၄၆။ လိင်တူအချင်းချင်းလည်း
မမှား မယွင်းလေနှင့်။
အိမ်သူအချင်းချင်းလည်း
တရား မကင်းစေနှင့်။
၄၇။ ထမင်းဝတိုင်း မာန မထန်နှင့်။
အဆင်းလှတိုင်း ရာဂ မထန်နှင့်။
၄၈။ တဏှာရူးကို ဆေးမကုနှင့်။
ဗလာရူးကို အရေးမပြုနှင့်။
၄၉။ တဏှာအလိုလည်း မလိုက်နှင့်။
ဇရာအိုကိုလည်း မကြိုက်နှင့်။
၅၀။ မြှောက်တိုင်းလည်း စိတ်ဓာတ်မကြွလေနှင့်။
ခြောက်တိုင်းလည်းစိတ်ဓာတ် မကျလေနှင့်။
၅၁။ စိတ်မကောင်းကိုလည်း
မမွေးလေနှင့်။
မိတ်အဟောင်းကိုလည်း မဝေးစေနှင့်။
၅၂။ စိတ်လေကိုလည်း မပွားစေနှင့်။
အဆိတ်တွေကိုလည်း မစားလေနှင့်။
၅၃။ လူမြင်တိုင်း မပေါင်းလေနှင့်။
ဂူမြင်တိုင်း မအောင်းလေနှင့်။
၅၄။ အခြေမရှိသည့်သူကို မပေါင်းလေနှင့်။
လေမရှိသည့်ဂူကို မအောင်းလေနှင့်။
၅၅။ သွေးမမှန်မကန်နှင့်လည်း မပေါင်းလေနှင့်။
အလေး မမှန်မကန်ကိုလည်း
မရောင်းလေနှင့်။
၅၆။ အနူရွာတွင်လည်း မအောင်းမပျော်နှင့်။
လူညာနှင့်လည်း မပေါင်းမဖော်နှင့်။
၅၇။ အတတ်မှော်ကိုလည်း မသင်နှင့်။
နတ်ကတော်ကိုလည်း မခင်နှင့်။
၅၈။ ဂိုဏ်းဆရာယုံ၍လည်း
သမီးကို မလွှတ်လေနှင့်။
သိုင်းဆရာယုံ၍လည်း
သတိကို မချွတ်စေနှင့်။
၅၉။ လုပ်ရပ်ရွှေကိုလည်း မရောင်းနှင့်။
ဖုတ်ကျတ်တစ္ဆေကိုလည်း မပေါင်းနှင့်။
၆၀။ အားတိုင်းလည်း မအိပ်နှင့်။
ယားတိုင်းလည်း မဆိတ်နှင့်။