Thursday, October 4, 2012

ပျက်စီးခြင်း အကြောင်းများ


၁။ ကျင့်မူမရိုး, မိန်းမဆိုး, အမျိုးပျက်စီးကြောင်း။
၂။ ချီးပင့်မြှောက်စား, လိုလိုက်ငြား, ချစ်သားပျက်စီးကြောင်း။
၃။ နည်းလမ်းမဲ့စွာ, ပြုတုံပါ, ဥစ္စာပျက်စီးကြောင်း။
၎။ ကွေကွင်းခွာသွေ, ကြာမြင့်နေ, မိတ်ဆွေပျက်စီးကြောင်း။
၅။ ယစ်မူးယွင်းဖောက်, သေစာသောက်, ရှက်ကြောက် ပျက်စီးကြောင်း။


ဒုန္နာရိယာ ကုလံ သုဒ္ဓံ, ပုတ္တော နဿတိ လာလနာ၊
သမိဒ္ဓိ အနယာ ဗန္ဓု, ပဝါသာ မဒနာ ဟိရီ။

ဒုန္နာရိယာ-ယုတ်ညံ့ဆိုးရွားသော မိန်းမကြောင့်၊ သုဒ္ဓံ-မြင့်မြတ် စင်ကြယ်သော၊ ကုလံ-အမျိုးသည်၊ နဿတိ-ပျက်စီးရလေ၏၊

လာလနာ-မြှောက်စားစိတ်ကြိုက်, အလိုလိုက်ခြင်းကြောင့် ပုတ္တော-သားသည်၊ နဿတိ-ပျက်စီးရလေ၏၊

အနယာ-နည်းလမ်းမဟုတ်, ထင်ရာလုပ်ခြင်းကြောင့်၊ သမိဒ္ဓိ - ကြွယ်ဝချမ်းသာခြင်းသည်၊ နဿတိ-ပျက်စီးရ၏၊

ပဝါသာ-နှစ်ပေါင်းရှည်ကြာ, သွေခွာ ကွေ ကွင်း၍ နေရခြင်းကြောင့်၊ ဗန္ဓု-အဆွေခင်ပွန်းသည်၊ နဿတိ-ပျက်စီးရ၏၊

မဒနာ-ပျော်ပျော်ပါးပါး, သောက်စားမူးယစ်ခြင်းကြောင့်၊ ဟိရီ - အရှက်အကြောက်သည်၊ နဿတိ - ပျက်စီးရ လေ၏။ [နီတိမဉ္ဇရီကျမ်း]
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