မေးကြည့်မိတော့
နှစ်ပေါင်း(၇၀)ကျော်လောက် ရှိပြီဖြစ်တဲ့
သင်္ကန်းဆိုင်ကြီး တစ်ဆိုင်ကို မေးကြည့်ခဲ့ပါတယ်၊ သူတို့ရဲ့ဆိုင်ပေါ်မှာ ရောက်လာခဲ့တာ နှစ်ပေါင်း(၂၅-၃၀)လောက်ပဲ
ရှိပါသေးတယ်တဲ့၊ အခုလည်း သူတို့ဆိုင်မှာ သင်္ကန်းအရောင်
အံသကိုက်ပဲ ထားပါတယ်တဲ့၊ လေ့လာကြည့်တော့ ဟုတ်လည်းဟုတ်ပါတယ်၊ သူတို့ဆိုင်မှာ သင်္ကန်းအရောင် အံသကိုက်မှ တစ်ပါး ကာမဘောဂီတို့ရဲ့ အရောင်အသွေးအမျိုးမျိုးနဲ့
အဆန်းတကြယ် ပြုလုပ်ဖန်တီးထားတဲ့ အံသကိုက် တွေ မတွေ့ရပါဘူး၊ ဒါလည်း
သာဓုခေါ်စရာတစ်မျိုးပဲလို့ ယူဆပါတယ်၊ မိမိရောက်ဖူးတဲ့ အခြားဆိုင်တစ်ခုမှာတော့ အရောင်အသွေး ပေါင်းစုံ၊ ဒီဇိုင်း ပေါင်းစုံနဲ့ တွေ့မြင်ရပါတယ်။
နှစ်ဦးနှစ်ဖက် တာဝန်ရှိ
ခေတ်ကာလ ဈေးကွက်စီးပွားရေးရဲ့ စိန်ခေါ်မှုနဲ့အတူ ပုံစံရေးစွဲသူတို့ရဲ့
တီထွင်ကြံဆချက်တွေကြောင့် ယနေ့ခေတ်မှာတော့ အရှင်ဘုရားတို့ရဲ့ (အချို့) ခန္ဓာပေါ်မှာ အရောင်အသွေး
စုံစုံလင်လင်၊ ဒီဇိုင်းအမျိုးမျိုး၊ တိုးလိုးတန်းလန်း ကြိုးမျှင်စတွေနဲ့ ဆင်မြန်းနေကြရပါပြီ။
အဆုံးစွန် အနေအားဖြင့် အံသကိုက်ဟာ အပ်သည်ပဲထားပါဦး၊ “ကာသာဝ”လို့ ဆိုသည့်အတိုင်း
ဖန်ရည်စွန်းအရောင်(သင်္ကန်းရောင်)ပဲ သင့် မြတ်တယ်ဆိုတာ ထိုဆိုင်ရှင်တို့
နားလည်ထားဖို့ ကောင်းပါတယ်။
အရှိန်အဟုန်ပြင်းပြင်းနဲ့ ပြောင်းလွဲဆန်းသစ်နေတဲ့ ခေတ်မော်ဒယ် ဒီဇိုင်းများကို အားကျနေရော့သလား လို့တောင် ထင်မှတ်မိပါတယ်။ ထုတ်လုပ် ရောင်းချသူ ရှိလို့ ၀ယ်ဝတ်သူလည်း ရှိတယ်၊
ဝယ်သူရှိတော့ ထုတ်လုပ်ရောင်းချ သူတွေလည်း အဆက်မပြတ် ထုတ်လုပ်ရောင်းချလာခဲ့တော့တယ်။ လယ်တီ ဆရာတော်ကြီးရဲ့ နွားမေတ္တာစာထဲကလို
ပြောရရင် “၀ယ်သူက မူလ၊ ရောင်းသူ
မှာ ဘူတ၊ ၀ယ်သူပေါမှ ရောင်းသူရွှင်၊
ရောင်းသူရွှင်မှ တွင်တွင်ထုတ်” လို့ ပြောရပါမယ်။ နှစ်ဦးနှစ်ဖက်လုံးမှာ
တာဝန်ရှိပါတယ်။
လိင်္ဂသာသနာကို မီးပူဇော်လိုက်ချင်ရဲ့
ဒါ့ကြောင့် နိဗ္ဗာန်ကုန်သည် အရောင်းကိုယ်စားလှယ်တော်ကြီးတို့
