သာသနာတော်ကို စောင့်ရှောက်ပါ
အစစ်ကိုမှန်းပြီး ကြည်ညိုတာ
လူ့လောက,နတ်လောကအားလုံးမှာ
ရှိကြတဲ့ ရတနာတွေထက် မြတ်စွာဘုရား ရတနာက အသာဆုံး၊
လောကီရတနာတွေက အဖိုး ဖြတ်လို့ ရတယ်၊ ဗုဒ္ဓရတနာက အဖိုးဖြတ်လို့ မရဘူး၊ ခုခေတ် ဒက္ခိဏသာခါထုသူတွေက
ဒက္ခိဏသာခါဆိုရင် ကလေးငို ရပ်ရမယ်တဲ့၊ မဟုတ်တာတွေ လျှောက်လုပ်နေကြတယ်၊
ပိုက်ဆံရှိတိုင်း
ဘုရားတွေ တည်မနေကြနဲ့၊ ဘုရားတည်ပြီး တော့လဲ ဘယ်သူမှ သိပ်ရိုသေကြတာမဟုတ်ဘူး၊ ဘုန်းကြီးက
ဘုရားကို မရိုသေလို့ မဟုတ်ဘူး၊ မကြည်ညိုလို့လဲ မဟုတ်ဘူး၊ ဘုန်းကြီးကြည်ညိုတာက အစစ်ကို
မှန်းပြီး ကြည်ညိုတာ၊ ဘုရားပွင့်စဉ်ကလဲ ရှေးကံပါရမီတွေကမပါကြတော့ ဘုရားကို မဖူးကြရဘူး၊
ဉာဏ်မပါတော့လဲ မကြည်ညိုတတ်ကြဘူး၊ ခုခေတ်လူတွေ ပိုဆိုးတာပေါ့။
သီလ
စသည်တွေဟာ အဖိုးတန်တွေပါ၊ လောကီရတနာ ကြည်ညိုရတာနဲ့ ဘုရားရတနာ ကြည်ညိုရတာ ဘုရားရတနာ
က ကောင်းတယ်၊ လောကီရတနာတွေက ကြည့်လေ တဏှာ လောဘဖြစ်လေ၊ ဘုရားရတနာက ကြည့်လေ ကောင်းလေ၊
မကြည့်ချင်သူ မရှိဘူး၊ လောကီရတနာတွေကို သာယာနေရင် ငရဲ, တိရစ္ဆာန်ကို ရောက်မှာ၊ ဗုဒ္ဓရတနာကို
အာရုံပြုနေသူက ကောင်းရာသုဂတိကို ရောက်မှာ အမှန်ပါ၊ ဗုဒ္ဓပွင့်လာတာကြွကားချင်လို့ မဟုတ်ပါဘူး၊
သတ္တဝါတွေ ချမ်းသာစေချင်လို့ပါ၊ ကိုယ့်အကျိုးသာဆိုရင် အိပ်နေမှာပေါ့။
ဆင်ကို မတွေ့ရပေမယ့် ခြေရာကို တွေ့နိုင်
တို့ ဗုဒ္ဓ မြင့်မြတ်ကြောင်းကို သူ ဟောခဲ့တဲ့ တရားတော်တွေနဲ့ ချိန်ထိုးကြည့်ရင်
သိနိုင်ပါတယ်၊ ဆင်ကို မတွေ့ရပေမယ့် ဆင်ခြေရာကို တွေ့မြင်ရင် ဆင်အကြီး, အငယ်ဆိုတာ သိနိုင်ရတယ်၊
ဗုဒ္ဓကို ကိုယ်တိုင် မဖူးလိုက်ရပေမယ့် ဗုဒ္ဓ ဟောမြွက်ခဲ့တဲ့ တရားတော်တွေကို တွေ့မြင်ရတော့
ဗုဒ္ဓ မြင့်မြတ်ကြောင်းကို သိရတယ်၊ မာဂဏ္ဍီ ဆိုတဲ့ အမျိုးသမီးဟာ ဘုရားကို ဆဲတော့ ဘုရားက
စစ်မြေပြင် သွားတဲ့ ဆင်ပြောင်ကြီးလို မြားခါပြီး ရှေ့ကိုသာ တိုးတက် တာပဲ၊ မြတ်စွာဘုရားကလဲ
မာဂဏ္ဍီ ဘယ်လောက်ပဲ ဆဲဆဲ သည်းခံပြီး ကြွမြဲတိုင်း ကြွတာပါပဲ။
ဘုရားရတနာက
