ဆုတောင်းမနေနဲ့
မျှော်လင့်ချက်က သာသနာပြုဖို့
ဘုန်းကြီးက ဒကာ ဒကာမတွေကိုလဲ ငဲ့ပါတယ်၊ ဒါပေမယ့် ဘုန်းကြီးရဲ့
ကျန်းမာရေးက အရေးကြီးတယ်၊ ဒါကြောင့် ဘယ်က ပင့်ပင့် အရေးမကြီးဘူးဆိုရင် မလိုက်ပါဘူး၊
ပင့်တိုင်း လျှောက် လိုက်နေမယ်ဆိုရင် ဘုန်းကြီး ကျမ်းစာအုပ်တွေလဲ ပြီးမှာ မဟုတ်ဘူး၊
ဒါကြောင့် တချို့ ပင့်တဲ့ ဒကာ ဒကာမတွေကို သည်းခံကြပါလို့ ပြောလိုက်ရတယ်၊
ဘုန်းကြီးကျမ်းစာတွေက အရေးကြီးတယ်၊ မသေခင် ပြီးနိုင်သမျှ
ပြီးအောင် ရေးသွား ရမယ်၊ ကိုရင်တို့ ဦးပဉ္စင်းတို့ ကောင်းကောင်းနေကြပါ၊ နောက် ရဟန်းသစ်ကလေးတွေက
ကြိုးစားကြ၊ လောကဂုဏ်တွေ ဆိုတာ နောက်ဘဝ မပါဘူး၊ နာမည်ကြီးတယ်ဆိုတာလဲ ဒီဘဝသာ နာမည်ကြီးတာပါ၊
နာမည်တွေ ကြီးနေပေမယ့် အို နာကတော့ နှိပ်စက်နေတာပဲ။
အရေးကြီးတာက စာချကိုယ်တော်တွေ များများ ထွက်ဖို့ အရေးကြီးတယ်၊
စာချကိုယ်တော်တွေ များများထွက်မှ သာသနာတော်ကြီးက သက်တမ်းရှည်မယ်၊ တခြားမှာ နာမည် ကြီးနေတာနဲ့
ဒီကျောင်းတိုက်နဲ့ မတူပါဘူး၊ ဒီနေရာက အလုပ်ကို မှန်မှန် လုပ်နေတယ်၊ ဘုန်းကြီးရဲ့ မျှော်လင့်ချက်က
သာသနာပြုဖို့ပဲ၊ ဒကာ ဒကာမတွေ ပေါဖို့မလိုပါဘူး၊ ကိုရင်တို့ ဦးပဉ္စင်းတို့ ဘုန်းကြီးစကားကို
ကောင်းကောင်းနားထောင်ကြ။
ဘုန်းကြီးက
ဆရာအမျိုးမျိုးနဲ့ နေရတာပါ၊ ဘုန်းကြီးက ဒီကျောင်းတိုက်ကို တန်ခိုးကြီးသူတို့သာ စောင့်ရှောက်ကြပါ
လိမ့်မယ်လို့ ယူဆတယ်၊ ဘုန်းကြီးမှာ အများထက် ပင်ပန်း ပါတယ်၊ ဒါပေမယ့်လဲ ဘုရားတရားတော်အတိုင်း
နေပြီး အလုပ် လုပ်နေတော့ ချမ်းသာနေတာပါပဲ၊ ကိုယ်တော်တို့က ဘုန်းကြီးရှေ့တစ်မျိုးç ကွယ်ရာတစ်မျိုး
မလုပ်ကြနဲ့၊ မျက်စိ ကြည့်တာက သူတော်ကောင်းကတစ်မျိုးç သူယုတ်မာက တစ်မျိုးကြည့်တာ၊ ဣနြေ္ဒရှိရှိ
နေကြပါ။
နိုင်ငံရောသာသနာပါ ပြုပြင်ပါ
ဘုန်းကြီးရဲ့
မျှော်လင့်ချက်ကို လူတိုင်း သိပ်မသိကြဘူး၊
ဘုန်းကြီးရဲ့ကုသိုလ်ကံက နောက်ပိုင်းမှာအကျိုးပေးနေတယ်၊ နိုင်ငံရော, သာသနာပါ ပြင်ချင်တယ်၊
ယီးတီးယောင်တောင် မနေကြနဲ့၊ ဘုန်းကြီးက အားလုံးကို ကောင်းစေချင်တယ်၊ မင်းတို့က တောသားလေးတွေ၊
ဒီလိုနဲ့ မွေးလာကြတာ၊ တောမှာဆိုရင် ခေါင်းအုံးကလဲ ဆီချေးတွေနဲ့၊ အမှိုက်ကလဲ မလှဲဘဲ အိပ်နေကြတာ၊
သနားတော့ သနားစရာနော်။
တောက ဘုန်းကြီးတွေက
ကိုယ့်ဆွေမျိုးတဲ့၊ ကျောင်းဒကာ ကျောင်းအမတဲ့ဆိုပြီး မျက်နှာသာပေးချင်ကြတယ်၊ မကောင်းဘူး၊
