ချစ်ခင်လာတဲ့အခါ ကိုယ်ချစ်တဲ့သူအပေါ်
အနစ်နာခံရခြင်းကိုပဲ ကိုယ့်အတွက်
အနစ်နာခံရခြင်းကိုပဲ ကိုယ့်အတွက်
အတိုင်းအဆမရှိတဲ့
စိတ်ကြည်နူးစရာလို့ ခံယူကြပါတယ်။
ချစ်သူအတွက် အနစ်နာခံနိုင်လေလေ
အနစ်နာခံရခြင်းအတွက် ကြည်နူးရလေလေပါပဲ… တဲ့ ။
ဒီစကားဟာ ဆရာကြီး ဦးရွှေအောင်ရဲ့ စကားပါ။
ဘာကို ချစ်ကြမလဲ၊ ပတ်ဝန်းကျင်ကို ချစ်ကြပါ။
ဟုတ်တယ် သင်ချစ်မြတ်နိုးတဲ့ သူဟာလည်း သင့်ပတ်ဝန်းကျင်ပဲ သင့်မိသားစုလည်း သင့်ပတ်ဝန်းကျင်ပဲ။ သင်ကလွဲလို့ သင့်ပတ်ဝန်းကျင်ပဲလေ။ အခြားသူအနေနဲ့ကြည့်ရင် သင်ဟာလည်း သူများရဲ့ ပတ်ဝန်းကျင်ပါပဲ။
ပတ်ဝန်းကျင်ဆိုတာ သက်ရှိပတ်ဝန်းကျင်၊ သက်မဲ့ ပတ်ဝန်းကျင် နှစ်မျိုးလုံးကို ဆိုလိုတာပါ။
သက်ရှိပတ်ဝန်းကျင်ကို ချစ်ခင်ပါမှ
သက်ရှိလူသားနှင့် သက်ရှိသတ္တ၀ါအားလုံးအတွက် အနစ်နာခံနိုင်မယ်။
စာနာနားလည်မှုပေးနိုင်မယ်။
သက်မဲ့ဝန်းကျင်ကို မချစ်တတ်တတ်သမျှ ကိုယ်ချင်းစာစိတ်နည်းနေဦးမှာပဲ၊
သက်မဲ့ပတ်ဝန်းကျင်ကို ချစ်ခင်ပါမှ တော၊ တောင်၊ ရေ၊ မြေတွေအတွက်
အနစ်နာခံ ကာကွယ်စောင့်ရှောက်နိုင်မယ် ၊ သက်မဲ့ပတ်ဝန်းကျင်ကလဲ မိမိအသက်ရှင်နေထိုင်ရေးအတွက်
တစ်နည်းနည်းနဲ့ ကျေးဇူးပြုထောက်ပံ့နေတယ်လေ… ၊
သက်မဲ့ပတ်ဝန်းကျင်ကို ချစ်တတ်ရင် အသက်မရှိဘူးဆိုပြီး အနိုင်ကျင့်မှုတွေ ဝေးလာမယ်၊
သက်မဲ့လောကရှင်သန်ရေးကို အနစ်နာခံ ဆောင်ရွက်နိုင်မယ်၊
မချစ်တတ်ရင်တော့ သက်မဲ့လောကကို အနိုင်ကျင့်ဦးမှာပဲ၊
ရှင်သန်နေတဲ့ သက်မဲ့လောကကြီးကို ဖျက်ဆီးရတာကို ဂုဏ်ယူနေဦးမှာပဲ။
အဲဒီသက်ရှိသက်မဲ့ ပတ်ဝန်းကျင် အားလုံးဟာ (ပရ)လို့ ဆိုနိုင်ပါတယ် အနစ်နာခံခြင်းကတော့
(ဟိတ)လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ပရဟိတဆိုတာ ချစ်တတ်တဲ့နှလုံးသားရှိသူတိုင်းရဲ့ လုပ်ငန်းပါ။
အချစ်ရှိမှ လောကကြီးသာယာတယ်ဆိုတလက်ခံလိုက်ရင် ထပ်တိုးပြီး ချစ်ကြည့်ပါ..။
အနစ်နာခံလိုက်ခြင်းရဲ့ နောက်ကွယ်မှာ မျှော်လင့်ချက်တွေတော့မရှိဘူး…။ ကြည်နူးမှုစွမ်းအားတွေပဲကျန် ခဲ့တယ်။
သြော်…ကြည်နူးမှုစွမ်းအားကို အထင်မသေးလိုက်နဲ့နော်….ခပ်ြ ပင်းပြင်း ရိုက်ချလိုက်ရင် ကမ္ဘာတောင်တုန်းဟီးသွားနိုင် မလားပဲ..။
စဉ်းစားမိပြန်တော့လဲ မလွယ်တဲ့ ရလာဒ်ပဲနော်....
