ဆရာကင်း၍ပျက်စီးရခြင်း
ဘာသန္တရသင်၍ ပျက်စီးရာ၌ အခြေခံကို စဉ်စားဖို့
လိုပါသည်၊ ဘာသန္တရ သင်ကြရာ၌ မိမိကို ဆိုဆုံးမမည့် ဆရာသမားနှင့် ကင်းကွာ၍ နေရသူက များပါသည်၊
တချို့မှာလည်း လူဝတ်ကြောင်များနှင့် ရောနှော ၍ သင်ယူရပါသည်၊ အင်္ဂလိပ်စသော ဘာသာများ၌
ဘုရားဟောတော်မူ အပ်သော ပိဋကတရားတော်များကဲ့သို့ သဒ္ဓါတရား တိုးပွားစေနိုင်သော သင်္ခန်းစာများ
မရှိပါ၊
လောကဆိုင်ရာ အတွေးအခေါ် ကြံလုံး ဖန်လုံးတွေသာ
အများအပြား ပါရှိပါသည်၊ ဤသို့ ဆရာနှင့် ကင်းကွာနေလျှင် အင်္ဂလိပ်စာသင်သူ မဟုတ်သော်လည်း
ပျက်စီးတတ်ပါသေး၏၊ ဤစကားနှင့် စပ်၍ ဆက္ကအင်္ဂုတ္တိုရ်, ဒုတိယပဏ္ဏာသက, မဟာဝဂ်, ဟတ္ထိသာရိပုတ္တသုတ်ကို
ညွန်ပြလိုပါသည်၊။
“ဤလောက၌ အချို့ပုဂ္ဂိုလ်တို့သည် မြတ်စွာဘုရားကိုသော်လည်းကောင်း,
အလေးပြုလောက်သော (ဆရာစသော) သီတင်းသုံးဖေါ်ကို
လည်းကောင်း မှီ၍ နေခိုက်ဝယ် ကောင်းသော အလုပ်ကိစ္စ၌ မွေ့လျှော်၏၊ မိမိထက် ကြီးသူတို့
အပေါ်၌ ရိုသေစွာ မိမိကို နှိပ်ချ၏၊ အလွန် ငြိမ်ငြိမ်သက်သက်နေ၏၊
မြတ်စွာဘုရားမှ လည်းကောင်း ဖဲခွာ၍ အခြားရဟန်းများနှင့်ဖြစ်စေ, ဘိက္ခုနီ ဥပါသကာ ဥပါသိကာမ
တိုနှင့် ဖြစ်စေ, မင်း မှူးမတ်တို့နှင့် ဖြစ်စေ, တတ္ထိဆရာ တတ္ထိတပည့်တို့နှင့် (ဘာသာခြားဆရာ
ဘာသာခြားတပည့်တို့နှင့်) ဖြစ်စေ ရောရော နှောနှာ နေသောအခါ ထိုသူတို့နှင့် စကားမျိုးစုံပြောလျှက်
နေရသောကြောင့် ကိလေသာရာဂ ထကြွ၍ သိက္ခာချလျှက်
လူထွက်လေသည်” [ထိုမိစ္ဆာအယူဝါဒကိုလည်း ယူသွားတတ်ပါသေး၏၊]
ဤသို့ စသည်ဖြင့် ဆရာကင်း၍ အခြားသူများနှင့်
ရောရော နှောနှော စကားပြောလျှက် နေတတ်သူမှာ ဈာန်ရပြီးဖြစ်စေကာမူ လူထွက်တတ်သည်ဟု အရှင်ကောဋ္ဌိကမထေရ်က
အခြားရဟန်းများကို ပြောပြပါသည်၊
ထို့ကြောင့် သဒ္ဓါတရား မတိုးပွားစေနိုင်းသော သာသန္တရကို သင်သူမှာ တော်တော်တန်တန် သဒ္ဓါအခြေခံရှိရုံဖြင့်
စိတ်မချရကြောင်း, လူမထွက်သော်လည်း ဘုရား တရား သံဃာများ၌ ယုံကြည်မှု လေးစားမှု နည်းသွားတတ်ကြောင်းကို
ဤပါဠိတော် စာတွေ့, ယခုခေတ် လက်တွေ့အားဖြင့် ကောင်းကောင်းကြီး သဘော ပေါက်ထားသင့်ကြပါသည်။
အခြေခံကောင်းလျှင်
မပျက်
ဘာသာအမျိုးမျိုးကို သင်ယူတတ်မြောက်သော်လည်း
ပျက်စီးမသွားဘဲ သာသနာ့တာဝန်ကို ပို၍ ထမ်းဆောင်နိုင်သော ပုဂ္ဂိုလ်များကိုလည်း တွေ့နိုင်ပေသည်၊
