၃၁။ တန်ခိုးရှိသူကို ၀င်မပြိုင်နှင့်။
အမျိုးရှိသူကို ရင်မဆိုင်နှင့်။
၃၂။ ကံတင့်သူကို ၀င်မပြိုင်နှင့်။
ဉာာဏ်ရင့်သူကို ရင်မဆိုင်နှင့်။
၃၃။ သူတော်ကောင်းတွေကိုလည်း
ရန် မလုပ်နှင့်။
မူချော်စောင်းနေသည်ကိုလည်း
အကြံ မထုတ်နှင့်။
၃၄။ အခံရှိသူကို ဓာတ်ဆင်
မရိုက်မတိုက်လေနှင့်။
ဉာာဏ်ရှိသူကို အကြပ်ထွင်
မတိုက်မခိုက်လေနှင့်။
၃၅။ ရန်ရှိရပ်ရွာကိုလည်း
မသွားလေနှင့်။
ဖန်သည့်ဓာတ်စာကိုလည်းမစားလေနှင့်။
၃၆။ သံကိုလည်း ကြွက် မစားလေနှင့်။
ရန်ကိုလည်း အဆက်မပွားစေနှင့်။
၃၇။ ရန်ကိုရန်ခြင်း မတုံ့နှင်းနှင့်။
သံကို သံချင်း မခုတ်လျင်းနှင့်။
၃၈။ ရန်ကိုရန်ခြင်း မတုပနှင့်။
မာန်ကိုမာန်ခြင်း မခုကြနှင့်။
၃၉။ နှုတ်ကြမ်းသူကို မကျီစားနှင့်။
ယုတ်ကန်းသူကို မထိပါးနှင့်။
၄၀။ ချစ်တိုင်းလည်း မချော့နှင့်။
ဆစ်တိုင်းလည်း မလျှော့နှင့်။
၄၁။ စားလိုမှ ဖထီး မခေါ်နှင့်။
ကြားလိုမှ ဘကြီး မတော်နှင့်။
၄၂။ ကြက်ကိုလည်း မတိုက်နှင့်။
အရက်ကိုလည်း မကြိုက်နှင့်။
၄၃။ ဘိန်းအရက်ကိုလည်း မရောင်းနှင့်။
မိန်းမပျက်ကိုလည်း မပေါင်းနှင့်။
၄၄။ ငါးသလောက်လည်း မစားနှင့်။
မယားနှစ်ယောက်လည်း မထားနှင့်။
၄၅။ လိင်မတူနှင့်ကား တွဲမအိပ်လေနှင့်။
အိမ်သူနှင့်ကား ခွဲမအိပ်လေနှင့်။