ရာထူးကြီးကြီး ရှိတာနဲ့လည်း မဆိုင်ဘူး။
ကျော်ကြားတာနဲ့လည်း မဆိုင်ဘူး။
အသင့်အတင့် စားဝတ်နေရေး ပြည့်စုံတယ်။
ကိုယ်လုပ်နိုင်တဲ့ အလုပ်အကိုင်လေးတစ်ခုကို
လုပ်နေတယ်။ ကိုယ့်စိတ်ကို ကိုယ်သိတယ်။ တည်ငြိမ်အေးချမ်းအောင် ထားနိုင်တယ်။
သဘောထား မှန်တယ်ဆိုရင် စိတ်ချမ်းသာနိုင်ပါပြီ။
အဲဒီတော့
စိတ်ချမ်းသာမှုဆိုတာ စိတ်ပေါ်မှာ မူတည်တယ်။
အသိညဏ်ပေါ်မှာ မူတည်တယ်။
ရုပ်ပိုင်း ပစ္စည်းပိုင်းပေါ်မှာ မူမတည်ဘူး။
စိတ်ချမ်းသာမှုဟာ
စိတ်ထဲမှာဖြစ်တာနဲ့ပဲ ဆိုင်တယ်။
ကိုယ့်စိတ် ချမ်းသာမှုဟာ ကိုယ့်လက်ထဲမှာပဲ
ရှိရမယ်။
(ဆရာတော်ဦးဇောတိက)