ကြိုတင်ပြုလုပ်သည့်အလေ့အထ
အပေးနဲ့အယူ
တို့
ဘုန်းကြီးတွေက အလှူခံဘက်ကချည်း မနေကြနဲ့၊ ဘဝသံသရာမှာ အလှူခံဘဝနဲ့အထုံ ပါသွားတတ်တယ်၊
ပေးတာနဲ့ ယူတာနဲ့ ဘယ်ဟာက လက်ရဲ လို့ မျက်နှာကြည်သလဲ၊ ဘုန်းကြီးကတော့ ပေးတဲ့ဘက်က နေချင်တယ်၊ မတတ်သာလို့ အလှူခံဘက်က နေရတာ။
ဒီကျောင်းတိုက်မှာ ကောင်းကောင်းနေချင်နေ၊
မနေရင်တော့ တောင်ဝှေးနဲ့ ကပ္ပိလိုက်၊ ခေမံ-ဘေးမရှိဘူး၊(ရယ်ကြသည်၊) ရဟန်းသစ်တွေဆိုရင်
တစ်ဝါလောက် တိစီဝရိတ် ဆောင်ထား ပြီး သူတော်ကောင်းဘက် လိုက်နာကြပါ၊ တစ်ခါက တောက ဘုန်းကြီးတွေ
မန္တလေးရောက်တော့ ငရုတ်သီး ကပ္ပိစားရတယ်တဲ့၊ ဒီမှာတော့ ဘာပဲဖြစ်ဖြစ် ကပ္ပိစားကြပါ၊ ဘုန်းကြီးက
စပျစ်သီး ကပ္ပိမလို့ မြင်းခြံသား ကိုရင်တစ်ပါး ကပ္ပိခိုင်းတယ်၊ မကပ္ပိတတ်ဘူး၊ နောက်မြင်းခြံသားတစ်ပါးကို
ခေါ်ပြီး ကပ္ပိမှ ပြီးတယ်၊
ဒါနဲ့
ဘုန်းကြီးက ဒီကိုရင်ကို လက်သီးနဲ့ ထိုးရဲ သလား မေးတော့ မြင်းခြံသားချင်းမို့ မကပ္ပိကြဘူး၊(ရယ်ကြ
သည်၊) ဒါတွေကို နားလည်အောင် ပြုပြင်ပေးကြပါ၊ ကလေး ကတည်းက မိဘများက မပြုပြင်တော့ သူတို့
အသံတွေက ညောင်နာနာ ဖြစ်နေကြတယ်၊ မိဘတွေကို ပြောကြ၊ နောက် ဆိုရင် ဘယ်နေရာကမှ မချွတ်ယွင်းရအောင်
မွေးပေးကြလို့ ပြောလိုက်ကြ။
မေတ္တာနဲ့ ဗုဒ္ဓါနုဿတိ
လူတစ်ယောက်ရဲ့
အလေ့အထဆိုတာ မိဘ ဆွေမျိုးက လာတာ များတယ်၊ စာပဋ္ဌာန်း,
ငါပဋ္ဌာန်းçရွာပဋ္ဌာန်းလို့ ပဋ္ဌာန်းသုံးမျိုးရှိတယ်၊ ကိုယ်တော်တို့မှာတော့ စာပဋ္ဌာန်းဖြစ်နေတယ်၊
ဒါကြောင့် မိဘ ဆွေမျိုးကောင်းမှ ကောင်းမယ်၊ ဘုန်းကြီးကတော့ အလုပ် တစ်ခုမှာတင် ကြိုလုပ်တဲ့
အလေ့အထက အမြဲတမ်းရှိနေတာပဲ၊
ဒါကို နည်းယူပြီး ဉာဏ်ကောင်းတဲ့ ကိုယ်တော်ကသာသနာ
ကို ဆက်မယ်လို့ ရည်မှန်းကြ၊ အိပ်မပျော်ခင်ဆိုရင် မေတ္တာနဲ့ ဗုဒ္ဓါနုဿတိနဲ့ ဣရိယာပုတ်လေးပါးလုံး
အသုံးပြုကြ၊ စကား ကို တိုးတိုးပြောကြ၊ အများကို မကြည့်ပါနဲ့၊ကိုယ့်ကိုယ်ကိုသာ စဉ်းစားကြပါ၊
များသောအားဖြင့် ပမတ္တ-မေ့လျော့နေသူ တွေက များတယ်။
ရေရှည်ဘဝရှည် စီမံကိန်း
ဘုန်းကြီး
ဘဝဖြစ်စဉ်လဲရေးရင်း ခုဒ္ဒသိက္ခာလဲ ရေးမယ်၊ ဘုန်းကြီးဆရာက
