၂၁။ သူသေကိုလည်း ကြောက်အားမပိုနှင့်။
လူလေကိုလည်း မြှောက်စကားမဆိုနှင့်။
၂၂။ ကလေးကိုလည်း မစ,လေနှင့်။
ခွေးကိုလည်း မဆွလေနှင့်။
၂၃။ ကလေးကိုလည်း အရမ်းမငေါက်ပါနှင့်။
ခွေးကိုလည်း မဖမ်းမခြောက်ပါနှင့်။
၂၄။ သူတစ်ပါးမယားကိုလည်း
မစပါလေနှင့်။
မုသားစကားကိုလည်း မဟပါလေနှင့်။
၂၅။ သူ့မယားကိုလည်း မကြံလေနှင့်။
အမှုမှားကိုလည်း မဖန်လေနှင့်။
၂၆။ ဘ၀င်မြင့်သူကို မမြှောက်လေနှင့်။
ဆင်နှင့်လူကို မခြောက်လေနှင့်။
၂၇။ မဆိုသင့်ဘဲ မဆိုနှင့်။
မငိုသင့်ဘဲ မငိုနှင့်။
၂၈။ ကြောက်တိုင်းလည်း မငိုနှင့်။
အပေါက်တိုင်းလည်း မလျှိုနှင့်။
၂၉။ မာနတံခွန်လည်း မထားနှင့်။
ရာဂအလွန်လည်း မများသင့်။
၃၀။ ဆင်ပေါ်ကလူကို မဆွနှင့်။
ထင်ပေါ်လှသူကို မစ,နှင့်။