Sunday, January 6, 2013

စာတန်ခိုး


စာချစာသင်၊ အလုပ်ခွင်ဝယ်၊
နေ့စဉ်မွေ့လျော်၊ များသူတော်တို့၊
ရွှင်ပျော်လုံ့လ၊ သဒ္ဓါကြွ၍၊ ဉာဏစင်ဖြူ၊ သင်ချမူကား၊
ထိုသူကြီးပွား၊ သုတများသဖြင့်၊ စဉ်းစားဉာဏ်ကြွယ်၊ အမြင်ကျယ်၏၊
မကွယ်စေကာ၊ ကိလေသာလည်း၊
သူငါရုန့်ကြမ်း၊ ဖြစ်စတမ်းသို့၊ ပရမ်းပတာမဖြစ်လာဘဲ၊
ဣဿာ မစ္ဆေရ၊ မထကြွဘူး၊
ရာဂဒေါသော၊ မာနမောတို့၊ အပြောမကျယ်၊ သေးငယ်ငယ်မှ၊
စ၍ပဟာန်၊ တဒင်္ဂန်ဖြင့်၊ ၀ိက္ခမ္ဘန၊
ပယ်နိုင်ကြသည်...သင်ချအကျိုး စာတန်ခိုး..။
(အမရပူရ၊ မဟာဂန္ဓာရုံဆရာတော်)

ပုံကတော့
သူငယ်တော်တောရသာသနာလင်္ကာရအကျော်စာမေးပွဲ ပြီးသည့်
(4-1-2013)နေ့  
တောရဆရာတော်နှင့် ကြီးကြပ်ရေး/စာစစ်သံဃာတော်များ အမှတ်တရ


မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