ဝီရိယ ကောင်းလို့ ဘုန်းကြီးကို ကူးစက်လာတာ ဘုန်းကြီးဆရာက ဉာဏ်မကောင်းဘူး၊ ဝီရိယရှိတယ်၊
ဝီရိယ ရှိရင် တစ်ဘဝမှာ ဘာမဆို လိုတာရတယ်၊(နန်းတော်ရှေ့ကို လေ့လာကြရင် သူဌေးဝါဒကို ကျွန်တော်ပြောပြလိုက်ပါမယ်၊ စိန်လိုချင်ရင်
စိန်ဖြစ်ရမယ်၊ အိမ်လိုချင်ရင် အိမ်ဖြစ်ရမယ်၊ လူ့စိတ်ဓာတ်ဟာ လောကအမြတ်ဆုံးကွယ်၊)
ဒီဘဝဟာ
ဘဝပဒေသာပင်ကြီး၊ ဘာလိုလို ဆွတ်ခူးနိုင်တယ်၊ မရတာ မရှိဘူး၊ ဘုန်းကြီးက ရေရှည်စီမံကိန်း
မကဘူး၊ ဘဝရှည် စီမံကိန်းနဲ့ လုပ်တာ၊ အလုပ်တစ်ခုမှ မလျှော့ပါဘူး၊ မြတ်စွာ ဘုရားတောင်
သဗ္ဗညုတဉာဏ်ရဖို့ရာ လေးသင်္ချေနဲ့ ကမ္ဘာ တစ်သိန်း ကျင့်ခဲ့ရတာပဲ၊ တို့ကိုယ်တော်တွေ ကျွတ်တမ်းဝင်ချိန်
မှန်းထားကြပြီလား၊ မှန်းကြပါ၊ ပန်းတိုင်ကို မှန်းထားကြပါ၊ ဒါမှ အလုပ်မှန်မှန်လုပ်တာ၊
ယီးတီးယားတား လုပ်မနေကြနဲ့၊ ဘယ်ဟာမှ မသေချာဘူး၊
ဒီကျောင်းတိုက်မှာ
ဘုန်းကြီးက အဘိုးကြီးတွေ သဘောကျနေတယ်၊ သူတို့က ပွဲမကြည့် ငွေ မကိုင်ကြဘူး၊ သူတို့က
ကြီးလာလေလေ ဝါက ငယ်လေလေ ဖြစ်နေတယ်၊ ဒီက ဆင်းသွားရင် ဖြည်းဖြည်းသွားကြပါ၊ ဖြည်း ဖြည်းမသွားတတ်ရင်
ဘယ်-ညာ မှတ်သွားကြ။
ကိုယ့်ကိုယ်ကို ကြည်ညိုအောင်နေ
ပုဂ္ဂိုလ်တစ်ဦး
ကြည်ညိုတာက အသံကောင်းတာ, စာပေတော်တာ, တရားဟော ကောင်းတာ, အသွင် အပြင် ကောင်းတာ, ရုပ်ချောတာ, ဒါတွေကြည်ညိုနေကြတာ၊
တို့ ဘုရားကျတော့ အားလုံး အဘက်ဘက်က ကြည်ညိုစရာ ကောင်းတယ်၊
နံပါတ်တစ်
ကိုယ့်ကိုယ်ကို ကြည်ညိုအောင် နေရတယ်၊ ကိုယ့်ကိုယ်ကို ကြည်ညိုရင် နတ်လဲကြည်ညိုတယ်၊ လူလဲ
ကြည်ညိုတယ်၊ ကျန်းမာရေး အထူးဂရုစိုက်ကြ၊ မြန်မာ့ ဓာတ်စာက အခိုးမပွင့်ရင် လူမမာကို
ခြင်ထောင်ထဲ ထားပြီး နေ့လယ်ခင်း အနားကနေ အမဲခြောက်ဖုတ်တော့ လူမမာကလဲ စားချင်ဇောကြီးနဲ့
ထစား၊ ပျောက်ပါလေရော။
ရှေးတုန်းက ကိုရင်တစ်ပါး
နေမကောင်းတာ ဆရာ အမျိုးမျိုးနဲ့ ကုသော်လဲ
မရဘူး၊ သစ္စာဆိုရမယ်ဆိုလို့ သစ္စာ ဆိုကြတယ်၊ ကိုရင်တစ်ပါးက သစ္စာ ဆိုတယ်၊ “ရွာထဲက မိချင်းကို
ကြိုက်နေတာ ကြာပြီ၊ ကျုပ်ဟာလေ ရွာထဲက မိချင်း ရေခပ်လာရင် မနေနိုင် မထိုင်နိုင်ကြိုက်တာ