လူ နတ် စတဲ့သတ္တဝါတွေ အမျိုးမျိုး တိုင်းမှာ ရစေနိုင်တယ်၊ လောကီရတနာတွေကတော့ ပိုက်ဆံ
ရှိတဲ့ သူဌေးတွေမှာသာ ဝတ်ဆင်နိုင်တယ်၊ လောကီရတနာ တွေက တန်ဖိုးဖြတ်လို့ ရပေမယ့် ဘုရားရတနာက
တန်ဖိုး ဖြတ်လို့ မရပါဘူး၊ သဒ္ဓါဥစ္စာ ရှိသူတိုင်း ဘုရားရတနာကို ပန်ဆင်နိုင်တယ်။
ဘုရားရတနာတစ်ဆူ
ဖြစ်ပေါ်လာဖို့ဆိုတာလဲ လွယ်ကူတာ မဟုတ်ဘူး၊ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီတွေကို ဖြည့်
ကျင့်မှ ဘုရားတစ်ဆူ ပွင့်တာ၊ တစ်ကမ္ဘာ ဆိုတာကလဲ မလွယ်ဘူး၊ တစ်ယူဇနာ ရှိတဲ့ ဂိုဒေါင်ထဲမှာ
မုန်ညင်းစေ့တွေ အပြည့် ရှိတယ်၊ နှစ်တစ်ရာရှိမှ တစ်စေ့ç နှစ်တစ်ရာရှိမှ တစ်စေ့ နုတ်လိုက်တာ
မုန်ညင်းစေ့သာ ကုန်တယ်၊ ကမ္ဘာက တွက်မရ သေးဘူး။
ဒါလောက်
ခဲယဉ်းတဲ့ ဘုရားသာသနာမှာ ဒါနတွေ ပြုကြ တာ တော်တော် စဉ်းစားစရာကောင်းတယ်၊ ဒါနပြုတယ်
ဆိုတာ ဂုဏ်ရှိအောင် ဒါနပြုတာ မဟုတ်ပါဘူး၊ ဘုရားလောင်း ဒါနပြုတာက ခုခေတ်လို ဂုဏ်ရှိတဲ့သူရယ်လို့
မရည်ရွယ် ပါဘူး၊ မရှိတဲ့သူတွေ ရှိရင် ပေးလိုက်တာပဲ၊ ဘဝများစွာက ဆည်းပူးခဲ့တဲ့ ဒါန သီလ
ပညာဆိုတာ နောက်ဘဝအထိ အထုံ ပါသွားတယ်၊ ဘုရားအလောင်းဟာ ပစ္စည်းတွေ ချမ်းသာ ပါတယ်၊ ဒါပေမယ့်
ခုလူတွေလို မစွန့်ရက်ç မခွာရက် မက်မော နေတာ မဟုတ်ပါဘူး၊ အိုတာ နာတာ ရှိရင် မအိုတာ မနာတာ
ရှိရမယ်ဆိုပြီး နန်းတော်ကနေ ထီးနန်းနှင့် စည်းစိမ်တွေ စွန့်ပြီး တောထွက်သွားတာပါပဲ၊
နောက်ဆုံး (နိရောဓ) နိဗ္ဗာန်ကို ရောက်တော်မူတယ်။
ပျော်ပွဲ ရွှင်ပွဲတွေ လုပ်နေကြတာ
ဘုန်းကြီးက ရုပ်တုတော်တွေ များများ မထုစေချင်ဘူး၊ရုပ်တုတော်တွေထုရင်လဲ သပ်သပ်ပယ်ပယ်နဲ့
တစ်ဆူတလေ ကောင်းတယ်၊ တို့ မြန်မာ တွေကတော့မြန်မာရုပ် ထုတယ်၊ အိန္ဒိယက ထုတော့ကုလားရုပ်
ထုတယ်၊ ဥရောပတိုက်ကလဲ တစ်မျိုးထုတယ်၊ ရုပ်တုတော် များတော့ မရိုသေကြတော့ဘူး၊ တစ်မြို့တစ်ရွာမှာ
သန့်သန့် ရှင်းရှင်းနဲ့ တစ်ဆူပဲ ရှိရင် ကောင်းမယ်၊ ဘုရားဆိုရင် ကိုယ့် မိဘအရိုးအိုးဂူတွေ
ရိုသေကြသလို ဘုရားဓာတ်တော်ကိုလဲ ရိုသေကြပါ၊ အထူး ရိုသေကြပါ၊
ဗုဒ္ဓဘာသာ သာသနာကို ဘာသာဝင်တွေက ဖျက်နေကြတာ၊