ဟူး.. မုတ်ထုတ်လိုက်မိပြန်ပြီ လောကကြီးပူစေတဲ့ လေပူ..။
တွေးမိသလို ရေးမိတာပါ၊ အမှားပါရင်တော့ ခွင့်လွတ်ပါ။
ပန်းချီ၊ ဝေလင်းအောင် ဆိုက်မှဖြစ်သည်။
စိတ်ကြည်နူးစရာလို့ ခံယူကြပါတယ်။
ချစ်သူအတွက် အနစ်နာခံနိုင်လေလေ
အနစ်နာခံရခြင်းအတွက် ကြည်နူးရလေလေပါပဲ… တဲ့ ။
ဒီစကားဟာ ဆရာကြီး ဦးရွှေအောင်ရဲ့ စကားပါ။
ဘာကို ချစ်ကြမလဲ၊ ပတ်ဝန်းကျင်ကို ချစ်ကြပါ။
ဟုတ်တယ် သင်ချစ်မြတ်နိုးတဲ့ သူဟာလည်း သင့်ပတ်ဝန်းကျင်ပဲ သင့်မိသားစုလည်း သင့်ပတ်ဝန်းကျင်ပဲ။ သင်ကလွဲလို့ သင့်ပတ်ဝန်းကျင်ပဲလေ။ အခြားသူအနေနဲ့ကြည့်ရင် သင်ဟာလည်း သူများရဲ့ ပတ်ဝန်းကျင်ပါပဲ။
ပတ်ဝန်းကျင်ဆိုတာ သက်ရှိပတ်ဝန်းကျင်၊ သက်မဲ့ ပတ်ဝန်းကျင် နှစ်မျိုးလုံးကို ဆိုလိုတာပါ။
သက်ရှိပတ်ဝန်းကျင်ကို ချစ်ခင်ပါမှ
သက်ရှိလူသားနှင့် သက်ရှိသတ္တ၀ါအားလုံးအတွက် အနစ်နာခံနိုင်မယ်။
စာနာနားလည်မှုပေးနိုင်မယ်။
သက်မဲ့ဝန်းကျင်ကို မချစ်တတ်တတ်သမျှ ကိုယ်ချင်းစာစိတ်နည်းနေဦးမ
သက်မဲ့ပတ်ဝန်းကျင်ကို ချစ်ခင်ပါမှ တော၊ တောင်၊ ရေ၊ မြေတွေအတွက်
အနစ်နာခံ ကာကွယ်စောင့်ရှောက်နိုင်မယ်
တစ်နည်းနည်းနဲ့ ကျေးဇူးပြုထောက်ပံ့နေတယ်လေ…
သက်မဲ့ပတ်ဝန်းကျင်ကို ချစ်တတ်ရင် အသက်မရှိဘူးဆိုပြီး အနိုင်ကျင့်မှုတွေ ဝေးလာမယ်၊
သက်မဲ့လောကရှင်သန်ရေးကို အနစ်နာခံ ဆောင်ရွက်နိုင်မယ်၊
မချစ်တတ်ရင်တော့ သက်မဲ့လောကကို အနိုင်ကျင့်ဦးမှာပဲ၊
ရှင်သန်နေတဲ့ သက်မဲ့လောကကြီးကို ဖျက်ဆီးရတာကို ဂုဏ်ယူနေဦးမှာပဲ။
အဲဒီသက်ရှိသက်မဲ့ ပတ်ဝန်းကျင် အားလုံးဟာ (ပရ)လို့ ဆိုနိုင်ပါတယ် အနစ်နာခံခြင်းကတော့
(ဟိတ)လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ပရဟိတဆိုတာ ချစ်တတ်တဲ့နှလုံးသားရှိသူတိ
အချစ်ရှိမှ လောကကြီးသာယာတယ်ဆိုတလက်ခံလိ
အနစ်နာခံလိုက်ခြင်းရဲ့ နောက်ကွယ်မှာ မျှော်လင့်ချက်တွေတော့မရှိဘ
သြော်…ကြည်နူးမှုစွမ်းအားကို
စဉ်းစားမိပြန်တော့လဲ မလွယ်တဲ့ ရလာဒ်ပဲနော်....
ဟူး.. မုတ်ထုတ်လိုက်မိပြန်ပြီ လောကကြီးပူစေတဲ့ လေပူ..။
တွေးမိသလို ရေးမိတာပါ၊ အမှားပါရင်တော့ ခွင့်လွတ်ပါ။
ပန်းချီ၊ ဝေလင်းအောင် ဆိုက်မှဖြစ်သည်။
