Saturday, December 15, 2012
တည်ငြိမ်တဲ့စိတ်ဟာ ထက်နေတဲ့ဓားနဲ့ တူတယ်
ကိုယ့်စိတ်ကိုယ်ကို သိတဲ့အခါမှာ
စိတ်ကို ပူလောင်စေတဲ့ လောဘတွေ၊ ဒေါသတွေ၊
မာနတွေ၊ မနာလို ၀န်တိုတဲ့စိတ်တွေ ပါးသွားတဲ့အခါ
စိတ်က အင်မတန်ချမ်းသာလာတယ်။
ပေါ့ပါးလာတယ်။ ကိုယ့်ကိုယ်ကိုလည်းပဲ ပိုပြီးတော့ ချစ်လာတယ်။
ကိုယ့်ကိုယ်ကို ပိုပြီးတော့လည်း လေးစားလာတယ်။
စိတ်ဓာတ်အင်အားတွေလည်း တက်လာပြီး
ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေလည်း ပိုရှိလာတယ်။
အသိဉာဏ်လည်း တော်တော်မြင့်လာတယ်။ ကိုယ့်အသိဉာဏ်ကို ကိုယ်ယုံကြည်လာတယ်။
ကိုယ့်အသိဉာဏ်ကို ကိုယ်ယုံကြည်လာလို့ ကိုယ့်ကိုယ်ကို ကိုယ် လေးစားမှု ပိုရှိလာပြန်တယ်။
အသိဉာဏ် မြင့်လာတော့ တစ်ခုခုကို စဉ်းစားလို့ရှိရင် ပိုပြီးတော့ မှန်မှန်ကန်ကန် စဉ်းစားနိုင်တယ်။
တစ်ခုခုကို ဆုံးဖြတ်မယ် ဆိုရင်လည်း မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်တယ်။
ပြီးတော့ ဘာလုပ်လုပ် စိတ်ပါလက်ပါ လုပ်တယ်။ မလုပ်ချင် လုပ်ချင်နဲ့ စိတ်မပါပဲလုပ်တာ နဲသွားတယ်။ စိတ်နှစ်ခွဖြစ်တာ နဲသွားတယ်။
ဘယ်လောက်ပင်ပန်း ပင်ပန်း လုပ်တယ်။ ပင်းပန်းမှာလဲ မကြောက်တော့ဘူး...။
အဲဒါကြောင့် သမာဓိကောင်းလာရင် စိတ်တည်ငြိမ်လာရင် ဘာလုပ်လုပ် ပိုပြီးတော့ ထိရောက်တယ်၊ ပိုပြီးတော့ အကျိုးရှိတယ်။
တည်ငြိမ်တဲ့စိတ်ဟာ ထက်နေတဲ့ဓားနဲ့တူတယ်.......။
(ဆရာတော်ဦးဇောတိက၏ သတိနဲ့ ကိုယ့်စိတ်ကို ကိုယ်သိ မှ ဝေငှပါသည်။)
Labels:
အဆိုအမိန့်
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