(၁) ပထမ ရွှေကျင်ဆရာတော် ပျံလွန်တော်မူ၍ ဒုတိယရွှေကျင်သာသနာပိုင် ဖြစ်တော်မူသော မဟာဝိသုဒ္ဓါရုံဆရာတော်ဘုရားကြီးသည် ဝေဒကျမ်းတတ်
ဗြာဟ္မဏ တို့ကို ခေါ်၍ သက္ကတဘာသကြို သင်ယူတော်မူ၏၊ တတ်ကျွမ်းတော် မူသောအခါ သဒ္ဒါဘက်၌ အမြင်ကျယ်လာ၍ ထိုအချိန်က ပညာရှိ အများ လေးစားလောက်သော ဝိသုဒ္ဒါရုံသုတ်နက်ကျမ်းကြီးကို
စီရင်တော်မူသည်၊ ပရမတ္ထသရူပ-ဆိဒ္ဒပိဓာနနီ စသောကျမ်းများ ကိုလည်း စီရင်တော်မူ၏၊ ရွှေကျင်ဂိုဏ်းကြီးကိုလည်း
အထက် အောက် ကျယ်ပြန့်စေတော်မူသည်။
(၂) ဘုန်းကြီး၏ ကျေးဇူးတော်ရှင် ဖြစ်တော်မူသော
ရွှေကျင် နိကာယဥက္ကဋ္ဌ မဟာနာယက, အဂ္ဂမဟာပဏ္ဍိတ, သကျသီဟ ဓမ္မာစရိယ, အဘယာရာမရွှေဂူဆရာ တော်သည်
ထို မဟာဝိသုဒ္ဓါရုံ ဆရာတော်ကြီး အထံ၌ သက္ကတဘာသာကို လေ့လာတော်မူ၏၊ ထို့နောက် ဆရာတော်ကြီးလက်ထက်၌ပင် အိန္ဒိယသို့ကြွ၍
ပဏ္ဍိတ် ဗြာဟ္မဏတို့အထံ ထပ်မံ လေ့လာပြန်၏၊ (အင်္ဂလိပ်စာကိုလည်း နည်းနည်းပါးပါး လေ့လာတော်မူ၏၊
ထိုကဲ့သို့ လေ့လာ၍ အရာရာ ဉာဏ်အမြင် ကျယ်ပြန့်လာရကား
ပါဠိ သက္ကတ နည်းမျိုးစုံပါသော အဘိဓာန်နိဿယ, မောဂ္ဂလ္လာန်နိဿယ, အမရကောသနိဿစသော ကျမ်းတို့ကို
ရေးသားတော်မူခဲ့၏၊ ထိုကျမ်းများသည် ယခုအခါ
စာချဘုန်းတော်ကြီး ခတ်များများ၏ လက်စွဲများ ဖြစ်ကြပေသည်။
(၃) ရွှေကျင်နိကာယဥက္ကဋ္ဌ မဟာနာယကç အဂ္ဂမဟာပဏ္ဍိတ
ဖြစ်တော်မူသော ညောင်တုန်းမြို့ ရွှေဟင်္သာတော်ရ ပထမဆရာတော် သည် အင်္ဂလိပ်စာနှင့် သက္ကတ၌ ကျွမ်းကျင်တော်မူ၏၊
ထိုဆရာတော် ဘုရားကြီးသည် မင်္ဂလာလက်စွဲ စသော လူအများသုံး ကျမ်းစာ, (သက္ကတသုံး များစွာဖြင့်)
အလင်္ကာနိဿယစသော သာသနာဝင် ကျမ်းစာတို့ကို စီရင်တော်မူခဲ့၏၊ အနာဂတ်သာသနာအတွက် ရွှေဟင်္သာကျောင်းတိုက်ကြီးကိုလည်း
ခိုင်ဖြီးတည့်မတ် သတ်ယပ်စေ တော်မူခဲ့ပါသည်။
(၄) အဂ္ဂမဟာပဏ္ဍိတ, သကျသီဟ ဓမ္မာစရိယ, မင်းကွန်း
ဝိဇ္ဇာလင်္ကာရချောင် အရှင်သုန္ဒရာဘိဝံသ ဆရာတော်သည် အိန္ဒိယသို့ကြွ၍ ဟိန္ဒူ, သက္ကတ, အင်္ဂလိပ်ဘာသာများကို
လေ့လာတော်မူ၏၊ မြန်မာနိုင်ငံသို့ ပြန်ရောက်တော်မူသော အခါ မြောက်ပိုင်းဗုဒ္ဓဘာသာ တို့၏
ဗုဒ္ဓဝင်ဟု ခေါ်သော လလိတဝိတ္ထာရသုတ္တန်ကို မြန်မာပြန်၍ ရေးသားတော်မူပါသည်။
(၅) ရွှေကျင်နိကာယဥက္ကဋ္ဌ မဟာနာယက, အဂ္ဂမဟာပဏ္ဍိတ,
