်အပို တက်နေသော အစုအဝေး)ဟု အယူရှိစရာ ဖြစ်လာပါတော့သည်။
၆။ ယခုလည်း လူတို့အနီးမှာ ရှိနေကြသော တစ္ဆေ
သူရဲနှင့် ရုက္ခဇိုးနတ်များကိုပင် မြင်အောင် မကြည့်နိုင်သူတို့က သူတို့မမြင် နိုင်ရုံမျှဖြင့်
မြင့်မိုရ်တောင် မရှိ, နတ်ပြည် မရှိ, ငရဲပြည် မရှိဟု ရဲရဲတင်းတင်း ပြောနေကြပါပြီ။
၇။
ထို့ပြင် တပည့်တော်များ၏ ကျောင်းများ, ကျောင်းတိုက်များဝယ် ဆရာ ဒကာတို့ ကြိုးစာနေခိုက်သာ
ကောင်းမွန် တိုးတက်၍ မူလ ဆရာ ဒကာတို့ ကွယ်လွန်သွားလျှင် နိမ့်ကျရ, ပျက်စီးကြရသည်ကို
တွေ့ရပါသည်၊ ထို့ကြောင့် ကျောင်း, ကျောင်းတိုက်များကို စောင့်ရှောက်ရာဝယ် ဆရာဘက်က နာယကအဖွဲ့,
ဒကာဘက်က ဂေါပကအဖွဲ့ဖြင့် စောင့်ရှောက်သွားမှသာ အဆက်ဆက် တည်တံ့ တိုးတက်စရာ ရှိပါသည်။
၈။
ထို့ကြောင့် ဘုရားတပည့်တော်သည် ဂဏန်းသင်္ချာစသော ပညာများကို သင်ပေးခြင်းအားဖြင့်
တောရွာကျောင်းများကို ထိန်းသိမ်းနိုင်မည်ဟု လည်းကောင်း, ဘာသန္တရ သင်ပေးခြင်းအားဖြင့်
ဆရာနှင့် ခွဲ၍ ဘာသန္တ သင်နေကြသော စာချနိုင်စွမ်း ရှိသော ရဟန်းတော်များကို ပိဋက လက်မလွတ်စေဘဲ
သဒ္ဓါတရား မပျက်စီးအောင် ထိန်းသိမ်းနိုင်မည်လည်းကောင်း, ထိုသို့ ထိန်းသိမ်းခြင်းဖြင့်
ကျောင်း ကျောင်းတိုက်များကို အဓွန့်ရှည်စွာ တည်စေနိုင်လိမ့်မည်ဟုလည်းကောင်း မျှော်လင့်ပါသည်။
၉။
ယခုအခြေအနေမှာ အတော်များစွာသော စာချတန်းအောင် ပုဂ္ဂိုလ်တို့တွင် ဘာသန္တရ သင်ယူက သင်,
စာသင်တိုက် မဟုတ်သော နေရာ၌ ဖြစ်သလို သာမည နေသူက နေ ဖြစ်ရကား သမင်မွေးရင်း ကျားစားရင်း ဆိုသလို စာချတန်းအောင်ပြီး
ပုဂ္ဂိုလ်များကို တပည့်တော်များ၏ ကျောင်းတိုက်၌ ထိန်းမထား နိုင်အောင် ဖြစ်နေပါသည်၊ ဘာသန္တရ
သင်ပေးနိုင်ပါမူ အားလုံး မဟုတ်သော်လည်း တချို့ကို ထိန်းထားနိုင်မည်ဟု ထင်ပါသည်။
၁၀။
ဂဏန်းသင်္ချာ ဘာသန္တရကို သင်ပေးရာ၌ သင်ချင်သူတိုင်းကို သင်ပေးမည် မဟုတ်ပါ၊ ၀ိနည်း သိက္ခာကို
လေးစား၍ သာသနာပြုလိုသော ဆန္ဒရှိသူများကိုသာ ရွေးချယ်လက်ခံ၍ သင်ပေးပါမည်။