Saturday, February 15, 2014

မင်းရဲကျော်စွာ


သြော် x x x ဘုရင့်နောင်နဲ့ x x x ရာဇဓိရာဇ်တို့လို x x x မင်းရဲကျော်စွာ x x x ပမာပုံနှယ် x x x အလောင်းဘုရားတို့လိုကွယ် x x x ဗမာတိုင်း x x x ဗမာမျိုး x x x အားကိုးလောက်ပေရဲ့ x x x မကြောက်တမ်း x x x မရွံ့တမ်း x x x ဗမာတွေ အောင်ပန်းဆွတ်ကြရှာလေတယ် x x x

အဲဒီသီချင်းလေးထဲက မင်းရဲကျော်စွာဆိုတာ ......

"ရဲမာန်တက်သောမင်းရဲကျော်စွာနှင့် သူရဲဘောနည်းသော မင်းရဲကျော်စွာတို့အကြောင်း"

အ၀-ဘုရင်မင်းခေါင်၏သားတော် မင်းရဲကျော်စွာဟူ၍ အိမ်ရှေ့ မင်းသားတစ်ပါး၊ ဟံသာဝတီ ငါးဆူဒါယကာ၏သားတော် မင်းရဲ ကျော်စွာ ဟူ၍ အိမ်ရှေ့မင်းတစ်ပါး ဤကဲ့သို့မြန်မာရာဇ၀င်မှာ ဘွဲ့မည် အတူ ရာထူးအတူ မင်းနှစ်ပါး ထွန်းကားပေါ်ပေါက်ဖူးလေသည်၊ ထိုမင်းသားနှစ်ပါးသည် အမည်နှင့်ရာထူးချင်းတူသော်လည်း စိတ်နေ သဘောထားမှာ များစွာခြားနားလျက်ရှိကြလေ၏


အ၀-ဘုရင်မင်းခေါင်၏ သားတော်ဖြစ်သော (မင်းရဲကျော်စွာ) မှာ ရဲစွမ်းသတ်္တိရှိ၍ ဟံသာဝတီ (မင်းရဲကျော်စွာ) မှာ သူရဲဘောနည်းသူ ဖြစ်လေသည်၊ အ၀မင်းရဲကျော်စွာသည် တလိုင်းဘုရင်ရာဇာဓိရာဇ်နှင့် စစ်ပွဲပေါင်းများစွာကို ကြီးမှူး ကွပ်ကဲ၍ တိုက်ခိုက်လေသည်၊ ရဲစွမ်း သတ်္တိနှင့် ပြည့်စုံ၍ စိတ်နေစိတ်ထား ကြီးမားလှသောကြောင့် မည်သူ့ အရှိန်ဂုဏ်ကိုမျှ ခိုလှုံလိုသော ဆန်္ဒမရှိချေ။

"အဝ-မင်းရဲကျော်စွာ"

အဝ-မင်းရဲကျော်စွာသည် သက်တော်-၁၃-နှစ်ကပင်လျှင် တိုက်ပွဲသို့ဝင်၍ ဆင်တပ်, မြင်းတပ်,သူရဲတပ်များကို ကြီးကြပ်တိုက်ခဲ့ သူဖြစ်လေသည်၊ မင်းရဲကျော်စွာ တိုက်ခိုက်သော စစ်ပွဲများသည်ကား များသောအားဖြင့် အောင်မြင်လေသည်၊

နောက်ဆုံးမှာ မင်းရဲကျော်စွာသည် မိမိရဲစွမ်းသတ်္တိကို သုံးထိုက်သည်ထက် ပိုလွန်စွာ အသုံးပြုလေ သောကြောင့် ဒလတိုက်ပွဲတွင် မိမိစီးသော ဆင်တော်ကို လှံချက်တစ်ရာ လောက်ထိလေရာ နာလှသဖြင့် ဆင်ခါသောကြောင့် ဆင်ထက်မှ ကျတော်မူသည့်ပြင် ပေါင်တော်ကိုလည်း ဆင်နင်းခံတော်မူရလေ၏၊

ထိုအခါ တလိုင်းတို့က မင်းရဲကျော်စွာကို ဖမ်း၍ ရာဇာဓိရာဇ်ထံသို့ ပို့ဆက်ကြလေရာ ရာဇာဓိရာဇ်က ချိုသာသောစကားဖြင့် “ငါ့တူတော် မောင် ငါကြွေးသော ဆေးဝါးနှင့်ထမင်းကိုစားပါ ကုသ၍ ရောဂါကင်းသောအခါ ဟံသာဝတီမှာနေလိုလျှင် ငါ့သ်္မီးတော်နှင့် ထိမ်းမြား၍ အိမ်ရှေ့ပေးတော်မူမည် အ၀သို့ ပြန်လိုလျှင်လည်း မှူးမတ်တို့ကို ပို့ပါ စိမ့်မည် ကိုယ်ကိုသာ ကျန်းမာအောင် ကုသပါ" ဟုမိန့်တော်မူ၏။


