ငါလာစဉ်
ကဗျာဖွဲ့လို့၊ သာယာနွဲ့တေးဆို၊
ခါခါကွဲ့
အရေပိုသည်၊ အေးအေးအို သီကြွေး၊
တယုတယနှင့်
ရှုမဝ မျိုမလို၊ ပြုကြသကို ပိုက်ပွေ့ချီလို့ထွေး။
ငါ့သွားတော့
ဗျာများငိုသည်၊ အင်အားပျိုချိနှေး၊
ဘိုကယို
မျက်ရည်နွေးရယ်နှင့်၊ ခွဲခက်ရေးကြုံလာ၊
လာစဉ်ခါ
ချိုချိုပြုံးရယ်နှင့်၊ ငိုမဆုံး ပြန်သည့်ချိန်ခါ။
ခရီးသွား
ဧည့်သည်ပါကို၊ လှည့်လည်ကာ စခန်းအဆက်ကိုလ၊
လှမ်းထွက်ရ
တစ်ခါဆုံ၊ ခဏတာမျှကြုံ၊
ချိုချိုပြုံးနှင့်
ငိုမဆုံးပုံဟာ၊ ထိုထိုအလုံးစုံ အပြင်မျှသာပါလေး။
သမုဒယစိတ်
ယိုဖိတ်လာလျှင်၊ အငိုတိတ်စရာပင် မရှိပြီဘုလေး…။
(အောင်သပြေ)
♦♦ မဟာဂန္ဓာရုံမဟာနာယကချုပ်ဆရာတော်၏
အထွေထွေမှတ်စု လက်ရေးမူ..မှ