၁။ ထင်တိုင်းလည်း မကြွားနှင့်။
ဝင်တိုင်းလည်း မစားနှင့်။
၂။ မဟုတ်ပါမူ သစ္စာမဆိုနှင့်။
ယုတ်မာသူ မေတ္တာမပိုနှင့်။
၃။ အကျင့်တရားလည်း မပျက်စေနှင့်။
မသင့်စကားလည်း မမြွက်လေနှင့်။
မြင်ရာကိုလည်း ရန်မပြုလေနှင့်။
၅။ မတတ်ဘဲလည်း ဆရာမလုပ်နှင့်။
အရပ်ထဲလည်း လာမရှုပ်နှင့်။
၆။ ဆန်မရှိဘဲ အစားမကြီးနှင့်။
ဉာာဏ်မရှိဘဲ မကြွားမဖြီးနှင့်။
၇။ မြင်တိုင်းလည်း မလိုချင်နှင့်။
ထင်တိုင်းလည်း မဆိုချင်နှင့်။
၈။ မဟုတ်ဘဲလည်း မကြွားနှင့်။
မလုပ်ဘဲလည်း မစားနှင့်။
၉။ စကားတတ်တိုင်း မပြောနှင့်။
အစားငတ်တိုင်း မလောနှင့်။
၁၀။ စကားကိုလည်း
မမောက်နှင့်။
မယားကိုလည်း မကြောက်နှင့်။