Saturday, March 29, 2014

ကုမ္ဘဃောသကဝတ္ထုလာ ခုတင် ညောင်စောင်းကြိုးဖြတ်တယ်ဆိုတာ ဘယ်လိုညောင်စောင်းလဲ


ဓမ္မပဒအဋ္ဌကထာလာ ကုမ္ဘဃောသကဝတ္ထုကို နိဿယစီစဉ်နေစဉ် “တိခိဏေန သတ္ထေန တဿ မဉ္စဝါဏံ ဟေဋ္ဌာအဋနိယံ တဟံ တဟံ ဆိန္ဒိ” ဝါကျရှိ ‘မဉ္စဝါဏံ-ညောင်စောင်းကြိုးကို’ ဟု အနက်ပေးသည့်အခါ
ဆရာဘုန်းကြီးက “နေဦးဟ..ဝါဏ-သဒ္ဒါက ကြိုးအနက်ဟောလို့ ပါဠိအဘိဓာန်တွေမှာတော့ မတွေ့မိဘူး မြားအနက်ဟောလောက်သာပါတာ” လို့ မိန့်တော်မူပါတယ်။


ဒီတော့ မိမိက “ဘုန်းကြီးဘုရား တပည့်တော် ပဋ္ဋနားကို ရောက်တော့ ကြိုးတွေနဲ့လုပ်ထားတဲ့ ကုဋင် ညောင်းစောင်းကို တွေ့ခဲ့ဖူးတယ်ဘုရား”
“ဟုတ်လား? ဘယ်လို ပုံစံလဲ” ဆရာဘုန်းကြီးက မေးသည်။
မိမိလည်း တတ်နိုင်သမျှ မြင်အောင် လျှောက်ထားလိုက်ပါသည်။
ထိုလျှောက်ကြားမှုကြောင့် ဆရာဘုန်းကြီးက ‘ဓာတ်ပုံလေးရချင်တယ်’ ဟု မိန့်တော်မူ၍ ရအောင် ရှာပေးပါမည့်အကြောင်လျှောက်ထားမိသည်။

“ ကုမ္ဘဃောသက ထိုင်လိုက်တာနဲ့တပြိုင်နက် ကြိုးအားလုံးပြတ်သွားပြီး မြေပေါ်မှာကျ ခေါင်းနဲ့ဒူးတွေနဲ့ ဆောင့်မိတယ် နောက်ပြီး ထောမနိဓိ အဘိဓာန် P.T.S အဘိဓာန်တို့မှာလည်း ဝါဏသဒ္ဒါက ကြိုးအနက်ဟောနိုင်ကြောင်း ဖွင့်ပြကြတာဆိုတော့ ကြိုးကတော့ သေချာတာမှန်တယ်၊ ဒါပေမယ့် နောက်လာနောက်သား မှတ်သားဖို့အတွက် ပုံလေးပါထည့်ခဲ့ချင်တယ်၊” ဟု ဆရာတော်ဆန္ဒကို မိန့်ပါတယ်။
မှန်ပါသည် မြန်မာ့ကုဋင်ညောင်စောင်းတို့တွင် ကြိုးနှင့်တည်ဆောက်သည့် ကုဋင်ညောင်စောင်းမတွေ့ဖူးပါ၊ မိမိတို့ ငယ်စဉ်က ထိုကုမ္ဘဃောသကဝတ္ထု ညောင်စောင်းကြိုးကို အနက်မထင်ခဲ့ ပုံစံကို မမြင်ခဲ့၊ ထင်မိထင်ရာကို ထင်ခဲ့၏။ သို့အတွက်ကြောင့် ဆရာတော်က ဒီနေရာလေးမှာ ကြိုးနဲ့ပြုလုပ်ထားသည့် ကုဋင်ညောင်စောင်း ပုံလေး ထည့်မည်ဆိုတော့ မိမိကဲ့သို့ အနက်မထင် ထင်ချင်သလိုထင်ခြင်း ဘေးမှ ကင်းဝေးတော့မည်ကို တွေးပြီး ပုံထည့်ရန် စိတ်အားထက်သန်ခဲ့မိ၍ ရအောင်ရှာမည်ဟု ဝန်ခံလျှောက်ထားခဲ့မိခြင်းသာ။