မှန်ပါ၏” လို့ သုံးခါလောက် ဆိုလိုက်မှ နေမကောင်းနေတဲ့ ကိုရင်က ဟက်ဟက်ပက်ပက် ရယ်လိုက်တော့
ချွေးတွေ ထွက်ပြီး တစ်ခါတည်း ပျောက်သွားတာပဲ၊ ဒါဟာ မြန်မာ့ဆေး၊ အထင် မသေးကြနဲ့။
ဘာမှကြောက်စရာမရှိ
နတ်ပြည်က ကံကောင်းတဲ့အပြင် စိတ် ချမ်းသာတယ်၊ ဥတုဇကလဲ ကောင်းတယ်၊ ဘုန်းကြီးက ဒီကျောင်းတိုက်ကြီး
ငလျင်လှုပ်လို့ အကုန်ပျက်သွား, အရေးမကြီးပါဘူး၊ ဘုန်းကြီးတစ်ပါးတည်း ကျန်ရင် တော်ပါပြီ၊
(ရယ်ကြသည်၊) တစ်ပါးတည်းကျန်လို့ စိတ်အားငယ်ပြီး ကြောက်နေလိမ့်မယ်လို့တော့ မထင်နဲ့၊
ဘုန်းကြီး မကြောက်ပါဘူး၊ ကြောက်တယ်ဆိုတာ အားကိုး မရှိသေးရင် ကြောက်တာပဲ၊ အားကိုးရှိသူတွေအဖို့မှာ
ဘာမှ ကြောက်စရာ မလိုပါဘူး။
တောင်မြို့ထဲက လူတွေကို တံတားဦးက ဆွမ်းကပ်လာတဲ့
ဒကာ ဒကာမတွေက “အရှင်ဇနကာဘိဝံသဆိုတာ ဘယ်နားမှာ နေပါသလဲ”လို့ မေးတဲ့အခါ မသိကြဘူးချည်းပဲတဲ့၊
ဘယ် ခြံထဲ နေပါလိမ့်လို့ ထင်မှာပဲ၊ ဘုန်းကြီး ကြွားတာက လောကီ ဂုဏ်တွေနဲ့ ကြွားနေတာ
မဟုတ်ဘူး၊ ဘုရားနဲ့ ကြွားနေတာပါ၊ ဘုရားနဲ့ကြွားရတာက ကောင်းတယ်၊ ဘာပြုလို့လဲ၊ ဘုရား
တရားတော်တွေက အနှစ်ရှိတယ်၊
ဒီအနှစ်ရှိတဲ့
တရားတွေ စာတွေ ဘုန်းကြီးတို့ ကျေးတောသားတွေ လက်ထဲ ရောက် နေတာç သူဌေး သားသမီးတွေ လက်ထဲ
မရောက်နိုင်ဘူး၊ သူဌေး သားသမီးတွေဆိုတာက ဘုန်းကြီး မလုပ်ကြပါဘူး၊ သာသနာကိုတောင် များသောအားဖြင့်
သူတို့က အထင်သေး ကြတယ်၊ ဘုန်းကြီးက သူတို့ အထင်သေးရင် ကိုယ်က အထင် မသေးအောင် နေရမယ်၊
ဘုန်းကြီးကို ဘယ်အနားမှာ နေတယ် ဆိုတာ မသိချင် နေပါစေ၊ သာသနာအတွက် အလုပ် လုပ်နေ ရရင်
စိတ်ချမ်းသာပါတယ်။
တရားကို အားထုတ်ကြ
လောကကြီးမှာ သတ္တဝါရယ်လို့ ဖြစ်လာရင် သေမျိုးချည်းပဲ၊
သူဌေးလဲ တစ်နေ့ မသေဘဲ မနေရပါဘူး၊ ချစ်လှပါတဲ့ မယား, သားသမီး, ဆွေမျိုး, မိတ်ဆွေတွေနဲ့ ခွဲသွားရတာပါပဲ၊ ပစ္စည်းဥစ္စာလဲ တစ်ပြားတစ်ချပ်မှ ယူမသွားနိုင်ကြဘူး၊
လောကကြီး တရား မရှိရင် တယ်ကြောက်စရာကောင်းတယ်၊ တရားလက်လွတ် မဖြစ်စေနှင့်၊ တရားကို ကြိုးစားအားထုတ်ကြ။
ဘုန်းကြီးတို့ ဘုရားအလောင်း တေမိမင်းသားဘဝတုန်းက
ထီးနန်းယူရမှာ စိုးလို့ (၁၆)နှစ်တိုင်တိုင် စကားမပြောဘူး၊ တို့လူတွေက တစ်ရက်တောင်မှ