သူကိုယ်တိုင်ကလဲ အရည်အချင်းက မရှိဘဲကိုး၊ မင်းပိုင်း စိုးပိုင်းက လာရင် သာပြီး မျက်နှာသာပေးချင်ကြတယ်၊
လူ တစ်ယောက်ဆိုရင် ကိုယ်က အထက်တန်းကို ရောက်လေလေ သူများကို သိလေလေပဲ၊
ဘုန်းကြီးက ဒကာ ဒကာမတွေ ပင့်ရင် မလိုက်တော့ဘူး၊ တရား မဟောတော့ဘူးလို့နေတာ၊
တစ်ခါ တစ်ခါ လာပင့်တော့လဲ မလိုက်မဖြစ်တဲ့ဟာတွေကျ လိုက်ရသေးတယ်၊ “သူ့ဆန် စားရဲမှ” ဆိုတာလိုပေါ့၊
ဆွမ်း စားရင် ဟောဖို့သာ ပါးစပ်ပြင်ပေတော့၊ အိမ်ကျတော့ ခိုင်းကြ တော့တာပဲ၊ လောကကြီးမှာ
ကိုယ့်ဘက်ကိုယ်ကြည့်ကြတာပါ။
ရှေးက
သူတော်ကောင်းတွေက ဘုရား မဖူးမြော်ရခင် ဇေတဝန်ကျောင်းတိုက်ကို မြင်ရရင်ပဲ ကြက်သီးတွေ
ထလို့၊ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဘုရားကို ဖူးမြော်ကြလို့၊ ခုလူတွေက တော့ ကျောင်းတွေထဲမှာ
ဆူညံဆူညံနဲ့ မကောင်းဘူး၊ဘုန်းကြီး က ဒီကျောင်းမှာ ဆူတာ ညံတာ မကြိုက်ပါဘူး၊ မလာချင်
နေနိုင်ပါတယ်၊ ဆူတော့ မဆူပါနဲ့၊ ဆိုင်ရာပုဂ္ဂိုလ်တွေက စကားများ ဆူညံနေမယ့် သူများကို
ခေါ်çခေါ် မလာကြပါနဲ့၊ ဘုန်းကြီးတွေကလဲ ဒကာ ဒကာမတွေနဲ့ တရောရော တသောသော မနေကြပါနဲ့၊ ကိုယ့်သီလကို ထိန်းနေကြပါ၊
ဒါမှ နောက်ဘဝကို ပါမှာ၊ ဒကာ ဒကာမတွေနဲ့က စိတ်မချ ရဘူး၊ နောက်ဘဝအတွက် မလွယ်ပါဘူး။
ဂိုဏ်းပေါင်းစုံက ရောက်နေကြတာ
ဘုန်းကြီးထံမှာ
ရောက်နေကြတဲ့ ပုဂ္ဂိုလ်တွေဟာ ဂိုဏ်းပေါင်းစုံက ရောက်နေကြတာပါ၊ ဘုန်းကြီးမှာ ရွှေကျင်,
သုဓမ္မာ, ကံ, ဒွါရ ဆိုတာ မရှိပါဘူး၊ သာသနာမှာ ဂိုဏ်းဂဏတွေ ကွဲလာတဲ့ အတွက် ကျဉ်းမြောင်းနေပါတယ်၊
ပုဂ္ဂိုလ်အချင်းချင်း အာဃာတ တွေ များလာကြပါတယ်၊ ဘုန်းကြီး ကြည့်တာက သာသနာ တစ်ခုလုံး
ကြည့်တာပါ၊ ဘုန်းကြီးတို့က ဘုရားစည်းကမ်း အတိုင်း
တတ်နိုင်သမျှ နေလို့ အချိုးကျနေတာပါ။
ကိုယ့်အလုပ် ကိုယ်လုပ်ကြ
ကိုယ်တော်တို့
ကောင်းကောင်း နေကြပါ၊ ကောင်းကောင်းမနေဘဲ သူများ လှူတာတွေ စားနေရင် အန်ဖတ်တွေ စားနေတာနဲ့အတူတူ
ပါပဲ၊ ဒါကြောင့် သတိနဲ့ နေကြ၊ ပေါ့ပေါ့ဆဆ မနေကြနဲ့၊ ပေါ့ပေါ့ဆဆ နေရင် ဘဝသံသရာမှာလဲ
ပေါ့ပေါ့ဆဆ အကျိုး ပေးတတ်တယ်၊ ကိုယ့်အလုပ် ကိုယ်လုပ်နေကြ၊ ဘုန်းကြီးမှာ အလုပ်နဲ့ နေတဲ့
ဘုန်းကြီးဆိုတော့ ပင့်လဲ ဘယ်မှ မလိုက် ချင်ဘူး၊ ကိုယ်က ကိုယ့်နည်းနဲ့ç ကိုယ့်ရည်ရွယ်ချက်နဲ့နေတာ၊
လိုက်သွားရင် ကောင်းကောင်းစားရမှာ သေချာတယ်၊ ဘုန်းကြီးကျောင်းမှာတော့
