၆၁။ ပျော်တိုင်းလည်း မက,နှင့်။
ခေါ်တိုင်းလည်း မကြနှင့်။
၆၂။ မထိုင်ခင်လည်း ခြေမဆင်းနှင့်။
မနင်းခင်လည်း အပူမထုတ်နှင့်။
၆၃။ ခလုတ်ထိမှ အမိမတ,နှင့်။
အလုပ်ရှိမှ သတိမရနှင့်။
၆၄။ နွားပိန်မ, လဲမူ ၀င်မထူနှင့်။
ကလိန်ကျမွဲမူ ၀င်မကူနှင့်။
၆၅။ ကံမွဲသူ ဉာာဏ်မကူနှင့်။
ဉာာဏ်နည်း(နဲ)သူ မာန်မထူနှင့်။
၆၆။ ရချင်တိုင်းလည်း အကြေးအခါခါ မယူနှင့်။
လှချင်းတိုင်းလည်း အမွှေးနံ့သာ မကူနှင့်။
၆၇။ ရေမြင်တိုင်းလည်း မသုံးလေနှင့်။
ငွေထင်တိုင်းလည်း မဖြုံးလေနှင့်။
၆၈။ ဖိနပ်မပါမရှိဘဲ ဆူးချုံမတိုးလေနှင့်။
အရပ်အခါမကြည့်ဘဲ ဗူးဖရုံ
မပျိုးလေနှင့်။
၆၉။ တက်မနိုင်လျှင်
ဝဲဆိုင်ကို မဖြတ်သန်းလေနှင့်။
အချက်မပိုင်လျှင်
ဆွဲကိုင်လို့ မသတ်မဖမ်းနှင့်။
၇၀။ တံစဉ်လိုလည်း အတွင်းမရှလေနှင့်။
အလျင်စလိုလည်း မင်းမခ,လေနှင့်။
၇၁။ မင်းဆိုးလျှင် မခ,စားလေနှင့်။
ဟင်းသိုးလျှင် အ၀,မစားလေနှင့်။
၇၂။ လောက၀တ်ကိုလည်း
မချွတ်ယွင်းစေနှင့်။
သောကညွတ်သို့လည်း
မသွတ်သွင်းလေနှင့်။
၇၃။ စည်းကမ်းကိုလည်း
မဖောက် မဖျက်လေနှင့်။
နည်းလမ်းကိုလည်း မပျောက်မပျက်စေနှင့်။
၇၄။ မိတ်ကောင်းကိုလည်း မပျက်စေနှင့်။
အရိပ်ကောင်းကိုလည်း မဖျက်လေနှင့်။
၇၅။ လူရိုးကို သူခိုး မမှတ်လေနှင့်။
လူဆိုးကို အမျိုး မစပ်လေနှင့်။