မှန်မှန်မအောင့်နိုင်ဘူး၊ ဒီဘဝ ဟာ ကောင်းတယ်၊ ကောင်းတာက ပါရမီတွေ ဖြည့်နိုင်လို့ ကောင်းတာ၊ ကိုရင်တို့ တကယ် ပါရမီဖြည့်ကြ၊
တချို့
ဒါန ပြုတာတောင် သမီးခင်ပွန်းနှစ်ယောက် မခွဲကြဘူး၊ သူတို့က အဟုတ်ထင်လို့၊ မန္တလေးက ဗောဓိရိပ်သာဟာ
ဘုန်းကြီးတယ်လို့ ဘေးက ချီးမွမ်းကြတယ်၊ သူများ ချီးမွမ်းတာကို စောင့်ရှောက်နိုင်မှ
ကောင်းတယ်၊ တစ်ခဏနဲ့တော့ မရဘူး၊ တချို့ ကျောင်းတိုက်တွေဟာ မစောင့်ရှောက်နိုင်လို့ ပျက်စီးကုန်ကြပြီ။
ဣနြေ္ဒရှိရှိနေကြ
ဘုန်းကြီးကတော့
ဒီကျောင်းတိုက်သာသနာတော်ဖြင့် ဗုဒ္ဓမြတ်စွာအား ပူဇော်ပါ၏လို့ မနက်တိုင်း ဘုရားကို ပူဇော်နေတာပဲ၊
ဘုန်းကြီးကျောင်းတိုက် မဟုတ်ပါဘူး၊ ဘုရားကျောင်းတိုက်ပဲ၊ ဘုန်းကြီးတစ်သက်တော့ အတတ်နိုင်ဆုံး
ကောင်းအောင် စောင့်ရှောက်သွားမှာပဲ၊ နောက်ပုဂ္ဂိုလ်များကျတော့ သူ့ကံနဲ့ သူပေါ့၊ ခုတော့
အတတ် နိုင်ဆုံး ဆိတ်ငြိမ်အောင်စောင့်ရှောက်နေတာပဲ၊
ဗောဓိရိပ်သာက
ဒီကျောင်းတိုက်ကို သူတို့ ရိပ်သာထက် ဆိတ်ငြိမ်တဲ့အကြောင်း ပြောပြကြတယ်၊ ကိုယ်တော်တို့
စာအံတာ တိုးတိုးအံကြပါ၊ စကားတွေ စုများ မနေကြပါနဲ့၊ ဘုန်းကြီးက ပျက်စီးသွား တော့လဲ
ဝမ်းနည်းခြင်း မရှိပါဘူး၊
ကိုယ်တော်တို့
အလုပ်လုပ် စရာရှိရင် တွက်ကပ်မနေကြနဲ့၊ ကျောင်းထဲကို လူတွေ လျှောက် ကြည့်တဲ့အခါ ပြူစိပြူစိ
မလုပ်ကြပါနဲ့၊ ဣနြေ္ဒရှိရှိ နေကြပါ။
သတိနဲ့ နေကြ
ဘုန်းကြီးနဲ့
ဦးပဉ္စင်းတို့ ကံမတူဘူး၊ တရားဟော စကားပြောဆိုတာ ကျင့်ထားရတယ်၊ စာပေ နည်းနည်းနဲ့ တောကို
ကျောင်းသွားထိုင်ရင် ဘာ ဗဟုသုတမှ မတိုးဘူး၊ ဒီကျောင်းမှာ နေရင် ဗဟုသုတများများ ရှိပါစေ၊
ကိုယ့်ကိုယ်ကိုလဲ မဂ်ဖိုလ်နိဗ္ဗာန်အထိ စီမံကိန်း ချထားကြ၊ အများစုက ဒီဘဝမှာ တယ်ပြီးတော့
သွက်သွက်လက်လက် မရှိကြဘူး၊
နေရာတကာမှာ
နုံနှေးနှေး ဖြစ်နေတာကတော့ မကောင်းဘူး၊ တချို့ ဒီကျောင်းမှာ ပဲပြုတ်နဲ့ ချဉ်ရည်စားပြီး
စာသင် စာချ မလုပ်ချင်ကြဘူး၊ ဘုန်းကြီးလဲ ဗူးသီးဟင်း, ချဉ်ပေါင်ဟင်းစားပြီး ပခုက္ကူမှာ