လုပ်ကျွေးမယ့်သူက တစ်ယောက် ခွဲပဲ ရှိတယ်။
(အလုပ်အကျွေး
ရဟန်းတစ်ပါးနှင့် ကိုရင်ငယ်လေးတစ်ပါးထားသည် ကို ရည်ရွယ်၍ တစ်ယောက်ခွဲဟု အမိန့်ရှိခြင်း
ဖြစ်ပါသည်။)
ကိုရင်တို့
လောကကြီးမှာ ကိုယ်လုပ်ချင်ရင် ဖြစ်တာချည်းပဲ၊ လိုချင်တာ ရှိရင်လဲ ဆုတောင်းမနေနဲ့၊ ခုလူတွေ
နိဗ္ဗာန်မြန်မြန် ရçရပါလို၏တဲ့၊ ဘယ်နှစ်ယောက်များ ရကြသလဲ၊ ပိုက်ဆံ မပေးရလို့ အလကား ဆုတောင်းနေကြတာ၊
ဘာမှ ဟုတ်တာ မဟုတ်ဘဲနဲ့၊ လောကမှာ အချောင်သမားတွေက များနေတယ်၊ အချောင်သမားတွေ မရှိရဘူး၊
အကြင်မျှလောက် ကာလ ပတ်လုံး ဘုန်းကြီးတို့ ညာနေကြရင် ထိုမျှလောက် ကာလ ပတ်လုံး ဘဝသံသရာမှာ
ခံနေကြရမယ်။
ဘုန်းကြီးရဲ့အာနုဘော်
ဒီကျောင်းတိုက်မှာ ဂိုဏ်းဆရာတွေကလဲ ရောက်çရောက်လာကြတယ်၊
သူတို့ ဂိုဏ်းဆရာထဲက လူတစ်ယောက် နေမကောင်းလို့ အစာ မစားဘဲ နေသတဲ့၊ ဒါနဲ့ ညကျတော့ သပိတ်ထဲ
ထည့်စား ရမယ်လို့ အိပ်မက်ပေးတဲ့အတွက် စားရသတဲ့၊ နောက်တော့လဲ ဒီလိုပဲ စားချင်ပြန်သတဲ့၊
အရက်သမားတစ်ယောက် ထောင်ကျ နေတာ ထောင်ထဲရောက်တော့ ဘုန်းကြီးစာအုပ်တွေကို ဖတ်ပြီး ထောင်က
ထွက်လာတဲ့အခါ သာသနာပြုရန် မိန်းမကို တိုင်ပင် တော့ မယုံနိုင်စရာပဲ၊ ဘုန်းကြီးမှာ ဂိုဏ်းဆရာတွေ မ,စလို့ မဟုတ်ပါဘူး၊ ကိုယ့်အလုပ်နဲ့ကိုယ် တိုးတက်လာတာပါ၊
ဘုန်းကြီးရဲ့အာနုဘော်က မေတ္တာပါပဲ၊ ဘာတန်ခိုးမှ မရှိပါဘူး၊ ဘုန်းကြီးမေတ္တာပို့တာ နှစ်ရက်
ခွဲပို့ရတယ်၊ အကျိုးဆိုတာ ကိုယ်က လုပ်မှ ရတာပါ။
အိပ်ရာထ မပျင်းကြနဲ့
ဒီကျောင်းအနေနဲ့
ကျောင်းတိုက်ခွဲချင်ရင်ဒီကမူ မပျက်ကြစေနဲ့၊ နံနက်ကျရင်
ဒီက အစည်းအဝေးအတိုင်း လုပ်ကြ၊ ကိုယ်တော်တို့ အိပ်ရာထ ပျင်းနေရင် ဘုန်းကြီးက နတ်တစ်ယောက်
ထည့်ပေးလိုက်မယ်၊ ရှေးတုန်းက ရှင်ဘုရင်တွေ စက်တော်ခန်းမှ ထချိန်တော်ရင် သီချင်းအမျိုးမျိုးနဲ့
ဖြေဖျော်နှိုးကြတယ်။
ဘုန်းကြီးကတော့
မထရင် ဒီက ထည့်လိုက်တဲ့ နတ်ကို မှာလိုက်မယ်၊ ကောင်းကောင်းနေ တဲ့ပုဂ္ဂိုလ်ဆိုရင် သာသာလေး
နှိုးပေးပါနော်၊ အိပ်ရာထပျင်းတဲ့သူများကျရင်တော့ ပါးချပြီး နှိုးပေးပါနော်လို့ မှာလိုက်မယ်၊
အိပ်ရာက မထချင်တာရယ်, ဆွမ်းစားရမှာရယ်, ပြောဟောရမှာရယ် ဒီသုံးချက် ဘယ်ဟာက ခက်သလဲ။
“အိပ်ရာက
ထ,ရမှာ ခက်ပါတယ် အရှင်ဘုရား”
(တစ်ပါးက
ဖြေသည်။)
ကိုယ်တော်တို့
အိပ်ရာထ မခက်အောင် ကြိုးစားနေကြ။
ဓမ္မဗျူဟာ
အတွဲ(၁၉)၊
အမှတ်(၅)
(၁၉၈၀၊
ဇူလိုင်လ)