သကျသီဟဓမ္မာစရိယ ဖြစ်တော်မူသော စည်ရှင်ဆရာတော်သည် မြန်မာနိုင်ငံ၌လည်းကောင်း, အိန္ဒိယ၌လည်းကောင်း
ဟိန္ဒူ, သက္ကတ, အင်္ဂလိပ်ဘာသာတို့ကို သင်ယူတော်မူ၏၊ ရွှေကျင်ဂိုဏ်းကြီး၏ တာဝန်ကိုလည်း အထူးဆောင်တော်မူ၏၊
မိမိ၏ လက်ရုံးတပည့်တစ်ပါး ဖြစ်သော သကျသီဟဓမ္မာစရိယ ပထမကျော် အရှင်နန္ဒပဏ္ဍိတကိုလည်း ဗာရာဏသီသို့
စေလွှတ်၍ ဟိန္ဒူ, သက္ကတ, အင်္ဂလိပ်စာတို့ကို သင်ယူစေတော်မူပါသည်။
(၆) ဘုန်းကြီး၏ ကျေးဇူးတော်ရှင် ရွှေကျင်နိကာယ(ဒုတိယ)
ဥက္ကဋ္ဌ မဟာနာယက, အဂ္ဂမဟာပဏ္ဍိတ, သကျသီဟ ဓမ္မာစရိယ, မြောင်းမြ ဆရာတော်သည် မြန်မာနိုင်ငံ၌လည်းကောင်း,
အိန္ဒိယနိုင်ငံ၌ လည်းကောင်း ဟိန္ဒူ, သက္ကတ, အင်္ဂလိပ်ဘာသာတို့ကို သင်ယူတော်မူ၏၊ ယခုအခါ
ရွှေကျင်ဂိုဏ်းကြီး၏ တာဝန်ကို အထူးဆောင်တော်မူ၏၊ မြောင်းမြမြို့ ပဇ္ဇောတာရုံတိုက်၏ နာယက
ဓမ္မာစရိယဖြစ်သော မိမိ၏ တပည့်ရင်း အရှင်ဉာဏိကကိုလည်း ပဇ္ဇောတာရုံကျောင်းတိုက်ကို တိုးချဲ့
သင်ပြနိုင်ဖို့ရန် အိန္ဒိယသို့ စေလွှတ်၍ ယခုအခါ ဟိန္ဒူ, သက္ကတ, အင်္ဂလိပ် ဘာသာတို့ကို အထက်တန်းရောက်အောင် လေ့လာစေတော်မူ၏။
ဤကား ဘုန်းကြီး ကောင်းကောင်းသိထားသော ရွှေကျင်ဂိုဏ်း
ကြီး၏ ဥက္ကဋ္ဌဆရာတော်များ ဘာသန္တရလေ့လာပုံဖြစ်၏၊ ထိုဆရာတော် များကဲ့သို့ အခြားဂိုဏ်းမှာလည်း ဘာသန္တရ တတ်မြောက်၍
သာသနာ့ တာဝန်ကို ဆောင်နေသော ဆရာတော်ကြီးများကို ကြားဖူးပါ၏။ အသေချာ မဟုတ်သောကြောင့်
မဖော်ပြဘဲ ထားပါသည်၊ “ထို ဆရာတော်များသည် ဘာသန္တရကို လေ့လာတတ်မြောက်ကြပါလျက် ဘာ့ကြောင့်
ဖောက်ဖောက်ပြန်ပြန် မရှိကြသလဲ”ဟု စဉ်းစားထိုက် မေးမြန်းထိုက်၏၊
ထိုဆရာတော်များသည် နိုင်ငံခြားသို့ ရောက်နေစေကာမူ
ဆရာတော် ဘုရားကြီး၏ ဩဝါဒကို နာယူမြဲ နာယူနေကြ၏၊ ပိဋက၌ ကျွမ်းကျင်ရကား သာသနာတော်ဝယ်
သဒ္ဓါတရား အခြေစိုက်ပြီး ဖြစ်၏၊ ရည်ရွယ်ရင်းကလည်း ”ဘာသန္တရကို လေ့လာ၍ ထိုဘာသန္တရမှ ယူသင့်ရကြို
ယူပြီးလျှင် ပါဠိဘာသကြို တန်ဆာဆင်မည်”ဟု ရည်ရွယ်ရင်းဖြစ်၏၊
ထိုကြောင်းများကြောင့် ထိုဆရာတော်များ ယိမ်းယိုင်ခြင်း
မရှိဘဲ သာသနာ့တာဝန်ဆောင်အဖြစ်ဖြင့် ခိုင်မြဲတော်မူကြသည်ဟု အဖြေထွက်ပါသည်၊ [ထိုကဲ့သို့ဝန်ဆောင်ကောင်း
ပုဂ္ဂိုလ်တစ်ပါးကို သာသနာတော် ရရှိခြင်းအတွက် ဝန်မဆောင်လိုသော ဘာသန္တရတတ်ကျွမ်းသူအများ
ပျက်သွားခြင်း၌ ဝမ်းမနည်းထိုက် တော့ပါ၊]