၉၁။ ရုပ်နာမ်မသိဘဲ ကမ္မဋ္ဌာန်းဆရာမလုပ်နှင့်။
အဟုတ်ဉာာဏ်မရှိဘဲ ဖျန်းကာ မအုပ်နှင့်။
၉၂။ ပရိယတ်ကိုလည်း မပုတ်ခပ်နှင့်။
ပဋိပတ်ကိုလည်း အလုပ်မရပ်နှင့်။
၉၃။ သဒ္ဒါမတတ်မသိလျှင် ပဏ္ဍိ မမှတ်လေနှင့်။
ကဗျာမတတ် မသိလျှင် ဉာာဏ်က၀ိ
မမှတ်လေနှင့်။
၉၄။ သဒ္ဒါ မတတ်လျှင်
အကြည့်အဖတ် မနည်း(နဲ)စေနှင့်။
စာဖတ်လျှင်
ယတိအဖြတ် မလွဲစေနှင့်။
၉၅။ ပါဠိမတတ်က ဆန်းဂါထာ မရေးလေနှင့်။
စာမညှိတတ်က ကျမ်းစာ မရေးလေနှင့်။
၉၆။ ကျမ်းရေးလည်း မမှားစေနှင့်။
လမ်းဘေးလည်း မသွားလေနှင့်။
၉၇။ ကျမ်းဟောင်းဆို၍လည်း
အထင်မသေး လေနှင့်။
လမ်းဟောင်းဆို၍လည်း အလျင်မပြေးနှင့်။
၉၈။ ရဟန်း သာမဏေကိုလည်း
မလေးမစား မပြုနှင့်။
ကျမ်းစာပေကိုလည်း
အရေးမထား မပြုနှင့်။
၉၉။ သံဃာကိုလည်း မခွဲလေနှင့်။
မာန်တဏှာကိုလည်း မစွဲစေသင့်။
၁၀၀။ ဘုရားဟောပါဠိကိုလည်း
ဝေဖန်မှု မပြုနှင့်။
တရားသဘော အလာအရှိကိုလည်း
သွေလှန်မှု မပြုနှင့်။
၁၀၁။ စိတ်ကြံမြောက်လိုလျှင် ဘုရားမမေ့နှင့်။
နိဗ္ဗာန်ရောက်လိုလျှင် တရားမမေ့နှင့်။