သာသနာတော်နှင့် ယဉ်ကျေးမှု
“ယဉ်ကျေးမှု ပျောက်ခဲ့ရင် လူမျိုးလည်း ပျောက်တတ်တယ်”လို့ တပည့် တော်များ
ကြားဖူးပါတယ်၊ သာသနာတော်ရဲ့ စစ်မှန်တဲ့ အသွင်ဆိုတာ သာသနာ့ယဉ်ကျေးမှု တစ်ခုပဲမို့ ဒီယဉ်ကျေးမှုကို ထိန်းသိမ်းဖို့အတွက် တပည့် တော်တို့၊ အရှင်ဘုရားတို့မှာ
အကြင်းမဲ့ တာဝန်ရှိနေပါတယ်။ တပည့်တော်တို့ အရှင်ဘုရားတို့ အသက်ရှင် ရပ်တည်နေတာဟာ စားဝတ်နေရေးအတွက်မှ မဟုတ်ဘဲ၊ ၀န်ထမ်းတွေလေ၊ တာဝန်သိတဲ့ ၀န်ထမ်းတွေ ဖြစ်စေချင်ပါတယ်။ ကိုယ့်အသွင် ကိုယ်ချစ်မြတ်နိုးနိုင်သူတွေ ဖြစ်စေချင်ပါတယ်။
တပည့်တော်တို့ရဲ့ ထေရ၀ါဒအသွင်ဟာ ထေရ၀ါဒသာသနာတော် မြတ်ရဲ့ ယဉ်ကျေးမှုပါ၊ ဒီယဉ်ကျေးမှု
မပျောက်ပျက်ဘဲ ယနေ့ မိမိတို့ခေတ်အထိ ပီပြင်ကျနစွာ
တည်နေနိုင်တာဟာ မြတ်စွာဘုရားရဲ့ ဥပဒေကြောင့်ပါ၊ ဒီဥပဒေ ကို လိုက်နာကျင့်သုံးခဲ့ကြလို့ပါ။
နိုင်ငံရေးနှင့် ဗုဒ္ဓယဉ်ကျေးမှု
“နိုင်ငံရေးနဲ့ ဘာသာရေး မရောထွေးသင့်ဘူး”လို့
အမြင်ရှိကြသူတွေ လည်း ရှိပါတယ်။ “မရောတွေးသင့်ဘူး”ဆိုတာ ဘာကို ရည်ရွယ်ပြောတယ်လို့
တပည့်တော် မသိပေမဲ့ အချို့နိုင်ငံရေး ဥပဒေတွေမှာ ဗုဒ္ဓယဉ်ကျေးမှုတွေ ရှိထားမှ ရေရှည်ကောင်းလိမ့်မယ်။ သတ္တ၀ါတွေရဲ့ စရိုက်ကိုက အစုန်လမ်းကိုပဲ ကြိုက်ကြတယ်၊ အလျော့ဘက်ကိုပဲ ဦးတည်ပြေးသွားနေတတ်ကြတယ်၊ ဘောင်ခတ်ထားတာကို မကြိုက်တတ်ကြဘူး။ ကိုယ့်လူမျိုးတို့ရဲ့ ယဉ်ကျေးမှု မပျောက်ပျက်အောင်၊ လူမျိုးစုတစ်ခုခုရဲ့ ၀ါးမျိုမှုတွေ မခံရအောင် ဆိုရင် ဗုဒ္ဓယဉ်ကျေးမှုတွေနဲ့ နိုင်ငံရဲ့
အချို့သောဥပဒေတွေမှာ ဘောင်ခတ်ထားနိုင်မှ တော်ကာကြမယ်လို့ တပည့်တော် ထင်မြင်မိပါတယ် ဘုရား။