ထိုအခါ မင်းရဲကျော်စွာက “တလိုင်းတို့ဆေးဝါးနှင့်ထမင်းကို ငါမစားလို ဟံသာဝတီကို မရလျှင် မပြန်ဟု ငါအဓိဋ္ဌာန်ရင်းရှိခဲ့သည် သူ့ကျွန်ဟူသောအမည်ကို ငါမခံပြီ၊ ငါအသက်ရှင်၍နေရသောထက် သေသော်မြတ်၏ ငါ့ကိုသတ်မည်ကိုသာ စီရင်တော့” ဟူ၍ ရဲဝံ့စွာ မိန့်ဆို တော်မူလေသည်။

မင်းရဲကျော်စွာသည် သူ့လက်အောက်ခံကျွန်ဟူသော အဖြစ်မျိုးနှင့် ရှည်ကြာ၍နေသောအသက်ကို အလိုမရှိသဖြင့် ဤသို့မိန့်တော်မူခြင်း ဖြစ်လေသည် လွန်စွာကြီးမားခံ့ခိုင်သော သူရသတ်္တိမျိုးပေတည်း။

ဤသို့သူရသတ်္တိနှင့်ပြည့်စုံသောကြောင့် မြန်မာရာဇ၀င်တွင် အ၀-မင်းရဲကျော်စွာ၏ ဂုဏ်သည် မမှိန်နိုင်အောင် ထွန်းပြောင်လျက် ရှိလေသတည်း။

"ဟံသာဝတီ မင်းရဲကျော်စွာ"

ဟံသာဝတီ မင်းရဲကျော်စွာသည်ကား အ၀မြို့တွင် ဘုရင်ခံအဖြစ် ဖြင့်စိုးအုပ်၍ပြီးမှ ခမည်းတော်က သက်္ကရာဇ် (၉၅၅) ခုနှစ်တွင် အိမ်ရှေ့ မင်းအရာကိုပေးသဖြင့် အ၀မြို့တော်မှဟံသာဝတီသို့ စုန်လာရသည်၊ ထို့ကြောင့် “မင်းရဲကျော်စွာစုန်” ဟူ၍ ရာဇ၀င်တို့၌ ရေးသားကြ၏၊

ထိုမင်းသားအတွက် ဘွဲ့ဆိုသော “မင်းရဲကျော်စွာ ရန်ဧချင်း” ဟူ၍လည်း ဧချင်းတစ်စောင်ရှိလေသည်၊ ဟံသာဝတီမင်းရဲကျော်စွာသည် အိမ်ရှေ့ မင်းဖြစ်သောအခါ စိတ်သဘောထား သေးသိမ်သောအတိုင်း တိုင်းသူ ပြည်သားတို့စိတ်နှလုံးကို ထိခိုက်ဖွယ်ရာဖြစ်သော အကျင့်များကို ကျင့်မှား လေသောကြောင့် ဟံသာဝတီ နေပြည်တော်ကြီး မငြိမ်မသက် ဖြစ်ဖူး လေ၏။

သက္ကရာဇ် (၉၆၀)တွင် တောင်ငူဘုရင်နှင့်သားတော် နတ်ရှင်နောင် မင်းသားတို့က ဟံသာဝတီသို့ တပ်ကြီးချီ၍ ၀န်းဝိုင်းလေရာ ဟံသာဝတီ မင်းရဲကျော်စွာသည် သူရသတ်္တိနည်းပါးစွာနှင့် သူတစ်ပါးတို့၏အရိပ်ကို ခိုလှုံလိုသော ဆန်္ဒရှိသောအတိုင်း မိမိ၏အိမ်ရှေ့မင်းဂုဏ်ကိုလည်း မထောက် ရွှေနန်းရှင်ဖြစ်သော ခမည်းတော်ဘုရား၏ရွှေမျက်နှာတော်ကို လည်းမထောက် ခမည်းတော်မသိအောင် ဟံသာဝတီမြို့တော်မှ တိတ်တဆိတ်ထွက်၍ တောင်ငူဘုရင်လက်အောက်သို့ ခိုဝင်လေသည်၊

ခိုဝင်လာသော ဟံသာဝတီ မင်းရဲကျော်စွာကိုလည်း တောင်ငူ ““နတ်ရှင် နောင်”” မင်းသားက ““ဤသူသည် မိမိခမည်းတော်၏ မျက်နှာကိုလည်း မထောက် မိမိ၏အိမ်ရှေ့မင်းဂုဏ်ကိုလည်းမထောက် ကြောက်သွေး များ၍ ယောက်ျားမပြီချေ၊ ဤကဲ့သို့သောသူကို မြေပေါ်မှာ အရှင်ထား သဖြင့် အကျိုးများဖို့မမြင်”” ဤသို့ ဆင်ခြင်တော်မူပြီးလျှင် သုတ်သင် ကွပ်မျက်လေသဖြင့် တောင်ငူမှာ အသက်ခန်္ဓာဆုံးရှုံးရလေသည်၊ ထို ဟံသာဝတီ မင်းရဲကျော်စွာသည် သူရသတ်္တိကင်း၍ ညံ့ဖျင်းသေးသိမ်သော စိတ်သဘောထားရှိသောကြောင့် ရာဇ၀င်ရိုင်းလေသည်။

ဤကား မင်းရဲကျော်စွာမည်သော မင်းသား နှစ်ပါးတို့၏ အကြောင်းတည်း။

(( လယ်တီပဏ္ဍိ ဦးမောင်ကြီးရေးသားတဲ့ နီတိမာလာကျမ်းမှ တင်ပြလိုက်ပါတယ်))
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