ဘုရားပူဇော်တဲ့အနေနဲ့ ပျော်ပွဲ ရွှင်ပွဲတွေ တခြိမ့်ခြိမ့်တသည်းသည်း လုပ်နေကြတာ ဘုရားပူဇော်ရာ
မရောက်ပါဘူး၊ ဘုရားလဲ အာရုံ မရောက် ပါဘူး၊ ကုသိုလ်မရတဲ့အပြင် ငရဲတောင် ကြီးပါသေးတယ်၊
နောင်လာ နောက်သားတွေကို ပြင်ပေးကြ၊ မပြင်ရင် နောက် ပုဂ္ဂိုလ်တွေက ဘုရားကို ယုံမှာ မဟုတ်တော့ဘူး၊
ကြိုးစားကြ၊ ဗုဒ္ဓဘာသာဝင် စစ်စစ် ဖြစ်အောင် ကြိုးစား အားထုတ် ဆောင်ရွက်ကြ။
နွားချိုနှင့် လူကြီးလောဘ
တဏှာလောဘဟာ
တော်တော်ကြောက်စရာ ကောင်းတယ်၊ မိန်းမ, ယောကျာ်း ဖြစ်ရတာ ခုဘဝ ကုသိုလ်ကောင်းမှုပြုစဉ်
မိန်းမစိတ်နဲ့ ပြုတဲ့အတွက်ကြောင့် နောင်ဘဝ ပဋိသန္ဓေနေရင် မိန်းမစိတ် နဲ့ဘဲ ပုံသဏ္ဌာန်ပေါ်လာတာပဲ၊
ယောကျာ်းစိတ်နဲ့ပြုရင် နောက် ဘဝ ယောကျာ်းပဲ ဖြစ်ရတယ်၊ မိန်းမဘဝက ယောကျာ်းဘဝ မရောက်တော့ဘူးလားဆိုရင်
ရောက်နိုင်ပါတယ်၊ ခုမိန်းမ ဘဝကို စက်ဆုပ်ပြီး ယောကျာ်းစိတ်နဲ့ ကုသိုလ်ကောင်းမှု ပြုရင်
နောက်ဘဝ ယောကျာ်းဖြစ်တာပါပဲ၊ ယောကျာ်းလဲ မိန်းမဖြစ်တာပါပဲ။
တဏှာလောဘဆိုတာ
မွေးကင်းစကတည်းက ပါလာတာ၊ နောက် တဖြည်းဖြည်း ကြီးလာတော့ ကလေးအရွယ်မှာ အမေက မိန်းမရုပ်ကလေး
ဝယ်ပေးလို့ ကျေနပ်လို့၊ နောက် လူပျိုဘဝ ရောက်လာတော့ တကယ့် လူစစ်စစ်အရုပ်ကို လိုချင်
လာတယ်၊ တစ်ခါ နိုင်ငံခေါင်းဆောင်ကြီးတွေ ဖြစ်တော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ လုယူလိုကြပြန်တယ်၊
တို့ဘုရားက “နွားမှာ ချိုပေါက်တာတော့ ပြန်တိုတယ်လို့ မရှိဘူး၊ ရှည်မြဲ ရှည်လာတာလိုပဲ လူများမှာလဲ လူကြီးလေ လောဘကြီး လေလေç မလျော့ဘူး၊
မသေမချင်း လိုချင်နေတာပါ”လို့ ဟောတယ်။
လူမိုက်ဆိုရှောင်
ကိုရင်တို့ လူမိုက်တွေကို ကြည့် ရှောင်ကြ၊
လူမိုက်နဲ့ ပေါင်းတဲ့သူဟာ ဥပမာ-မွှေးကြိုင် နေတဲ့ ပဝါထဲမှာ အစပ်, အပုပ်, မကောင်းတာတွေ
ထုပ်ထား တော့ အဝတ်က မနံသော်လဲ အထဲက အပုပ်တွေ ထုပ်ထားတော့ ပဝါပါ ရောပုပ်သလိုပဲ၊ လူတွေလဲ
လူတစ်ယောက် ကောင်းပေမယ့် လူမိုက်နဲ့ ပေါင်းသင်းရင် မိုက်သွားတာပဲ၊ ကိုယ်တော်တို့က ဆရာ မိဘ ဖြစ်ကြတဲ့အခါ တပည့်သား သမီးတွေကို လိမ္မာအောင် စောင့်ရှောက်ပြီး
