ပျိုလေးတို့ရွာ၊ သာပါစမေး။
သာပါတယ်၊ ရွာလယ်လမ်းမှာ
ပန်းတွေနှင့်မွှေး။
ပျိုလေးတို့ရွာ၊ သာပါစမေး။
သာပါတယ်၊ ရွာငယ်ဖြိုးလို့
စည်ရိုးနှင့်လေး။
ပျိုလေးတို့ရွာ၊ သာပါစမေး၊
သာပါတယ်၊ နေညိုစောင်ယင်
ဒေါင်းတွန်သံကြွေး။
မောင်ကြီး လာခဲ့ယင်
မြောက်ပြင်မှာမေး။
မြောက်ပြင်က အိမ်စဉ်တန်းမှာ
ပန်းခြုံနှင့်လေး။
သာပါတယ်၊ ရွာလယ်လမ်းမှာ
ပန်းတွေနှင့်မွှေး။
ပျိုလေးတို့ရွာ၊ သာပါစမေး။
သာပါတယ်၊ ရွာငယ်ဖြိုးလို့
စည်ရိုးနှင့်လေး။
ပျိုလေးတို့ရွာ၊ သာပါစမေး၊
သာပါတယ်၊ နေညိုစောင်ယင်
ဒေါင်းတွန်သံကြွေး။
မောင်ကြီး လာခဲ့ယင်
မြောက်ပြင်မှာမေး။
မြောက်ပြင်က အိမ်စဉ်တန်းမှာ
ပန်းခြုံနှင့်လေး။
ပန်းခြုံနှင့် အိမ်ကိုဝင်ယင်
ဒန်းမြင်လိမ့်လေး။
သည်ဒန်းကို ပျိုစီးလို့
ညည်းမှိုင်မိသေး။
အပျိုပေါတဲ့၊ တို့တောရွာ။
ပျို့လူ ရွာစဉ်လျှောက်လို့
လမ်းထောက်ခဲ့ပါ။
ရှုခင်းရယ်သာ၊ ရွာစဉ်လုံးကြည်အေး။
ပျို့ရွာ ရှုမဆုံးမှာ
ပြုံးကြမယ်လေး..။
နုယဉ်