၁၁။ စကားပြောတိုင်း လူတတ်မထင်နှင့်။
တရားဟောတိုင်း သူမြတ်မထင်နှင့်။
၁၂။ ချမ်းသာသည် ဟူ၍လည်း
အလွန်မကြွားနှင့်။
ကျန်းမာသည် ဟူ၍လည်း
အလွန်မစားနှင့်။
၁၃။ စပါးရောင်းလျှင်
အဖျင်းစပါး မရောလေနှင့်။
စကားကောင်းတွင်
အတင်းစကား မနှောလေနှင့်။
၁၄။ တရားဟောလျှင် ကျမ်းဂန်မလွဲစေနှင့်။
စကားပြောလျှင်ဖြန်းဉာာဏ် မတွဲလေနှင့်။
၁၅။ တရားဟောလျှင် ဟာသ မများစေနှင့်။
စကားပြောလျှင် မာန မထားလေနှင့်။
၁၆။ မမှန်တရားလည်း မဟောနှင့်။
ရန်စကားလည်း မပြောနှင့်။
၁၇။ တရားရှည်စွာလည်း မဟောနှင့်။
စကားပလီပလာလည်း မပြောနှင့်။
စကားပြောလျှင် ဒေါသ မထွက်နှင့်။
၁၉။ တရားဟောလျှင် သတိ မလွတ်စေနှင့်။
စကားပြောလျှင် ကတိ မချွတ်စေနှင့်။
၂၀။ အပေါင်းအသင်းမရှိရာကို
မသွားလိုနှင့်။
အကြောင်းရင်းမသိတာကိုစကားမဆိုနှင့်။