ဆရာဘုန်းကြီးများတာဝန်
စာသင်သားတိုင်း အခြေခံနည်းမှန်ဖို့ အရေးကြီးပါသည်၊
အခြေခံ ဟူရာ၌ စာတစ်မျိုးကိုသာ ဆိုလိုသည် မဟုတ်ပါ၊ အနေ အထိုင် အ၀တ် အစား အပြောအဆိုများကို
ဆိုလိုပါသည်၊ စာသင်သားဘ၀သည် ပဋိသန္ဓေတည်ပုံနှင့် တူ၏၊ အမျိုးညံ့၌ ပဋိသန္ဓေ တည်မိလျှင်
တစ်ဘ၀လုံး ထိုအမျိုး၏ ထုံးစံအတိုင်း အညံ့နည်းကို ရသကဲ့သို့, ထို့အတူ စည်းကမ်းမရှိ
သော ဆရာ့အထံ၌ စာသင်သားဘ၀ ရောက်နေလျှင် ထိုဆရာသမား၏ ထုံးစံအတိုင်းသာ ပြောဆို နေထိုင်နည်းကို
ခံယူရပါလိမ့်မည်၊
အမျိုးကောင်း၌ ပဋိသန္ဓေတည်မိလျှင်ကား ထိုအမျိုးကောင်း၏ ထုံးကောင်းကို
ရနိုင်သကဲ့သို့, ထိုအတူ ဆရာကောင်းထံ၌ စာသင်သားဘ၀ရောက်လျှင် ထိုဆရာ့အထံမှ ကောင်းသောနည်းများကို
ခံယူရရှိပါလိမ့်မည်၊ ထိုကြောင့် ကျေးရွာဆရာသမားများသည် မိမိတပည့်ကို နည်းကောင်းရမည့်
လမ်းကိုသာညွှန်းပြဖို့ တာဝန်ရှိကြပါသည်။
ဗုဒ္ဓမြတ်စွာသည် ဘုရားဖြစ်ပြီး၍ မကြာခင် ပရိနိဗ္ဗာန်စံဖို့
တောင်း ဖန်လာသော မာရ်နတ်အား ““ဘိက္ခု, ဘိက္ခုနီ, ဥပါသကာ, ဥပါသိကာ”” ဟူသော ပရိသတ်လေးပါးတို့
တရားသိသိနှင့် ပြည့်ပြည့်စုံစုံ မရှိသေး သမျှ
ပရိနိဗ္ဗာန် စံတော်မူမည် မဟုတ်သေးဟု မိန့်တော်မူ၍ ပရိသတ်လေးပါး စုံညီသောကြောင့်သာ ပရိနိဗ္ဗာန်စံတော်မူပါသည်၊
ယခုအခါ ၀ယ် ဘိက္ခုနီပရိသတ် အဆက်ပြတ်နေပါပြီ၊
ထိုပရိသတ်၏နေရာ၌ သီ လရှင်များ ၀င်ရောက် နေထိုင်လျက် ရှိပါသည်၊ ဘုရား လက်ထက်တော်၌ ဘိက္ခုနီများသည်
တရားကျင့်၍ များစွာသော အမျိုးသမီးများကို ယဉ်ကျေး လိမ္မာအောင် တာဝန်ယူခဲ့ကြပါသည်၊
ဓမ္မာသောက မဟာရာ ဇာ၏သမီးတော် သံဃမိတ္တာထေရီမသည်
သီဟိုဠ်သို့ လာ၍ အနုဠာဒေ၀ီ အမှူးရှိသော နန်းတော်သူများကို ဘိက္ခုနီပြုပေးခဲ့ပါသည်၊ ယခုအခါ
ဘုန်းကြိးသိကျွမ်းသော သီလရှင်များတွင် အထက်တန်း အမျိုးသမီးများ ပါရှိပါသည်၊
ထိုအမျိုးသမီးများသည် မိမိတို့ ကိုယ်ကို သာသနာ့ဝန်
ဆောင်ရာတွင် တိုင်းပြည်ရှိ အမျိုးသမီးများအတွက် တာဝန်ယူနိုင်လောက်သော စိတ်ဓာတ်သတ္တိကို
ဖြစ်စေသင့်ကြ ပါသည်။
ဘာသာခြားသီလရှင်များ
ဘုန်းကြိးသည် ဘာသာခြား သီလရှင်များ၏ အနေအထိုင်
စသည်ကို အခွင့်သင့်တိုင်း သတိပြုပါသည်၊ သူတို့သည် ကလေးတွေကို ပညာသင်ပေးကြ၏၊ အပ်ချုပ်ခြင်းစသော
လက်မှုပညာများကို တတ်ကျွမ်း၍သင်ပေးကြဟန်တူ၏၊ ဆေးဘက်၌ ကျွမ်းကျင်သူတို့က ဆေးကုပေး ကြ၏၊
ဘုန်းကြီသိရသော သီလရှင်ဆရာမကြီ၏ ဆေးကုပုံမှာ
အလွန်မေတ္တာကရုဏာ ပါ၏၊ တချို့ကား ကုဋ္ဌရောဂါ သည်များကိုပင် ကုသ ပြုစုကြ၏၊ သူတို့၏ မေတ္တာ
ကရုဏာ အသက်ဝင်နေသော ဆေးကုမှု ကြောင့် သူတို့ကို အားကိုးကြ၏၊ မေတ္တာ ကရုဏာ အတုံ့ပြန်ကြ၏၊
သူတို့ကား မကြိးပွားဘဲ မနေ, ဧကန် ကြိးပွားခွင့်ရှိပါပေသည်၊
သီလရှင် ဆရာမကြိးတို့ အုပ်ချုပ်သော မန္တလေးကွန်ဗင့်ကျောင်းကား ကျောင်း သူအမျိုးသမီးကလေးများ
(နေရာမရလောက်အောင်) ပြည့်လျှံ၍ နေ ပါတော့သည်။