ဝန်ခံပြီးနောက် ဒီပုံကြီး ဘယ်လိုရအောင် လုပ်ရပါ့လို့ တွေးတောကြံစည်နေစဉ် အိန္ဒိယနိုင်ငံ ပုနေးတောရမှ ဆရာတော် အရှင်အာယုပါလ မထေရ်မြတ်ကြီးကို အနုဿတိပွားသလို ခဏခဏမြင်မိလာတော့သည်။
သို့နှင့် ထိုအရှင်မြတ်ထံ အကူအညီအသနားခံတောင်းရာ ထိုအရှင်မြတ်၏ ကူညီပံ့ပိုးမှုကြောင့် ပုံလေးကိုရလာပါသည်။
ယခု ထိုပုံလေးနှင့် ဆရာဘုန်းကြီး၏ မဉ္စဝါဏနှင့်ပတ်သက်သည့် မှတ်ချက်ကလေးကို တင်ပြလိုက်ပါသည်။
ဆရာဘုန်းကြီး၏ ဓမ္မပဒဘာသာဋီကာကို ယခင်က ယမကဝဂ် တစ်ဝဂ်ထည်း ထုတ်ဝေခဲ့သော်လည်း ယခုတစ်ဖန် ယမကဝဂ်နှင့် အပ္ပမာဒဝဂ် ဝဂ်နှစ်ဝဂ်ကို ဓမ္မပဒဘာသာဋီကာ (ပထမတွဲ)အဖြစ် မကြာမီထုတ်ဝေနိုင်ရန် စီစဉ်နေပါသည်။
မဉ္စ၀ါဏံ။ ။ဝါဏသဒ္ဒါ ကြိုးဟောယူ၍ ““မဉ္စ၀ါဏံဩညောင်စောင်း၌ ဖွဲ့ချည် ကြောင်းကြိုးကို””ဟု တိပိဓာန်၌ ပေး၏၊ နောက်နား၌ ““ဧကံ ဒွေ ရဇ္ဇုကေ
ဌပေတွာ သေသေ ဆနိ္ဒ””နှင့် လျော်သလို ရှိ၏၊
ပါဠိအဘိဓာန်၌ ၀ါဏသဒ္ဒါ မြားကိုသာ ဟော၏၊
ထောမနိဓိ ၌ ၀ါဏ၏ ဟောနက်ကို (၁) အိမ်, (၂) နွားသားမြတ်(နွားနို့), (၃) အသုရာနတ်, (၄) မီး, (၅) အလုံးစုံ, (၆) မြား, (၇) ကောင်း သော ဖြူဆံမြက်, (၈) ကာဒမ္ဗရီ ကျမ်းပြုပညာရှိ, (၉) ညိုသော လိပ်ဆူးပင်””ဟု ပြထား၏၊ ““ကြိုး””ဟူသော အနက်မပါ၊ ထိုအနက်များတွင် ““ကောင်း သော ဖြူဆံမြက်””ဟူသော အနက်ကို ယူ၍ ““၀ဏတိ သဒ္ဒါယတီတိ ၀ါဏော-ထိမိလျှင် အသံမြည်တတ်သော ဖြူဆံမြက်၊ [၀ဏ သဒ္ဒေ+ဏ၊]””ဟု ပြုပြီးနောက် ရဇ်္ဇုက(ကြိုး)ကို ရအောင် ““၀ါဏေန+ကတံ ၀ါဏံ-ကောင်းသော ဖြူဆံမြက်ဖြင့် ပြုအပ်သော ကြိုး””ဟုကြံ၊ ထိုနောက် ““မဉ္စဿ+၀ါဏံ မဉ္စ၀ါဏံ-ညောင်စောင်း၏ကြိုး””ဟု ဆက်ပါ။

တစ်နည်း။ ။ P.T.S အဘိဓာန်၌ ၀ါဏ၏ အနက်ကို ““(၁) Sewing -အချုပ် အလုပ်, ချုပ်ထည်, (၂) Stuffing -ညောင်စောင်း၏ အဆာ””ဟု ၂မျိုးပြ၍ ဓာတ်မှာ ၀ါဓာတ်ဟု ဆို၏၊ မဉ္စ၀ါဏ၏ အနက်ကိုလည်း “Stuffing of couch-ညောင်စောင်း၏ အဆာ””ဟု ဆို၏၊ “အဆာ”ဟူသည် အ၀တ်အထည်စသည်တို့တွင် မရက်ဘဲ ချန်ထားသော ချည်မျှင်, အစွန်းအမြိတ်တည်း(မြန်ဓာန်ချုပ်)၊ ဤ၌ “အဆာ” ဟု ခေါ်သော ချည်မျှင်ကြိုးကို “မဉ္စ၀ါဏ”ဟု ယူ၊ ထိုအလို “၀ါတိ ဗန္ဓတိ ဧတေနာတိ ၀ါဏံ-ဖွဲ့ချည်ကြောင်းအဆာ-ချည်မျှင်-ကြိုး၊ မဉ္စဿ+၀ါဏံ မဉ္စ၀ါဏံ-ညောင်စောင်း၏ အဆာချည်မျှင်ကြိုး”ဟုကြံ။
ဒီလောက်ဆိုရင် ကုမ္ဘဃောသကဝတ္ထုမှာပါတဲ့ ကုဋင် ညောင်စောင်းကြိုးကို ဖြတ်တယ်ဆိုတာ သဘောပေါက်လောက်ပြီ ထင်ပါရဲ့ ။ ကုမ္ဘဃောသကဝတ္ထုကိုတော့ ဓမ္မပဒအဋ္ဌကထာမှာ ရှုစားတော်မူကြပါရန်၊ (ပုံအတွက် ကူညီပေးသော ပုနေးတောရ အရှင်အာယုအား လွန်စွာကျေးဇူးတင်ပါကြောင်း)
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