စာဆိုလာတာပါ၊ ပခုက္ကူ တိုက်မှာ သံဃာ (၆၀ဝ)လောက် စာချခဲ့တာပါ၊ ကိုရင်တို့ သတိနဲ့ နေကြ၊
သတိဆိုတာ ပိုတယ်လို့ မရှိဘူး။
သူတော်ကောင်းများမှ
အများက
ဘုန်းကြီးတို့ သာသနာကို အထင်သေးကြတယ်၊ ဒါပေမယ့်
ဘုန်းကြီးရဲ့ ရည်ရွယ်ချက်တော့ ပြန်ရောက်ပါပြီ၊ တချို့ ဘုန်းကြီးတွေက ဒကာ ဒကာမတွေနဲ့ လောကီဘက်မှာ
ပျော်နေကြတယ်၊ လောကီဘက် ပျော်နေတာတွေက သံသရာကို မမြင်ကြသေးလို့၊
ဘုန်းကြီးကို
ဘာပြောပြော ကဲ့ရဲ့ကဲ့ရဲ့ သည်းခံနိုင်ပါတယ်၊ ဒီလို သည်းခံနိုင်တာကလဲ သူတို့ကို အထင်မကြီးလို့ဘဲ၊
ဘုန်းကြီးတို့ သာသနာမှာ သူတော်ကောင်း တွေ များလာမှ ကောင်းတယ်၊ သူယုတ်မာတွေ များလာရင်
မကောင်းဘူး၊ ပျက်တတ်တယ်။
အချိုးကျအောင် နေကြ
ဘုန်းကြီးတို့က အထူး ဝါဒဖြန့်နေစရာ မလိုပါဘူး၊
အလုပ် မှန်မှန် လုပ်သွားရင် သူ့အလိုအလျောက် ထင်ပေါ်လာတာပဲ၊ ထင်ပေါ် ရင် စင်တော်က ကောက်စမြဲပါ၊
ဒါပေမယ့် အများနဲ့ နေပြီး မပြောတော့ဘူးဆိုရင် ပညာရှိမှန်း မသိရဘူး၊ မထင်ရှားဘူး၊
ဒါကြောင့်
ပြောရပါတယ်၊ ဟောရပါတယ်၊ သာသနာပြုရင်း မိမိ ပါရမီဖြည့်ရင်း ပီပီသသ ရွတ်ရ ပြောရမယ်၊ ခုဒီမှာ
ရွတ်တာ ဖတ်တာက စပြီး အချိုးကျအောင် သင်ပေးနေတယ်၊ သင်ပေးတဲ့အတိုင်းလဲ လိုက်နာကြပါ၊ ကိုယ်က
အချိုးကျနေမှ ကိုယ့်တပည့် အစဉ်အဆက်ကိုလဲ အချိုးကျအောင် သင်ပေး တတ်တယ်၊ ဆရာက အချိုးကျနေမှ
တပည့်တွေလဲ အချိုးကျ မယ်၊ ဒီကျောင်းမှာ ဒါလောက် ပြင်နိုင်လို့ အချိုးကျနေတာပါ။
ကိုယ့်ကိုယ် သတိထား
ဗုဒ္ဓဘာသာရယ်လို့ ဖြစ်လာရင် ဘုရားကို ကြည်ညိုတတ်မှလဲ ကောင်းတယ်၊ ကြည်ညိုတတ်အောင်လဲ
လေ့လာရတယ်၊ ပွားများ နှလုံးသွင်းရတယ်၊ ခုလူတွေဘက်ကရော၊ ဘုန်းကြီး ဘက်ကရော ဒီကျောင်းတိုက်ကို
အနေအထိုင်ကောင်းတယ် ဆိုပြီး အထင်ကြီးကြတယ်၊ သူများ
အထင်ကြီးလာရင် ကိုယ့်ကိုယ်ကို သတိထားရတယ်၊ သတိထားမှလဲ တော်ကာ ကျမယ်၊
ကိုရင်တို့
သတိထားကြပါ၊ ကျောင်းမှာ လူဝင် လူထွက်တွေ များလာတယ်၊ ဒါ တစ်ဖက်က ကြည့်ရင် ကောင်းတဲ့လက္ခဏာ
မဟုတ်ဘူး၊ ဘယ်သူက မြှောက်မြှောက် ခြေဖျားမထောက်ကြနဲ့၊ ကျန်းကျန်းမာမာ, ရွှင်ရွှင်လန်းလန်း
နေကြ။
ဓမ္မဗျူဟာ
အတွဲ(၁၉)၊
အမှတ်(၄)
(၁၉၈၀၊
ဇွန်လ)