နေထိုင်ကြပါ၊ လူမိုက်တွေရဲ့ အပုပ်နံ့ ကိုယ့်ကို ကူးစက်မှု မဖြစ်ပါစေနှင့်။
အိုခြင်းတရားက
ဘယ်သူမှ မကင်းကြဘူး၊ ဘယ်အထိ အိုမှာလဲ၊ သေအောင် အိုမှာ၊ အားလုံးသတ္တဝါတွေဟာ အိုပြီဟေ့
ဆိုရင် ဘယ်သူမှ မကယ်နိုင်ဘူး၊ အားကိုးစရာ ဘာတစ်ခုမှ မရှိဘူး၊ ပစ္စည်းပေါလို့ ပစ္စည်းပေးပြီး
မအို မသေပါနှင့်ဆိုလို့ မရဘူး၊ အားလုံးကုန် စွန့်ပြီး တစ်ဘဝမှာ သွားကြရမှာပါ၊ ချစ်လှပါတယ်ဆိုတဲ့
မိမိကိုယ်သော်မှ ဆွေထဲ မျိုးထဲ မသတီ စရာကြီးအဖြစ် ပစ်ထားခဲ့ရတယ်၊ အသက်မက ချစ်လှတဲ့
မယားလှလှလေးကိုလဲ မခွဲချင်ဘဲ ခွဲရတာပါ၊ အားလုံးသတ္တဝါ တွေဟာ တဏှာ့ကျွန်တွေချည်းပါပဲ၊
ချောချောလှလှလေး လိုချင်ပါတယ်ဆို ရှာပေးရတယ်၊ တယ်ပြီး ဗိုလ်ကျတယ်၊ ဒါကြောင့် ချောတဲ့သူကလဲ
ချောပြီးရင်း ချောချင်ရင်းပါ၊ ရတဲ့ သူကလဲ ရပြီးရင်း ရချင်ရင်းပါ၊ မဆုံးနိုင်ပါဘူး။
အရိယာသံဃာ သမ္မုတိသံဃာ
အရိယာဖြစ်ပြီးတဲ့
သံဃာတော်အပေါင်းကို ပရမတ္ထသံဃာလို့ ခေါ်ရတယ်၊ ကဲ-ခုသံဃာ တွေက သမုတ်ထားတဲ့ သမ္မုတိသံဃာ၊
ဒါကို နားလည်ပါစေ၊ ဘုန်းကြီးတို့ နိုင်ငံမှာ ဘုန်းကြီးတွေက ဩဇာ ရှိရှိနဲ့ ပြောဟော သင်ပေးရင်
ဗုဒ္ဓဘာသာဝင်တွေ စိတ်ကောင်း ရှိသူက များမှာပါ။
မဟော
မပြောဘဲ ဘုန်းကြီးတွေက ကျောင်းကြီးပေါ် စက်တော်ခေါ်နေကြရင်တော့ သာသနာပါ ကွယ်တော့မှာ၊
အသုံးမကျတဲ့ အဘိုး အဘွားတွေကို အိမ်လာရင် မြေးတွေက လက်မခံချင်ကြဘူး၊ သေရင်လဲ မပူကြဘူး၊
အသုံးကျရင် မသေစေချင်ဘူး၊ ဘုန်းကြီးတွေလဲ နည်းတူပဲ၊ သာသနာတော် မှာ စောင့်ရှောက်ဖော်မရရင်
ဘယ် ဒကာ ဒကာမမှ မကြည်ညို ချင်ဘူး၊ စောင့်ရှောက်ဖော်ရမှ ကြည်ညိုချင်ကြတယ်၊
အားလုံး မိမိတို့ သာသနာကို မကွယ်မပျောက်ရအောင်
စောင့်ရှောက်ပြီး ဘုန်းကြီးတွေက ရွှေအစစ် မဟုတ်ပေမယ့် (ပရမတ္ထသံဃာ မဟုတ်ပေမယ့်) ရွှေအစစ်လို
အရောင်တောက်လာအောင် ကြိုးစားနိုင်ရင် ကောင်းပါတယ်၊ လူ ဒကာ ဒကာမတွေကလဲ သရဏဂုံသုံးပါး
တစ်သက်လုံး မပျက်ရင် ကောင်းပါတယ်။
ဓမ္မဗျူဟာ
အတွဲ(၁၉)၊ အမှတ်(၆)
(၁၉၈၀၊ ဩဂုတ်လ)