အနေနဲ့လည်း သတိထားမိဖို့ လိုပါတယ်၊ မိမိတို့ဟာ လိင်္ဂသာသနာကို ပုံပျက် စေသူတွေ၊ အသွင်ဖျက်သမားတွေပဲ ရှေ့ဆက်ပြီး
ဖြစ်နေကြဦးမယ် ဆိုရင် တော့ ၀မ်းနည်းစရာ
တစ်မျိုးပဲလို့ ဦးဇင်းများ
မှတ်ယူပါမယ်။ မပြောပလောက် တဲ့ ငွေစငွေနလေးနဲ့ ကိုယ့်သာသနာ
ကိုယ်ဖျက်နေသူတွေ မဖြစ်စေချင်လို့ပါ။
အခု ဦးဇင်းပြောပြလို့ သိသည့်အတွက်
လက်ခံကျင့်သုံးကြမယ်ဆိုရင်
အခု ဦးဇင်းပြောနေရင်းနဲ့ပဲ ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ ၀မ်းသာကြည်နူးလှပါပြီ၊ တကယ်ပဲ ကျင့်သုံးကြပြီ ဆိုရင်တော့
ပြောမပြတတ်လောက်အောင်ပဲ ၀မ်းသာရ တော့မှာပေါ့။ “ကိုယ့်သာသနာ
ကိုယ်ချစ်သူတွေပဲ”လို့လည်း တစ်သက်လုံး ကျေးဇူးတင်နေမိမှာပါ။
ငွေကိုသာ လိုအပ်သလောက် ရနိုင်မယ်ဆိုရင် အဲဒီ ကိုးရိုးကားရား အ၀တ်တွေကို
အကုန်လိုက်ဝယ်ပြီး အဲဒီဆိုင်တွေရှေ့မှာပဲ လိင်္ဂသာသနာကို မီးပူဇော်လိုက်ချင်ပါရဲ့။
မျက်နှာ မပြရဲလောက်အောင်
သင်္ကန်းချွေးပေ သက်သာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆိုရင် အင်္ကျီ ချိုင်းပြတ်ကို
မ၀တ်ဘဲ သင်းပိုင်ခပ်ပါးပါးကို ကိုယ်ပတ် ပတ်ရင်လည်း ပြည့်စုံနိုင် တယ်၊ ကိုယ်ပတ်သင်္ကန်း အသေးလေးကို
အောက်ကခံဝတ်ရင်လည်း ဖြစ်နိုင် တယ်၊ အသွင်မပျက်နိုင်တဲ့ နည်းလမ်းတွေ
ရှိနေလျက်ပါ၊ သို့ဖြစ်လျက် ဆက် လက်သုံးစွဲကြမယ် ဆိုရင်
နောင်တစ်ချိန် ပုံစံတွေ တဖြည်းဖြည်းပြောင်းလွဲ လာကာ (အခုပုံစံကိုက လွန်လှပါပြီ)
မြတ်စွာဘုရားရှင်ရဲ့ အသက်ပေး တည် ထောင်ခဲ့တဲ့
လိင်္ဂသာသနာဟာလည်း အားပျော့မှေးမှိန်လာပါလိမ့်မယ်။ အရှင် ဘုရားတို့ တပည့်တော်တို့ရဲ့
ခေတ်ကာလထဲမှာ လူ့အရောင်အသွေးတွေ ရောနှောလာသည့် အထိ ရွေ့လျောလာခဲ့ပြီလေ။ နှောင်းခေတ်ညီတော်တွေရဲ့
လက်ထဲကို ပီပြင်တဲ့အသွင် ဘယ်လိုလုပ် လက်ဆင့်ကမ်းမလဲ.?၊ ရှေးခေတ် တပည့်တော်တို့
လက်ထဲကို လက်ဆင့်ကမ်းခဲ့တဲ့ နောင်တော်ကြီးများကို မျက်နှာ မပြရဲအောင်ပါပဲ။