တစ်ဝိုက်ကတည့်(တဲ့) မည်းလို့မှုန်၊
မကိုဋ် မွေရှင်ပျော်တဲ့၊ မော်သေလာ ဇေယျာတိုင်းဆီက၊
မြလှိုင်းပျံ အညိုကွက်ကယ်နှင့်၊
ရွှေကြက်စုံ နှစ်တောင်လုံး ဖုံးအုပ်လို့ ခြုံ။
မြခိုးလည် မင်အနက်၊ လေးဘက်လှ တိမ်ဂဠုန်၊
ပဇ္ဇုန်မင်း ဉာဏ်ပျိုး။
စည်တံမြွာ၊ မြည်သံသာ ပဟိုရ် ရွမ်းလို့၊
အို...လွမ်းအောင် မဆင်လာနှင့်၊
ဖော်ကွာသူ မကြံဝံ့ပါဘူ့၊
မင်းဝံညွန့် မိုး...။ (စာဆိုတော် ဦးမင်း)
မကိုဋ် မွေရှင်ပျော်တဲ့၊ မော်သေလာ ဇေယျာတိုင်းဆီက၊
မြလှိုင်းပျံ အညိုကွက်ကယ်နှင့်၊
ရွှေကြက်စုံ နှစ်တောင်လုံး ဖုံးအုပ်လို့ ခြုံ။
မြခိုးလည် မင်အနက်၊ လေးဘက်လှ တိမ်ဂဠုန်၊
ပဇ္ဇုန်မင်း ဉာဏ်ပျိုး။
စည်တံမြွာ၊ မြည်သံသာ ပဟိုရ် ရွမ်းလို့၊
အို...လွမ်းအောင် မဆင်လာနှင့်၊
ဖော်ကွာသူ မကြံဝံ့ပါဘူ့၊
မင်းဝံညွန့် မိုး...။ (စာဆိုတော် ဦးမင်း)