၉။ တာဝန်ကျေပွန်ရန်
ညွှန်ပြခန်း
အစိုးရ၏
တာဝန်
အစိုးရဆိုသည်မှာ သဘာဝအားဖြင့် တိုင်သူပြည်သား၏
မိဘပင်တည်း။ မိဘသည် သားသမီး အလိုကို လိုက်ဖို့ထက် သားသမီး ကြီးပွားရေးကိုသာ ဂရုစိုက်ရသကဲ့သို့ အစိုးရလည်း တိုင်းသူပြည်သား၏
ကြီးပွားရေးကိုသာ ကြည့်ရပေလိမ့်မည်၊ မိမိတို့ သုံးစွဲနေသော အခွန်ဘဏ္ဍာသည် (သာသနာ့ ထုံးစံအားဖြင့်)
သံဃိက-အများဆိုင်ပစ္စည်းပင်ဖြစ်၏၊
သံဃိကပစ္စည်းမှန်လျှင် တိုက်ပိုင်ဆရာတော်ကြီးသော်မှ
ပိုင်းစိုး ပိုင်းနင်း မသုံးစွဲရ၊ သုံးစွဲလျှင် ကြီးလေးသောအပြစ် ရှိ၏၊ ဘဏ္ဍာစား ပြန်၍
ပေးရ၏၊ မပေးဘူးဟု ငြင်းလျှင် ပါရာဇိကအထိ အပြစ်ကြီး၏။
ထို့ကြောင့် သာသနာရေးအတွက် သုံးစွဲရာ၌ သာသနာအကျိုး
ရှိလောက်မှသာ သုံးစွဲသင့်၏၊ သာသနာဆုတ်ယုတ်ကြောင်း ဖြစ်နေမှန်း သိလျက် ဆန္ဒ(ချစ်ခင်သော)ကြောင့်ဖြစ်စေ,
ဘယ(ကြောက်သော) ကြောင့်ဖြစ်စေ တစ်စုံတစ်ယောက် အသင်းအဖွဲ့အတွက် သုံးစွဲပေးလျှင် အဂတိလိုက်ရာ
ရောက်၏၊
မိမိမလိုလားသူအတွက် သုံးစွဲသင့်လျှက် မသုံးစွဲပြန်လျှင်
ဒေါသာဂတိ လိုက်ခြင်းပင် ဖြစ်၏၊ သာသနာ ဆုတ်ယုတ်ကြောင်း မသိ၍ သုံးစွဲမိပြန်လျှင် မောဟာဂတိလိုက်ရာ
ရောက်ပြန်၏၊ အဂတိလိုက်လျှင် မုချ ဂုဏ်သတင်း ယုတ်လျော့ရမည်သာ၊